top of page


ကျောက်တော်၊အိန္ဒိယစျေးဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးတဲ့သူအရေအတွက်တိုးလာ
သူရ/BVJ_စက်တင်ဘာ ၂၈၊၂၀၂၆ အေအေ(AA)တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူအရေအတွက်ဟာ ၆၉ဦးအထိရှိသွားပြီလို့ ဒေသခံမီဒီယာတစ်ခုမှာဖော်ပြထားပါတယ်။ ဒီနေ့ ညနေ ၅ နာရီထိုးခါနီးမှာ AAဘက်ကထုတ်ပြန်ထားတဲ့စာရင်းအရ သေဆုံးသူ ၃၃ ဦးနဲ့ဒဏ်ရာရရှိသူ ၃၆ ဦးအထိရှိလာတယ်လို့ဆိုပေမဲ့ အသေအပျောက်နှုန်းကဒီထက်ပိုများလာနိုင်တယ်လို့ ဒေသခံတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။ ဒါ့အပြင် ရခိုင့်အရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာကိုဝေဟင်အောင်ရဲ့ ပေ့ချ်မှာလည်း သေဆုံးသူ စုစုပေါ

BVJ
13 hours ago1 min read


"NUGPayတို့၊ SDB ဘဏ်တို့ဆက်မသုံးရဲအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာပါ"
အီးကေ/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ-NUGအစိုးရကလည်ပတ်နေတဲ့ People's Revolution Supply Family (PRF)ဝက်ဘ်ဆိုက်ကိုငွေကြေးထောက်ပံ့မှုပြုလုပ်နေတဲ့ လူ ၂,၇၀၀ ကျော်ရဲ့အချက်အလက်တွေနဲ့ အဲဒီထဲက ၂၁ ဦးကိုဖမ်းမိထားပြီလို့ စစ်အုပ်စုလက်အောက်ခံမြဝတီသတင်းက ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ PRFကိုထောက်ပံ့နေတဲ့သူတွေနဲ့ဆက်စပ်တဲ့ WavePay အကောင့် ၇၀၀ ခန့်နဲ့ SDB ဘဏ်/NUGPay အကောင့် ၁,၀၀၀ ခန့်အပါအဝင် စုစုပေါင်း အကောင့်၂,၇၀၀ ကျော်ရဲ့အချက်အလက်တွေကိုရရှိထားတယ်လို့ အဲ့ဒီသတင်းထုတ

BVJ
13 hours ago1 min read


ကျောက်တော်ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅၀ နီးပါးရှိလာ
အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုကျူးလွန်ခဲ့တဲ့ အမိန့်ပေးသူ၊လိုက်နာသူအားလုံးကို လက်တုန့်ပြန်သွားမယ်လို့ အေအေကြေညာ ယူဂရင်း/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၆ ကျောက်တော်မြို့ကို ၂၀၂၆၊စက်တင်ဘာ ၂၈ရက်မှာ စစ်တပ်ဗုံးကြဲတိုက်ခိုက်ပြီးနောက်မြင်တွေ့ရပုံ မနေ့က စက်တင်ဘာ ၂၈ရက်နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က အိန္ဒိယစျေးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၄၉ ဦးအထိရှိလာပြီး ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်-AAရဲ့ ဒီနေ့မနက်အစောပိုင်းထုတ်ပြန်တဲ့စာရင်းအ

BVJ
13 hours ago1 min read


ထားဝယ်၊ကျေးရွာ ၆၀ကျော်ရေကြီးမှုအတွင်း သေဆုံးသူအနည်းဆုံး ၁၃ ဦးရှိလာ
မိုနာ/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆ ထားဝယ်ဒေသရေကြီး၊ရေလျှံ တောင်ပြိုမှုများအတွင်း မြင်တွေ့ရပုံ တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ကျေးရွာပေါင်း (၆၀)ကျော်ရေကြီးရေလျံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး အဲ့ဒီအတွင်းမှာ လူ ၁၃ဦး သေဆုံးမှုရှိနေပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNFက အတည်ပြုပါတယ်။ သေဆုံးသူတွေဟာ လောင်းလုံးမြို့နယ်မှာ (၁၀)ဦး၊ ထားဝယ်မြို့နယ်မှာ (၂) ဦးနဲ့ သရက်ချောင်းမြို့နယ်က(၁) ဦးတို့ဖြစ်ကြောင်း TNFကဒီနေ့ စက်တင်ဘာ ၂၈ရက်၊ နေ့လယ်မှာထုတ်ပြန်လာတဲ့ ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုတွေ၊..

BVJ
1 day ago1 min read


ရခိုင်မြို့နယ် ၅ ခုကို စစ်တပ်ဗုံးကြဲ၊သေဆုံးထိခိုက်သူများပြား
ယူဂရင်း/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို ၂၀၂၆၊စက်တင်ဘာ ၂၈ကဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ ဒီနေ့ စက်တင်ဘာ ၂၈ရက်၊နေ့လယ် ၁၂နာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေနဲ့စျေးသည်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်-AAက သတင်းထုတ်ပြန်လာပါတယ်။ အလားတူပဲ ဒီနေ့ နေ့လယ် ၁၂နာရီ၃၅မိနစ်အချိန်ခန့်မှာလည်း ရခိုင်ပြည်

BVJ
1 day ago1 min read


အထူးတိုင်းစစ်ဌာနချုပ်ရုံးဗုံးကြဲခံရမှု စကားပြောစက်ပေါက်ကြားမှုကြောင့်ဟုဆို
CDMတပ်ကြပ်ကြီး နေဝင်းအောင်နဲ့ရဲဘော် ၅ ဦးကျဆုံးမှု အတည်ပြု ယူဂရင်း/BVJ_စက်တင်ဘာ ၂၅၊ ၂၀၂၆ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့နဲ့နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ အထူးတိုင်းစစ်ဌာနရုံးမှာ ၂၀၂၆၊သြဂုတ်လ နောက်ဆုံးပတ်ကအစည်းအဝေးပြုလုပ်နေပုံ။ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို မနေ့က စက်တင်ဘာလ ၂၄ ရက်မှာ အာဏာသိမ်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေတပ်ကCDMလုပ်ထားတဲ့ တပ်ကြပ်ကြီးနေဝင်းအောင်နဲ့

BVJ
4 days ago1 min read


NUGအထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိနေ
သူရ/BVJ_စက်တင်ဘာ ၂၄ ၊၂၀၂၆ NUG အထူးတိုင်းစစ်ဌာနချုပ်ရဲ့တပ်တွင်းအစည်းအဝေးတစ်ခုမှာ ရဲဘော်အောင်စံရှားကိုတွေ့ရစဥ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်းသတင်းရရှိပါတယ်။ လက်ရှိအချိန်အထိစုံစမ်းသိရှိရသလောက် သေဆုံးသူ ၆ ဦးခန့်ရှိတယ်လို့သိရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Operation Force - S.O.F) တပ်ဖွဲ့တာဝန်ခံ ရဲဘော်အောင်စံရှားနဲ့ CDMဗိုလ်မှူး တင်လင်းအောင်၊ တ

BVJ
5 days ago1 min read


အာဏာရှင်အဖြစ်ဖော်ပြခဲ့တဲ့ Timeမဂ္ဂဇင်းနဲ့သတင်းထောက်တို့ကို မီဒီယာကျင့်ဝတ်စောင့်ထိန်းလိုက်နာခြင်းမရှိဘူးဆိုပြီး စစ်အုပ်စုပြစ်တင်
သူရ/BVJ_စက်တင်ဘာ၂၃၊ ၂၀၂၆ Time မဂ္ဂဇင်းသတင်းထောက် Charlie Campbellနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာအင်တာဗျူးနေပုံ။ ကမ္ဘာကျော် Timeမဂ္ဂဇင်းက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းမှုကို အင်တာဗျူးပုံစံအတိုင်းမဖော်ပြဘဲ ဆောင်းပါးပုံစံနဲ့လိုရာဆွဲကာ စိတ်ကြိုက်ရေးသားဖော်ပြခဲ့တယ်လို့ဆိုပြီး Time မဂ္ဂဇင်းနဲ့သတင်းထောက် Charlie Campbellတို့ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း ဒီနေ့ စက်တင်ဘာလ ၂၃ရက်မှာ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြ

BVJ
6 days ago1 min read


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းသမ္မတထုတ်ပြောလာ
မိုနာ/BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆ ၂၀၂၆၊ဩဂုတ်လ ၂၈ ရက် နေပြည်တော်ရှိသမ္မတရုံးအတွင်းမှာ မင်းအောင်လှိုင်ကိုတွေ့ရစဉ်။(ဓာတ်ပုံ — TIME မဂ္ဂဇင်း/ Jes Aznar) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ပတ်သက်ပြီး "သူမအပေါ်ပဲ မူတည်တယ်"လို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကပြောပါတယ်။ အမေရိကန်သတင်းမဂ္ဂဇင်း TIMEမဂ္ဂဇင်းနဲ့ အာဏာသိမ်းသမ္မတ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာသီးသန့်အင်တာဗျူးပြုလုပ်ချိန်မှာ စစ်ခေါင်းဆောင်ကအခုလိုထည့်သွင်းပြောလာတာပါ။ ဒေါ်အောင်ဆန်းစုကြည်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်

BVJ
6 days ago1 min read


တိုက်ပွဲအတွင်းဆုံးရှုံးခဲ့တဲ့ ပုဂ္ဂလိကသင်္ဘောတွေအတွက်စိတ်မကောင်းကြောင်း ဗိုလ်ချုပ်ဂွမ်မော်ထုတ်ပြော
BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆ ၂၀၂၆၊စက်တင်ဘာ ၂၁ရက်က မန္တလေးဆိပ်ကမ်းကိုပြန်ရောက်ကြောင်း စစ်အုပ်စုဘက်ကဖော်ပြထားပုံ။ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူနဲ့ဗန်းမော်မြို့နယ်အတွက် စစ်တပ်ဘက်ကအသုံးပြုနေတဲ့ စစ်သင်္ဘောတွေထဲက အစီး ၂၀နီးပါးကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက ပစ်ချဖျက်ဆီးထားနိုင်ခဲ့ပါတယ်။ အဲ့ဒီဆုံးရှုံးခဲ့တဲ့သင်္ဘောတွေထဲမှာ စစ်တပ်ရဲ့စေခိုင်းမှုကြောင့် ဗန်းမော်ကိုအတင်းအဓမ္မလိုက်ပါခဲ့ရတဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေပါနေပြီး တချို့က ၄စီးအထိ ဆုံးရှုံးခဲ့သူတွေရှိနေကြတာဖြစ်ပါတယ်။

BVJ
6 days ago1 min read


မင်းတုန်းတိုက်ပွဲနှစ်ရက်အတွင်း အေအေအသာစီးရ
ယူဂရင်း/BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆ မင်းတုန်းတိုက်ပွဲအတွင်း အေအေရခဲ့တဲ့လက်နက်များ အခုလ စက်တင်ဘာ ၂၀နဲ့၂၁ရက်တို့မှာဖြစ်ပွားခဲ့တဲ့ ရခိုင်-မကွေးအစပ်က မင်းတုန်းမြို့နယ်၊ကံကြိုးကျေးရွာနား ပွိုင့်(၉၄၈)ကုန်းအနီးနဲ့ မင်းတုန်း သဖန်ရောင်တိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တဲ့စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေနဲ့ ရရှိခဲ့တဲ့လက်နက်တွေကို အာရက္ခတပ်တော်-AAက မနေ့က ညပိုင်းမှာအသိပေးထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်တပ်တို့ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာတိုက်ပွဲအတွင်းမှာ ရန်သူ့စစ်ကြောင်းတွေဆီကနေ ရန်သူ့အလောင်းအချို့၊

BVJ
7 days ago1 min read


“မေမေ့ကို လွှတ်ပေးပါ"
BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ်(ခ)ကိုထိန်းလင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံလိမ်မူထားတဲ့စာတစ်စောင်ကို လန်ဒန်၊မြန်မာသံရုံးကိုသွားရောက်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ မတရားဖမ်းဆီးခံထားရတဲ့သူ့အမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ ဆက်သွယ်ခွင့်ပြုပေးဖို့စတာတွေကို ရေးသားတောင်းဆိုထားပါတယ်။ "မေမေ အသက် ၈၁နှစ်ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကိုဆုံးရှုံးခဲ့ပြီးပါပြီ။ ကျနော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ ကျနော့်မေမေနဲ့စကားပြောခွင

BVJ
7 days ago1 min read


SCEFမှာ WLBနဲ့အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေက ကိုယ်စားပြုသူတွေပါဝင်မယ်
မိုနာ/BVJ_စက်တင်ဘာ ၂၁၊ ၂၀၂၆ SCEF ကိုယ်စားလှယ်အဖွဲ့ ၂၀၂၆၊သြဂုတ်လက ဂျပန်နိုင်ငံခရီးစဉ်သွားရောက်ခဲ့စဉ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဏိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြုကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေပေါင်းစပ်စုဖွဲ့မှုတို့ကနေကိုယ်စားပြုပြီး အသီးသီးရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေပါဝင်သွားမယ်လို့ ဒီနေ့စက်တင်ဘာ ၂၁ရက်မှာကြေညာပါတယ်။ SCEFရဲ့အမျိုးသ

BVJ
Sep 211 min read


စစ်တွေ-ပုဏ္ဏားကျွန်းတိုက်ပွဲတွေအတွင်း အေအေကလက်နက်တွေရခဲ့
ယူဂရင်း/BVJ_စက်တင်ဘာ ၂၁၊ ၂၀၂၆ အာရက္ခတပ်တော်-AAနဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်ပြည်နယ်၊စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်ကကျဆုံးမှုတွေရှိသလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံပန်းတွေကိုလည်း ဖမ်းမိရရှိခဲ့တယ်လို့ AAက မနေ့က စက်တင်ဘာ ၂၀ရက်ညပိုင်းမှာအသိပေးလာပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းနဲ့ ခလရ(၂၅၇)တို့လည်းပါဝင်တိုက်ခိုက်နေပြီး အဲ့ဒီထဲကအရှင်ဖမ်းမိ

BVJ
Sep 211 min read


ဗိုလ်ချုပ်ကြီးကိုကိုဦးနေရာအစားထိုးမယ့် စစ်အုပ်စုရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးသစ် ဘယ်သူဖြစ်လာမလဲ
သူရ/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၆ ကချင်နဲ့ ရခိုင်စစ်မျက်နှာပြင်အထူးစစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်အထိနာနေတဲ့အချိန် စစ်အုပ်စုတပ်ထိပ်ပိုင်းမှာရာထူးအပြောင်းအလဲတွေရှိနေပါတယ်။ ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးနေရာကိုပြောင်းပြီး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကို စစ်တပ်ထဲပြန်ခေါ်ထားကြောင်း စစ်အုပ်စုပိုင်မြဝတီသတင်းမှာ မနေ့ကဖော်ပြခဲ့ပါတယ်။ ဒီရာထူးအပြောင်းအလဲမှာ ဗိုလ်ချုပ်ကြီး ကိုကိုဦးပြည်ထဲရေးဝန်ကြီးဖြစ်သွားတာနဲ့ပတ်သက်လို့ CDM ဗိုလ်

BVJ
Sep 211 min read


တော်လှန်ရေးနယ်မြေကိုထွက်လာဖို့အပါအဝင် အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးရှောင်ရှားကြဖို့ NUGကြေညာ
မိုနာ/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၆ စစ်မှုထမ်းစုဆောင်းခံရသူတွေကို စစ်တပ်ကသင်တန်းပေးနေပုံ။ စစ်အုပ်စုက လူငယ်တွေကိုဖမ်းဆီး အဓမ္မစစ်သားစုဆောင်းနေတာကြောင့် အရွယ်ရောက်ပြီးလူငယ်တွေအနေနဲ့ နည်းလမ်းစုံသုံးပြီးရှောင်ရှားကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၁၈ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။ "အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ"ဆိုတဲ့ NUGရဲ့ထုတ်ပြန်ချက်ထဲမှာ လူငယ်တွေအနေနဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့် အခြေအနေရှိရင် တော်လှန်ရေးနယ

BVJ
Sep 181 min read


အာဆီယံဒေသဆိုင်ရာဒရုန်းဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အုပ်စုကိုတက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆို
ယူဂရင်း/BVJ_စက်တင်ဘာ ၁၇၊ ၂၀၂၆ တရုတ်နိုင်ငံ၊ချုံချင်းမြို့က တရုတ်အဆင့်မြင့်ဒရုန်းကုမ္ပဏီကို ၂၀၂၄၊နိုဝင်ဘာလမှာ အာဏာသိမ်းစစ်ခေါင်းဆောင်သွားကြည့်ခဲ့ပုံ။ မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)ရဲ့ မောင်းသူမဲ့လေယာဉ်စနစ် - ဒရုန်း (UAS) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို မဖိတ်ဖို့နဲ့ပါဝင်မှုကိုပိတ်ပင်ဖို့ Justice For Myanmar-JFMကဒီနေ့ စက်တင်ဘာ ၁၇ရက်မှာတောင်းဆိုလိုက်ပါတယ်။ ဒရုန်းနည်းပညာကိုအသုံးပြုပြီး...

BVJ
Sep 171 min read


မြန်မာပြည်ထဲကနိုင်ကျဥ်းတွေကိုကူညီဖို့ဖွင့်ထားတဲ့ ယူတီကာမြို့က သုံးရောင်ခြယ်လက်ဖက်ရည်ဆိုင်လေး
ထက်ထက်/BVJ ကျွန်မတို့နေနေတဲ့ နယူးယောက်ပြည်နယ်၊Uticaမြို့က "Thone Young Chel" (သုံးရောင်ခြယ်)လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်လေးအကြောင်း ဒီနေ့ပြောပြချင်ပါတယ်။ ဒီဆိုင်လေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထဲကအကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လစဉ်ထောင်ဝင်စာပို့နေတဲ့သူတွေအတွက် ရန်ပုံငွေရှာပေးဖို့ ရည်ရွယ်ထားတာပါ။ အရင်ကတော့ ထရပ်ကား (truck)လေးတစ်စီးနဲ့လှည့်လည်ရောင်းချပြီး ရန်ပုံငွေရှာဖို့စီစဉ်ထားပေမဲ့ အခက်အခဲရှိတာကြော

BVJ
Sep 171 min read


စစ်သင်္ဘော ၂၀ နီးပါး KIAပစ်ချထား
မိုနာ/BVJ_စက်တင်ဘာ ၁၇၊ ၂၀၂၆ KIAပစ်ခတ်တိုက်ခိုက်ခဲ့ စစ်သင်္ဘောတစီးကိုမြင်တွေ့ရပုံ။ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူနဲ့ဗန်းမော်မြို့နယ်မှာ စစ်တပ်ဘက်ကအသုံးပြုနေတဲ့ စစ်သင်္ဘော အစီး ၂၀နီးပါးကိုပစ်ချဖျက်ဆီးထားနိုင်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက မနေ့ကညပိုင်းမှာကြေညာပါတယ်။ မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခဲ့တဲ့စစ်သင်္ဘောတွေကို KIAနဲ့ပူးပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာ

BVJ
Sep 171 min read


ရွှေကူကနေ ဗန်းမော်ကိုတက်လာတဲ့ စစ်သင်္ဘောတစ်စီးတိုက်ခိုက်ခံရပြီး နစ်မြုပ် (ရုပ်သံ)
BVJ_စက်တင်ဘာ ၁၆၊ ၂၀၂၆ ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက်ကိုဆန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးဟာ ဇင်းဘုံနဲ့စင်းခန်းတံတားအောက်ဘက်၊ စင်းခန်းတံတားအနီးမှာ KIAနဲ့ပူးပေါင်းတပ်တွေက ဒီနေ့ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာကြောင့် နစ်မြှုပ်သွားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်မနက်ပိုင်းကလည်း ဗန်းမော်ကစုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီးကို တော်လှန်ရေးပူပေါင်းတပ်တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့နစ်မြုပ်သွားခဲ့ပါသေးတယ်။ ဗန်းမော်နဲ့ရွှေကူအကြား ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ စစ်အုပ်စု

BVJ
Sep 161 min read
bottom of page
