top of page


ရွှေဘို၊ သစ်ချိုပင်ရွာလေကြောင်းဗုံးကြဲခံရပြီး ၇နှစ်ကလေးအပါအဝင် သုံးဦးသေဆုံး
BVJ/အယ်နာ_ဒီဇင်ဘာ ၅၊ ၂၀၂၅ ဒီဇင်ဘာ၂ ရက်နေ့က ဝက်လက်အရှေ့ခြမ်း နတ်မှော်ဦးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသူများ။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ သစ်ချိုပင်ရွာကို ဒီကနေ့မနက်ပိုင်း တစ်နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသား၊ အမျိုးသမီးနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သစ်ချိုပင်ကျေးရွာအနီးမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ တံတားဦးဘက်ကတက်လာတဲ့ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာလေ

BVJ
Dec 5, 20251 min read


ကလေးသုံးယောက်မိခင် နိုဗီချော့အဆိပ်ကြောင့်သေဆုံးတဲ့ကိစ္စ ရုရှားသမ္မတပူတင်မှာအပြည့်အဝတာဝန်ရှိကြောင်း အစီရင်ခံစာသစ်ထုတ်ပြန်
အေတီ/BVJ_ နိုဝင်ဘာ ၅၊ ၂၀၂၅ အင်္ဂလန်မှာ နိုဗီချော့အဆိပ်မိပြီးသေဆုံးခဲ့တဲ့ Dawn Sturgess ဒွန်စတာဂျက်စ် သေဆုံးမှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်မှာတာဝန်ရှိတယ်လို့ ယူကေကထုတ်ပြန်တဲ့အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။ အင်္ဂလန်အနောက်တောင်ပိုင်း ဝီလ်ရှိုင်းယားအရပ် အမ်းစ်ဘာရီမြို့က လမ်းဘေးမှာတွေ့တဲ့ နိုဗီချော့အဆိပ်တွေပါတဲ့ Nina Ricci ရေမွှေးပုလင်းထဲက ရေမွှေးတွေရူမိတာကြောင့် အသက် ၄၄ နှစ်အရွယ် ကလေးသုံးယောက်မိခင် ဒွန်စတာဂျက်စ် ၂၀၁၈ခုနှစ် ဇူလိုင်လကသေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လကလည်း အင်္ဂ

BVJ
Dec 5, 20251 min read


ရွေးကောက်ပွဲမှာမဲမပေးဖို့နဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ အသံတိတ်သပိတ်လုပ်ဖို့ ကိုတေဇာစန်းနဲ့အဖွဲ့ တိုက်တွန်းတောင်းဆို
အီးကေ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်နဲ့ မန္တလေးဘက်ရောက်နေတဲ့အချိန်မှာ ကိုတေဇာဆန်းဦးဆောင်တဲ့ ကိုနန်းလင်း (ရန်ကုန်)၊ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ပါဝင်တဲ့ လူထုလှုပ်ရှားမှုအဖွဲ့က မန္တလေးမြို့လယ်ဖြစ်တဲ့ ဈေးချိုတော်အနီးမှာ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြပွဲကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး လွတ်ပေးရေး၊ စစ်အုပ်စုရဲ့အတု

BVJ
Dec 5, 20251 min read


ကျောက်ကြီးမြို့နယ်ထဲက ဆေးပေးခန်းဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာဝန်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး
အေတီ/BVJ-ဒီဇင်ဘာ ၄၊ ၂၀၂၅ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာဆေးပေးခန်းကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းကတိုက်ခိုက်ခဲ့ပြီး၊ ရွာကိုလက်နက် ကြီးနဲ့ပစ်ခတ်ခဲ့အတွက် ဆရာဝန်နဲ့ဆေးဝန်ထမ်းတွေအပါအဝင် အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၄ရက် ဒီကနေ့ နေ့လယ် ၁၂နာရီခွဲခန့်မှာ ဂျိုင်ရိုကော်ပတာ(စက်တပ်လေထီး)တစ်စီးက ညောင်ပင်သာကျေးရွာဆေးပေးခန်းပေါ်ကို ဗုံး နှစ်လုံးကြဲချခဲ့တဲ့အတွက် အသက် ၃၀ ကျော်အရွယ်ဆရာဝန်တစ်ဦးနဲ့ အသက် ၃၅ ဝန်းကျင် ဆေးခန်းအကူအမျိုးသား ၂ ဦးသေဆုံးခ

BVJ
Dec 5, 20251 min read


ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့ တစညပါတီခေါင်းဆောင် ပြော
မိုနာ/BVJ_ဒီဇင်ဘာ ၄၊ ၂၀၂၅ ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့နဲ့ ပါတီအနိုင်ရရေးအတွက် ဥပဒေနဲ့မညီတာတွေမလုပ်ကြဖို့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဌ ဦးဟန်ရွှေကပြောပါတယ်။ “ရွေးကောက်ပွဲရဲ့ယဥ်ကျေးမှုကို ထိန်းသိမ်းကြပါ၊ ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြရန်နှင့် နိုင်ငံရေးပါတီတွေရဲ့ကျင့်ဝတ်ကိုလိုက်နာကြပြီး ကိုယ့်ပါတီအာဏာရရှိရေး အနိုင်ရရှိရေးအတွက်ဥပဒေနဲ့ မညီညွတ်တဲ့အပြုအမူတွေလုပ်ဆောင်ခြင်းမှ ရှောင်ကြဥ်ကြရန် ၊ပြည်သူတွေရဲ့အဆုံးအဖြတ်ကို လက်ခံလိုက်နာကြရန်”ဆိုပြီး မနေ

BVJ
Dec 4, 20251 min read


အင်ဒိုနီးရှားဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ လုံးဝတွေ့ဆုံခဲ့တာမရှိကြောင်း NUCC အသိပေး
BVJ/ဂျိုး_ဒီဇင်ဘာ ၄၊ ၂၀၂၅ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ၊ ဘယ်အခြေအနေမှာမှ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က မနေ့က ဒီဇင်ဘာ ၃ရက်ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်အုပ်စုဘက်ကကိုယ်စားလှယ်တွေလုံးဝမပါဝင်ဘူးလို့ Office of Special E

BVJ
Dec 4, 20251 min read


မြန်မာ့ဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်ရောက်ရှိလာ
အေတီ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်းကဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အမြင့်ဆုံးအဆင့်ကိုမြင့်တက်လာခဲ့ပြီး မနှစ်ကဘိန်းစိုက်ပျိုးမှုဟာ ၁၇ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၃ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ၄၅၂၀၀ ဟက်တာ (၁၁၁၆၉၁.၆၃ဧက)ရှိရာကနေ ၂၀၂၅ခုနှစ်မှာ ၅၃၁၀၀ ဟက်တာ ( ၁၃၁၂၁၂.၉၆ ဧက) အထိမြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့..

BVJ
Dec 4, 20251 min read


ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို PDFဖမ်းဆီးသွားတယ်လို့ စစ်အုပ်စုထုတ်ပြန်
မိုနာ/BVJ_ ဒီဇင်ဘာ ၃၊ ၂၀၂၅ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနဲ့ကိုယ်စားလှယ်လောင်းများ မဲဆွယ်နေပုံ(ဓါတ်ပုံ-SNDP) မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အေးကျွန်းကျေးရွာနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို PDFတွေက ဆိုင်ကယ်နဲ့လာပြီးဖမ်းသွားတယ်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ဖော်ပြပါတယ်။ ဦးဝေလင်းထက်(၃၇ နှစ်)ဟာ ကျားဖြူပါတီလို့လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၉ရက်နေ့ ညနေသုံးနာရီမှာ နေအိမ်မှာမိသားစုနဲ

BVJ
Dec 3, 20251 min read


ချင်းလဲန်းကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲအတွင်း ကျောင်းသားတပ်မတော်က ရဲဘော်သုံးဦးကျဆုံးခဲ့
BVJ/ဂျိုး_ဒီဇင်ဘာ ၃၊ ၂၀၂၅ ကျဆုံးရဲဘော် စိန်မြင့်လွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တပ်စုမှူးအပါအဝင် တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း၊ ABSDF Column - 3က မနေ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့လ နိုဝင်ဘာ ၆ရက်တိုက်ပွဲမှာကျဆုံးခဲ့သူတွေဟာ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်-၃ စစ်ကြောင်း၊ အမှတ် (၁၂) တပ်ရင

BVJ
Dec 3, 20251 min read


တိုက်ပွဲအတွင်းရလာတဲ့သေနတ်တွေကို မြို့နယ်ကနေ တိုက်နယ်နဲ့UGပကဖတွေကို ပြန်ခွဲပေး
BVJ_ဒီဇင်ဘာ ၃၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်က စစ်အုပ်စုနဲ့တိုက်ပွဲတွေအတွင်း သိမ်းဆည်းရရှိလာတဲ့ သေနတ်တွေထဲက MA1 သေနတ် (၁၀)လက်နဲ့ G3 သေနတ် (၄)လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေကို အသိအမှတ်ပြု ဂုဏ်ပြု ချီးမြင့်ပေးအပ်ခဲ့တယ်လို့ ခင်ဦးပကဖက ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ လက်နက်တွေဂုဏ်ပြုပေးအပ်ပွဲကို မနေ့ကဒီဇင်ဘာ ၂ရက် နေ့လယ်မှာပြုလုပ်တာဖြစ်ပြီး ပကဖတွေနဲ့ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

BVJ
Dec 3, 20251 min read


MMAဖိုက်တာ ဖိုးသော်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၇ ဦး နောက်မှုကပ်ခံရ
အေတီ/BVJ_ ဒီဇင်ဘာ ၃၊ ၂၀၂၅ အာဏာသိမ်းစစ်အုပ်စုက ၅၀၅(က)ပုဒ်မအပြင်၊၅၀၅(က)ပုဒ်မနဲ့တွဲပြီး တခြားပုဒ်မတွေနဲ့ပါထောင်ချခံထားရသူတချို့ကို နိုဝင်ဘာ၂၇ရက်နေ့ကစပြီး ဆက်တိုက်ပြန်လွှတ်ပေးနေပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့မှာ အင်းစိန်ထောင်က အမျိုးသား၃၀၊ အမျိုးသမီး(၄)ဦး စုစုပေါင်း ၃၄ ဦးလွတ်မြောက်လာတယ်လို့သိရပြီး အဲ့ဒီအမျိုးသားအယောက် ၃၀ ထဲက ၇ ဦးဟာ နောက်မှုကပ်ခံရတယ်လို့ သတင်းရရှိပါတယ်။ နောက်မှုကပ်ခံရတဲ့ ၇ ဦးထဲမှာ MMAဖိုက်တာ One Championship ပြိုင်ပွဲဝင်ဖိုးသော် (အမည်ရင်း သော်ထူးနိုင်)လည်းပါဝင်တယ်လို့ ဒီဇင

BVJ
Dec 3, 20251 min read


နတ်မှော်ဦးရွာဗုံးကြဲခံရပြီး မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံးသွား
BVJ/ဂျိုး_ဒီဇင်ဘာ ၂၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းက နတ်မှော်ဦးကျေးရွာကို မနေ့က ညနေ ၁၂နာရီကျော်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ၂နှစ်ကလေးငယ်အပါအဝင် မိသားစုဝင် ၅ဦးသေဆုံးပြီးတော့ ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informationl Network ကသိရပါတယ်။ စစ်အုပ်စုဗုံးကြဲသွားတဲ့ အခုနတ်မှော်ဦးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေဟာလည်း မိသားစုတစုထဲကဖြစ်တယ်လို့ Wetlet Information Networkတာဝန်ခံ ကိုနဂါးလေးက ပြောပါတ

BVJ
Dec 2, 20251 min read


အင်းစိန်ထောင်ကနေ သတင်းစာဆရာဦးစည်သူအောင်မြင့်၊ အဆိုတော်သံသာဝင်းတို့ လွတ်မြောက်လာ
မိုနာ/BVJ_ဒီဇင်ဘာ ၂၊ ၂၀၂၅ သတင်းစာဆရာ ဦးစည်သူအောင်မြင့် အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည)တွေနဲ့ ထောင်ချမှတ်ခံထားရတဲ့ အဆိုတော်သံသာဝင်းဟာ အောက်တိုဘာ ၃၀ရက်ထဲက ရန်ကုန်၊အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။ အကျဉ်းထောင်ထဲမှာ တစ်နှစ်ခွဲနေခဲ့ရကြောင်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို အဆိုတော်သံသာဝင်းက သူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ အဆိုတော်သံသာဝင်းဟာ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှာ အကိုဖြစ်သူကိုမျိုးမြင့်ဝင်းနဲ့အတူ နေအိမ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အကိုဖြစ်သူက

BVJ
Dec 2, 20251 min read


TNLAကို သစ္စာဖောက်လို့ပက်ပက်စက်စက်ပြောနေသူတွေ ပြန်သုံးသပ်ကြဖို့ တအာန်းတပ်ခေါင်းဆောင် ပြော
မိုးကုတ်၊ မိုးမိတ်ပြန်ပေးလိုက်ရပေမယ့် ပွဲမပြီးသေးဘူးလို့ဆို BVJ/ဂျိုး_ ဒီဇင်ဘာ ၂၊ ၂၀၂၅ နွေဦးတော်လှန်ရေးအတွင်း CDMကိုထောက်ခံကြောင်းပြသနေတဲ့ TNLAခေါင်းဆောင်များ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကိုစစ်အုပ်ဆီပြန်ပေးလိုက်ရပေမယ့် ပွဲမပြီးသေးဘဲ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောနေသူတွေဟာ သေချာပြန်သုံးသပ်ကြဖို့ကို (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ပြောလာပါတယ်။ “ကျည်မရှိ၊ ဘတ်ဂျတ်မရှိ သေစရာလူသူလည်းနည်းလာတော့..

BVJ
Dec 2, 20251 min read


အဂတိလိုက်စားမှုနဲ့ လေဘာပါတီအမတ်ကျူးလစ်ဆစ်ဒစ်ကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်
အေတီ/BVJ_ ဒီဇင်ဘာ ၂၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့တူမ ယူကေနိုင်ငံလေဘာပါတီအမတ် ကျူးလစ်ဆစ်ဒစ်ကို အစိုးရမြေယာစီမံကိန်းတခုမှာ အဂတိလိုက်စားမှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့က တရားရုံးတရုံးက ထောင်ဒဏ် ၂နှစ်မျက်ကွယ်ချမှတ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိဆင်ခြေဖုံးရပ်ကွက်က မြေကွက်တစ်ကွက်ကို သူ့အမေဝယ်ယူနိုင်ဖို့အတွက် သူ့အဒေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဆီက ခွင့်ပြုချက်ရအောင်လုပ်ဆောင်ပေးခဲ့မှုနဲ့ပတ်သက်ပြီး ဒါကာမြို့ အထူးတရားရု

BVJ
Dec 2, 20251 min read


တိုက်ပွဲတွေဖြစ်နေတဲ့မိုးကုတ်မြို့ နောက်ဆုံးအခြေအနေ
အီးကေ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅ ဓာတ်ပုံ-Soe Thura Zaw facebook မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲပြန်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်က မြို့အဝင်အထွက်ဂိတ်တွေမှာ နေရာယူထားလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြင်အထိပါထိုးဖောက်လာတာကြောင့် ဒီနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နေ့လယ်အထိကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ “ဒီမှာတိုက်ပွဲပြန်ဖြစ်နေပြီ။ တော်လှန်ရေးတပ်အဖွဲစုံနဲ့ မနေ့ထဲကမိုးမိတ်နဲ့ မိုးမိတ်ကြားမှာဖြစ်နေတာ။ မြို့ထဲကနေ စခ(စစ်အုပ်စုတပ်)တွေကမြို့ပြင်တွေဖက် လက်နက်ကြီးတွေနဲ့ပစ်နေတယ

BVJ
Dec 2, 20251 min read


အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်အပါအဝင် နိုင်ကျဥ်း ၈၃ ဦး သာယာဝတီထောင်က ဒီနေ့လွတ်မြောက်လာ
အေတီ/BVJ_ ဒီဇင်ဘာ ၁၊ ၂၀၂၅ အလွတ်တန်းသတင်းထောက်မထက်ထက်ခိုင်(ဓါတ်ပုံ- BBC Media Action) သာယာဝတီထောင်က နိုင်ငံရေးအကျဥ်းသား (၈၃)ဦးဟာ ဒီနေ့ဒီဇင်ဘာ ၁ရက်နေ့မှာ ပြန်လွတ်လာပြီလို့သိရပါတယ်။ လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသား (၈၃)ဦးဟာ အမျိုးသား(၇၇)ဦးနဲ့ အမျိုးသမီး(၆)ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ BBC Media Actionရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်လည်းပါဝင်လာပါတယ်။ အလွတ်သတင်းထောက် မထက်ထက်ခိုင်ဟာ ပုဒ်မ၅၀၅(က)အပြင် ပုဒ်မ ၁၇/၁နဲ့ စုစုပေါင်း ထောင်ဒဏ်၆နှစ်ချခံထားရတဲ့သူဖြစ်ပြီး သူနဲ့အတူ ၁၇/၁...

BVJ
Dec 2, 20251 min read


အညာဒေသက G12အောင်မြင်ပြီးကျောင်းသားတွေကို ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် စေလွှတ်မယ်
ယူဂရင်း/BVJ_ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ဒုတိယအဓိပတိတို့ ဒေါက်တာအောင်နိုင်သူတို့ဟာ အခုနိုဝင်ဘာနောက်ဆုံးပတ်မှာတွေ့ဆုံပြီး ပညာရေးကိစ္စတွေဆွေးနွေးခဲ့ပါတယ်။ အခုတွေ့ဆုံဆွေးနွေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပညာရေးဆိုင်ရာအခြေအနေတွေ၊ အဆင်မြင့်ပညာဆက်လက်သင်ယူခွင့်အခြေအနေတွေနဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က သိရပါတယ်။ အဓိကအနေနဲ့ အညာဒေသရှိ NUGအုပ်ချုပ်ရေးအောက်က ကျောင်းတွေက

BVJ
Dec 1, 20251 min read


CDMဆရာဝန်အမျိုးသမီးကို မင်းကင်းပလဖ ဖမ်းဆီး
မိုနာ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅ ဓါတ်ပုံ-ဒေါက်တာခင်သူသူလွင်ကို လာရောက်ဖမ်းဆီးနေပုံ။ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်မှာ CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဒေါ်ခင်သူသူလွင်ကို မနေ့က နိုဝင်ဘာလ ၃၀ရက်မှာ NUGလက်အောက်ခံ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က အကြမ်းဖက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံရသူဟာ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ အသက် ၅၀အရွယ်ခန့်ရှိပြီး ဘာကြောင့်ဖမ်းဆီးခံရလဲဆိုတာသေချာမသိရသေးပါဘူး။ ဒေါက်တာခင်သူသူလွင်ဖမ်းဆီးခံရတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှ

BVJ
Dec 1, 20251 min read


ပြည်နယ်ထဲဝင်လာတဲ့ စစ်အုပ်စုကိုခုခံရင်း ချင်းရဲဘော် ၇ ယောက်ကျဆုံး
တော်လှန်ရေးတပ်ထိန်းချုပ်နေရာအချို့ ပြန်လက်လွှတ်ခဲ့ရ မိုနာ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅ ချင်းဒေသတွင်းကို စစ်အုပ်စုကစစ်ကြောင်းသုံးကြောင်းနဲ့ဝင်လာတာကို ခုခံချေမှုန်းရင်း ချင်းလဲန်းအင်အားစုဘက်ကရဲဘော် ၇ ယောက်ကျဆုံးခဲ့တယ်လို့ CDF Civic Defense Militia – CDM Siyin ကသိရပါတယ်။ စစ်အုပ်စုဟာ အောက်တိုဘာလကုန်ပိုင်းကစကာ တီးတိန်မြို့ပေါ်ကိုလေကြောင်းနဲ့အင်အား အကြိမ်ကြိမ်ပြန်လည်ဖြည့်တင်းပြီး နိုဝင်ဘာလဆန်းပိုင်းမှာ ချင်းပြည်နယ်အဝင် ခိုင်ကမ်းဘက်ကနေ သိုင်းငင်းဘက်ကိုဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း စတင်...

BVJ
Dec 1, 20251 min read
bottom of page



