တိုက်ပွဲအတွင်းရလာတဲ့သေနတ်တွေကို မြို့နယ်ကနေ တိုက်နယ်နဲ့UGပကဖတွေကို ပြန်ခွဲပေး
- BVJ

- Dec 3, 2025
- 1 min read
BVJ_ဒီဇင်ဘာ ၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်က စစ်အုပ်စုနဲ့တိုက်ပွဲတွေအတွင်း သိမ်းဆည်းရရှိလာတဲ့ သေနတ်တွေထဲက MA1 သေနတ် (၁၀)လက်နဲ့ G3 သေနတ် (၄)လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေကို အသိအမှတ်ပြု ဂုဏ်ပြု ချီးမြင့်ပေးအပ်ခဲ့တယ်လို့ ခင်ဦးပကဖက ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

လက်နက်တွေဂုဏ်ပြုပေးအပ်ပွဲကို မနေ့ကဒီဇင်ဘာ ၂ရက် နေ့လယ်မှာပြုလုပ်တာဖြစ်ပြီး ပကဖတွေနဲ့ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။









Comments