top of page


ကျောက်ဖြူ၊ငလုံးစုရွာကို စစ်အုပ်စုဗုံးထပ်ကြဲတာကြောင့် စစ်ဘေးဒုက္ခသည် ၈ ဦးထက်မနည်းသေဆုံး
BVJ/ဂျိုး_ဒီဇင်ဘာ ၁၂၊ ၂၀၂၅ ဓါတ်ပုံ-၂၀၂၅၊ ဒီဇင်ဘာ ၁၀ရက်ညက မြောက်ဦးဆေးရုံကိုလေကြောင်းဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ငလုံးစုကျေးရွာကို ဒီဇင်ဘာလ ၁၁ ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ စစ်အုပ်စုဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေဟာ ကျောက်ဖြူမြို့အနီးအနားကျေးရွာတွေကနေ ငလုံးစုကျေးရွာမှာ လာရောက်နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့လည်

BVJ
23 hours ago1 min read


မိုးကုတ်၊ မိုးမိတ်ပြန်လည်ထိန်းချုပ်နိုင်ရေး NUGတပ်ရင်းတွေဆောင်ရွက်နေ
မိုနာ/BVJ_ဒီဇင်ဘာ ၁၁၊ ၂၀၂၅ ဓါတ်ပုံ-မန္တလေးPDF တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်အုပ်စုဆီပြန်လွှဲပြောင်းပေးလိုက်ရတဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးတိုက်ပွဲဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ ဒီဇင်ဘာ၁၁ရက်မှာ ပြောပါတယ်။ “အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေအနေနဲ့ မိုးကုတ်၊မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို..

BVJ
2 days ago1 min read


မြောက်ဦး ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအတွင်း အမျိုးသမီး ၁၇ယောက်အပါအဝင် ၃၀ ကျော်အထိ သေဆုံးမှုရှိလာ
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၁၊ ၂၀၂၅ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာ ၁၀ရက်ညပိုင်းက လေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ (ဓါတ်ပုံ-APM) မနေ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့ ည၉နာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုကဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃၀ကျော်အထိရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ရခိုင်ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ အာရက္ခမင်းသမီးမီဒီယာမှာတော့ သေဆုံးသူ ၃၃ယောက်ထဲမှာ အမျိ

BVJ
2 days ago1 min read


ရန်ကုန်၊ မန္တလေး၊မုံရွာ၊ဆားလင်းကြီး အသံတိတ်သပိတ်မြင်ကွင်း
BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ရန်ကုန် အာဏာသိမ်းစစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းပြသတဲ့အနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့မှာပြုလုပ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ဆားလင်းကြီးမြို့နယ်တို့က အသံတိတ်သပိတ်မြင်ကွင်းဖြစ်ပါတယ်။ မန္တလေး မုံရွာ ဒီနေ့ သပိတ်မှာတောင်းဆိုထားတဲ့ သုံးချက်ကတော့ (၁) - အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းခ

BVJ
3 days ago1 min read


ရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ ဒေါက်တာတေဇာဆန်းတို့ ၁၀ ယောက်ကို အမှုဖွင့်
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅ အာဏာသိမ်းစစ်ခေါင်းဆောင်ပြင်ဦးလွင်ကိုရောက်နေတာကြောင့် မန္တလေးမှာလုံခြုံရေးတင်းကြပ်ထားတဲ့အချိန်မှာ မန္တလေးစျေးချိုနားဆန္ဒပြခဲ့တဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြက်အောင်၊ ရွှန်းရွှန်းနဲ့ ချီချီတို့အပါအဝင် လူ ၁၀ ယောက်ကို စစ်တပ်က ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ ချမ်းအေးသာစံ အမှတ် (၆) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒါ့အပြင် ဒီနေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်ကိုလည်း တနိုင်ငံလုံးပူးပေါင်းပါဝင်ဖို့ လှုံ့ဆော်

BVJ
3 days ago1 min read


လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဟု သြစတြေးလျအစိုးရ ထုတ်ပြန်
မိုနာ/BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို ၂၀၂၅၊နိုဝင်ဘာ ၂၈ရက်စစ်အုပ်စုဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။ မြန်မာစစ်အာဏာရှင်အဖွဲ့က လူ့အခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာကို ရှုတ်ချပြီး လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဘူးလို့ သြစတြေးလျအစိုးရက ဒီနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ သြစတြေးလျအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းထုတ်

BVJ
3 days ago1 min read


ဝန်ထမ်းတွေခြိမ်းခြောက် လုပ်ကြံသတ်ဖြတ်ခံနေရတာတွေကြောင့် သစ်နဲ့သစ်တော၊ သယံဇာတစီမံခန့်ခွဲမှုကို NUGယာယီရပ်ဆိုင်း
မိုနာ/BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅ ဓါတ်ပုံ-ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုးခြင်းမှတ်တမ်းကို MONRECက ၂၀၂၅၊ ဇွန် ၁၈ရက်ကထုတ်ပြန်ထားပုံ။ သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်အရေးယူခြင်းနဲ့ အခွန်ဒဏ်ကြေးကောက်ခံခြင်းအပါအဝင် စီမံခန့်ခွဲမှုကိစ္စအရပ်ရပ်ကို အခု ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲ...

BVJ
4 days ago1 min read


အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ ရန်ကုန်မြို့လယ်ကလှုပ်ရှားမှု
BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅ အာဏာသိမ်းစစ်အုပ်စုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့အတူ ပြည်သူတွေအနေနဲ့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ Silent Strike မှာပူပေါင်းပါဝင်ကြဖို့ဆိုပြီး ရန်ကုန်လူထုသပိတ်က ဒီနေ့ ဒီဇင်ဘာ ၉ရက်မှာ ရန်ကုန်၊ဆူးလေ လူကူးကုန်းတံတားနားမှာ အသိပေးနှိုးဆော်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ရန်ကုန်သပိတ်ကရဲဘော်တွေက ပြုလုပ်တာဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန့်ကျင်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ 'အသံတိတ်' သပိတ်မှာ ပြည်သူလ

BVJ
4 days ago1 min read


လူ့အခွင့်အရေးနေ့ ပါဝင်မယ့်သူတွေကို စစ်လော်ဘီတွေခြိမ်းခြောက်နေ
ယူဂရင်း/BVJ_ ဒီဇင်ဘာ ၉၊ ၂၀၂၅ မန္တလေး၊ စျေးချိုမှာ ကိုတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့အဖွဲ့ဆန္ဒပြနေပုံ။(ဓါတ်ပုံ-TayzarSan Facebook) မနက်ဖြန် ဒီဇင်ဘာ ၁၀ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးရှိလူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီး လူထုသဘောထားနဲ့တောင်းဆိုချက် (၃)ရပ်ကိုဖော်ထုတ်တောင်းဆိုကြဖို့ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားကြပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားတဲ့“လူထုသ

BVJ
4 days ago1 min read


ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးမလုပ်နိုင်သေးဘူးလို့ NUGဝန်ခံ
မိုနာ/BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅ NUGယာယီသမ္မတဒူဝါလရှီးလ PDFများကိုသွားရောက်တွေ့ဆုံနေပုံ။ အမျိုးသားညီညွတ်ရေးအစိုးရ-NUGအစိုးရအနေနဲ့ လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုမျိုးရဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ တွန့်ဆုတ်နေတာမရှိပေမယ့် ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီနေ့အထိမလုပ်နိုင်သေးဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။ “ကျနော်တို့ အစိုးရအနေနဲ့လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုတွေရဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့.

BVJ
4 days ago1 min read


ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ပြီး NUG အစိုးရအဖွဲ့ပြင်ဆင်
ဂျာထွယ်ပန်နဲ့ ဒေါက်တာရွှေပုံတို့ကို ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး အဖြစ်ခန့်အပ် မိုနာ/BVJ_ဒီဇင်ဘာ ၈၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ပေးအပ်လိုက်သလို အရင်က ပညာရေးဒုဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီး၊ အရင်ကကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကို ကျန်းမာရေးဝန်ကြီးတို့အဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHက ဒီနေ့မှာကြေညာပါတ

BVJ
5 days ago1 min read


တစညပါတီ ပုလောမြို့နယ်ဥက္ကဌကို PDFပစ်ခတ်ရှင်းလင်း၊
မဲစာရင်းပြုစုနေသူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ထောက် အမျိုးသမီးလည်း ဖမ်းဆီးထား မိုနာ/BVJ_ဒီဇင်ဘာ ၈၊ ၂၀၂၅ ကျောက္ကာရွာ ပျူစောထီးစခန်းကို ၂၀၂၅၊ ဇွန် ၂၇ရက်က KNDO၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရပုံ။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာနေထိုင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပုလောမြို့နယ်ဥက္ကဌကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သိရပါတယ်။ တစညပါတီ ပုလောမြို့နယ်ဥက္ကဌဦးကြည်သန်း(၆၄ နှစ်)ဟာ...

BVJ
5 days ago1 min read


BNRAနဲ့YDFက ကိုယ်လက်အင်္ဂါစွန့်ထားရတဲ့ရဲဘော်တွေအတွက် သူပုန်ဖြူTeamက ငွေကြေးနဲ့လက်ဆောင်ပေးပို့
ယူဂရင်း/BVJ_ ဒီဇင်ဘာ ၈၊ ၂၀၂၅ BNRAကရဲဘော်များ(ဓါတ်ပုံ-အိုးစားဖက်) တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ BNRAရဲဘော်တွေနဲ့ ယောကာကွယ်ရေးတပ်က ရဲဘော်တွေအတွက် အာရက္ခတပ်တော်(AA)ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူTeamကငွေကြေးနဲ့လက်ဆောင်ပေးပို့ခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAက ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ ရဲဘော်တွေအတွက် သူပုန်ဖြူကဗျာစာအုပ်နဲ့ ငွေကျပ်တစ်သိန်းပါလွယ်အိတ်တွေ

BVJ
5 days ago1 min read


စိစစ်ရွေးချယ်ရေးကော်မတီကဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂမှာဆက်ရှိနေမယ်
အေတီ/BVJ_ နိုဝင်ဘာ ၆၊ ၂၀၂၅ မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးချယ်ဆုံးဖြတ်မယ့်အစီအစဉ်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီ (Credentials Committee)ကဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်က မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးချယ်မယ့်အစီအစဥ်ကို စိစစ်ရွေးချယ်ရေးကော်မီ ခရစ်ဒန်ရှယ်ကော်မတီ (Credentials Committee) မလုပ်သေးဘဲ အထွေထွေညီလာခံကိုပြန်လွှ

BVJ
5 days ago1 min read


ရွှေဘို၊ သစ်ချိုပင်ရွာလေကြောင်းဗုံးကြဲခံရပြီး ၇နှစ်ကလေးအပါအဝင် သုံးဦးသေဆုံး
BVJ/အယ်နာ_ဒီဇင်ဘာ ၅၊ ၂၀၂၅ ဒီဇင်ဘာ၂ ရက်နေ့က ဝက်လက်အရှေ့ခြမ်း နတ်မှော်ဦးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသူများ။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ သစ်ချိုပင်ရွာကို ဒီကနေ့မနက်ပိုင်း တစ်နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသား၊ အမျိုးသမီးနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သစ်ချိုပင်ကျေးရွာအနီးမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ တံတားဦးဘက်ကတက်လာတဲ့ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာလေ

BVJ
Dec 51 min read


ရွေးကောက်ပွဲမှာမဲမပေးဖို့နဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ အသံတိတ်သပိတ်လုပ်ဖို့ ကိုတေဇာစန်းနဲ့အဖွဲ့ တိုက်တွန်းတောင်းဆို
အီးကေ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်နဲ့ မန္တလေးဘက်ရောက်နေတဲ့အချိန်မှာ ကိုတေဇာဆန်းဦးဆောင်တဲ့ ကိုနန်းလင်း (ရန်ကုန်)၊ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ပါဝင်တဲ့ လူထုလှုပ်ရှားမှုအဖွဲ့က မန္တလေးမြို့လယ်ဖြစ်တဲ့ ဈေးချိုတော်အနီးမှာ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြပွဲကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး လွတ်ပေးရေး၊ စစ်အုပ်စုရဲ့အတု

BVJ
Dec 51 min read


ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့ တစညပါတီခေါင်းဆောင် ပြော
မိုနာ/BVJ_ဒီဇင်ဘာ ၄၊ ၂၀၂၅ ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့နဲ့ ပါတီအနိုင်ရရေးအတွက် ဥပဒေနဲ့မညီတာတွေမလုပ်ကြဖို့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဌ ဦးဟန်ရွှေကပြောပါတယ်။ “ရွေးကောက်ပွဲရဲ့ယဥ်ကျေးမှုကို ထိန်းသိမ်းကြပါ၊ ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြရန်နှင့် နိုင်ငံရေးပါတီတွေရဲ့ကျင့်ဝတ်ကိုလိုက်နာကြပြီး ကိုယ့်ပါတီအာဏာရရှိရေး အနိုင်ရရှိရေးအတွက်ဥပဒေနဲ့ မညီညွတ်တဲ့အပြုအမူတွေလုပ်ဆောင်ခြင်းမှ ရှောင်ကြဥ်ကြရန် ၊ပြည်သူတွေရဲ့အဆုံးအဖြတ်ကို လက်ခံလိုက်နာကြရန်”ဆိုပြီး မနေ

BVJ
Dec 41 min read


အင်ဒိုနီးရှားဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ လုံးဝတွေ့ဆုံခဲ့တာမရှိကြောင်း NUCC အသိပေး
BVJ/ဂျိုး_ဒီဇင်ဘာ ၄၊ ၂၀၂၅ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ၊ ဘယ်အခြေအနေမှာမှ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က မနေ့က ဒီဇင်ဘာ ၃ရက်ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်အုပ်စုဘက်ကကိုယ်စားလှယ်တွေလုံးဝမပါဝင်ဘူးလို့ Office of Special E

BVJ
Dec 41 min read


မြန်မာ့ဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်ရောက်ရှိလာ
အေတီ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်းကဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အမြင့်ဆုံးအဆင့်ကိုမြင့်တက်လာခဲ့ပြီး မနှစ်ကဘိန်းစိုက်ပျိုးမှုဟာ ၁၇ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၃ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ၄၅၂၀၀ ဟက်တာ (၁၁၁၆၉၁.၆၃ဧက)ရှိရာကနေ ၂၀၂၅ခုနှစ်မှာ ၅၃၁၀၀ ဟက်တာ ( ၁၃၁၂၁၂.၉၆ ဧက) အထိမြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့..

BVJ
Dec 41 min read


ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို PDFဖမ်းဆီးသွားတယ်လို့ စစ်အုပ်စုထုတ်ပြန်
မိုနာ/BVJ_ ဒီဇင်ဘာ ၃၊ ၂၀၂၅ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနဲ့ကိုယ်စားလှယ်လောင်းများ မဲဆွယ်နေပုံ(ဓါတ်ပုံ-SNDP) မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အေးကျွန်းကျေးရွာနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို PDFတွေက ဆိုင်ကယ်နဲ့လာပြီးဖမ်းသွားတယ်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ဖော်ပြပါတယ်။ ဦးဝေလင်းထက်(၃၇ နှစ်)ဟာ ကျားဖြူပါတီလို့လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၉ရက်နေ့ ညနေသုံးနာရီမှာ နေအိမ်မှာမိသားစုနဲ

BVJ
Dec 31 min read
bottom of page



