ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့ တစညပါတီခေါင်းဆောင် ပြော
- BVJ

- Dec 4
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၄၊ ၂၀၂၅

ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြဖို့နဲ့ ပါတီအနိုင်ရရေးအတွက် ဥပဒေနဲ့မညီတာတွေမလုပ်ကြဖို့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဌ ဦးဟန်ရွှေကပြောပါတယ်။
“ရွေးကောက်ပွဲရဲ့ယဥ်ကျေးမှုကို ထိန်းသိမ်းကြပါ၊ ရွေးကောက်ပွဲကို အထီးကျန်အောင်မလုပ်ကြရန်နှင့် နိုင်ငံရေးပါတီတွေရဲ့ကျင့်ဝတ်ကိုလိုက်နာကြပြီး ကိုယ့်ပါတီအာဏာရရှိရေး အနိုင်ရရှိရေးအတွက်ဥပဒေနဲ့ မညီညွတ်တဲ့အပြုအမူတွေလုပ်ဆောင်ခြင်းမှ ရှောင်ကြဥ်ကြရန် ၊ပြည်သူတွေရဲ့အဆုံးအဖြတ်ကို လက်ခံလိုက်နာကြရန်”ဆိုပြီး မနေ့က ဒီဇင်ဘာ ၃ရက်က ရန်ကုန်ပါတီဌာနချုပ်မှာပြုလုပ်တဲ့ တစညပါတီ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပွဲမှာ ဦးဟန်ရွှေကပြောခဲ့တာပါ။
ဒါ့အပြင် ပြည်သူ့ဆန္ဒကိုအလေးထားလက်ခံကြဖို့နဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ရွေးကောက်ပွဲအကြိမ်ကြိမ်ကို ဖြတ်သန်းခဲ့တဲ့ ပြည်သူတွေကိုအထင်မသေးဖို့လည်း ပြောနေပါတယ်။
ပြီးတော့ ဦးဟန်ရွှေက နိုင်ငံရေးဆိုတာ အင်မတန်မွန်မြတ်တဲ့လုပ်ငန်းဖြစ်ပေမယ့် အာဏာကိုငမ်းငမ်းတက်ဖြစ်နေကြသူတွေက ငွေကြေးနဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီးလုပ်ဆောင်ခဲ့ကြလို့ နိုင်ငံရေးညစ်နွမ်း၊အရုပ်ဆိုးကျည်းတန်နေရတာဖြစ်ကြောင်းလည်း ပြောပါသေးတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုနာမည်ပြောင်းထားတဲ့ တစညပါတီဟာ ပါတီကိုဦးဆောင်သူထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်အများစုဟာ အသက်ကြီးပိုင်းများတာကြောင့် ရွေးကောက်ပွဲတိုင်းမှာ လူအာရုံစိုက်မှုနည်းပါးတဲ့ပါတီတခုဖြစ်ပေမယ့် အခု စစ်အုပ်စုရွေးကောက်ပွဲမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ခုထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြီးရင် ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးပါဝင်ယှဉ်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။







Comments