top of page

ချင်းလဲန်းကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲအတွင်း ကျောင်းသားတပ်မတော်က ရဲဘော်သုံးဦးကျဆုံးခဲ့

  • Writer: BVJ
    BVJ
  • Dec 3, 2025
  • 1 min read

BVJ/ဂျိုး_ဒီဇင်ဘာ ၃၊ ၂၀၂၅

ကျဆုံးရဲဘော် စိန်မြင့်လွင်
ကျဆုံးရဲဘော် စိန်မြင့်လွင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တပ်စုမှူးအပါအဝင် တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း၊ ABSDF Column - 3က မနေ့က ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့လ နိုဝင်ဘာ ၆ရက်တိုက်ပွဲမှာကျဆုံးခဲ့သူတွေဟာ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်-၃ စစ်ကြောင်း၊ အမှတ် (၁၂) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်စုမှူး-ရဲဘော် စိန်မြင့်လွင်(ခ) ဖိုးလွင်၊ ရဲဘော်ဇော်ဇော်ဦး(ခ) မှိုင်းမှိုင်း၊ ရဲဘော်နိုင်လင်းစိုး (ခ)ညှပ်စိတို့ ဖြစ်တယ်လို့ စစ်ကြောင်း-၃ပြန်ကြားရေး ကိုပြည့်ဖြိုးကျော်ကပြောပါတယ်။


“ကလေးမြို့နယ်တောင်ပိုင်းမှာ ကျနော်တို့ Chinland council-CCက အမှတ် ၁စစ်ကြောင်းရဲ့ ကွပ်ကဲမှုအောက်မှာကျနော်တို့ ABSDF နဲ့ မဟာမိတ်တွေတော်လှန်နေတဲ့ အဖွဲ့အစည်းတွေအားလုံးက ရန်သူစစ်ကောင်စီရဲ့ လက်အောက်ခံပျူစောထီးတွေကိုတိုက်ခိုက်ရင်း ရဲဘော် ၃ဦးက ကျဆုံးခဲ့တာဖြစ်ပါတယ်ဗျ”
ကျဆုံးရဲဘော် နိုင်လင်းစိုး
ကျဆုံးရဲဘော် နိုင်လင်းစိုး

ဒါ့အပြင် တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကျောင်းသားတပ်မတော်-အမှတ် ၃ စစ်ကြောင်း၊ အမှတ် -၁၄ တပ်ရင်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထိုက်ကြီး (ခ)သန်းထိုက်အောင်၊ ရဲဘော် ကျောင်းသားလေး(ခ)ချစ်ဇော်ဖြိုး၊ ရဲဘော်ဂျိမ်းမောင်တို့သုံးဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျဆုံးရဲဘော် ဇော်ဇော်ဦး။
ကျဆုံးရဲဘော် ဇော်ဇော်ဦး။

ကျဆုံးသွားတဲ့ရဲဘော်တွေဟာ ကျောင်းသားတပ်မတော်ကပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ပြီး ရဲဘော်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့စွန့်လွှတ်စွန့်စားမှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်ထားကြောင်းလည်း ABSDFစစ်ကြောင်း-၃က ထုတ်ပြန်ပါတယ်။


ဒါ့အပြင် ABSDFအနေနဲ့ အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page