top of page

နတ်မှော်ဦးရွာဗုံးကြဲခံရပြီး မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံးသွား

  • Writer: BVJ
    BVJ
  • Dec 2, 2025
  • 1 min read

BVJ/ဂျိုး_ဒီဇင်ဘာ ၂၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းက နတ်မှော်ဦးကျေးရွာကို မနေ့က ညနေ ၁၂နာရီကျော်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ၂နှစ်ကလေးငယ်အပါအဝင် မိသားစုဝင် ၅ဦးသေဆုံးပြီးတော့ ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informationl Network ကသိရပါတယ်။


စစ်အုပ်စုဗုံးကြဲသွားတဲ့ အခုနတ်မှော်ဦးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေဟာလည်း မိသားစုတစုထဲကဖြစ်တယ်လို့ Wetlet Information Networkတာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။


“ကျနော်တို့နတ်မှော်ဦးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့ ဂျက်ဖိုက်တာနဲ့ ည၁၂နာရီမှာ လေကြောင်းတိုက်ခိုက်တယ်။ အဲမှာမှ ၂၅နှစ်အရွယ် ကိုရှိုင်းကို၊ ၂၄နှစ်အရွယ် မစုမြတ်လင်း၊ ပြီးတော့ သူ့ရဲ့ သမီးဖြစ်သူ အသက် ၂နှစ် ရွှေပုံစံတို့ သားအဖ ၃ယောက်သေသွားတယ်။ အသက် ၂၁နှစ်အရွယ် ကိုမောင်မောင်ဝင်းကတော့ မစုမြတ်လင်းရဲ့ မောင်ဖြစ်သူလို့သိရတယ်။ အသက် ၄၀အရွယ် ရန်နိုင်ဝင်းက သူ့ရဲ့ အကိုဖြစ်သူလို့သိရတယ်”လို့ Burma VJကိုပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရသူတွေမှာလည်း ကလေးနှစ်ဦးပါဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။


“လက်ရှိဒဏ်ရာရတာက ၅ဦးရှိတယ်။ အဲမှာ ကလေး ၂ဦးပါတယ်။တဦးက ခေါင်းမှန်တယ်၊ တဦးက မျက်လုံးမှန်တယ်။ မျက်လုံးမှန်တဲ့ ကလေးကတော့ စိုးရိမ်ရတဲ့ထဲမှာပါတယ်ဗျ။ ကျန်တဲ့ ၃ဦးထဲမှာ လူကြီးတဦးကတော့ ပေါင်ကိုမှန်တယ်။ သူတို့ကိုတော့ကျနော်တို့သက်ဆိုင်ရာ ဆေးခန်းတွေဆီပို့ပြီးတော့ ဆေးကုသမှုပေးနေပါတယ်”


စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖော်ပြီးတော့ လေကြောင်းသတိရှိကြဖို့လည်း Wetlet Information Networkတာဝန်ခံ ကိုနဂါးလေးကတိုက်တွန်းပါတယ်။

လက်ရှိဗုံးကြဲခံရတဲ့ ဝက်လက်မြို့အရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိပေမယ့် ဝက်လက်အနောက်ဘက်ခြမ်းမှာတော့ နှစ်ဘက်ပွဲတွေပြင်းထန်နေပါတယ်။


ဒါ့အပြင် ဝက်လက်ဒေသခံအများစုဟာလည်း တိုက်ပွဲတွေနဲ့စစ်အုပ်စုစစ်ကြောင်းထိုးမှုတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာလည်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page