top of page


NUG၊မန္တလေးတိုင်း ပကဖ တာဝန်ခံကိုဝဏ္ဏအောင် သေဒဏ်ချမှတ်ခံရ
အီးကေ/BVJ_ အောက်တိုဘာ ၁၅၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မန္တလေးတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးကို အာဏာသိမ်းစစ်အုပ်စုက သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ကိုဏကြီးကို မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ အောက်တိုဘာ ၁၄ ရက်နေ့မှာ သေဒဏ်အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ကိုဏကြီး မဖမ်းဆီးခံရခင်တစ်ရက်အလို ဇွန်လ ၂၃ ရက်နေ့တုန်းက ကျိုင်းတုံမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုမှာ သူ့ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်..

BVJ
23 hours ago1 min read


ကောက်ကြောင်းရှည်ကြီး (သို့မဟုတ်) စန်းမင်းပိုင်ပေါ့ထရိတ်
ပြန်စရာအိမ်မကျန်တော့သော၊ ခေါ်စရာ အဖေအမေ မကျန်တော့သော အသက် (၂၂)အရွယ် လူလေး စန်းမင်းပိုင်၏ သူ့ ဘဝဇာတ်ကြောင်းကို သူယုံကြည်ရာ ရက်ပ်ဂီတဖြင့် ပြောပြမည့် သီချင်း (၅)ပုဒ်ပါ album (သူ့အခေါ် EP တခု) ယခု အောက်တိုဘာလမှာ ထွက်ဖို့ကြိုးစားနေသည်။ (၁) ဤသို့ဖြင့် နယ်စပ်မျဉ်းပေါ်မှ ကျွန်တော်တို့၏နေ့စွဲများအတွင်း တစ်မနက်ခင်းတွင် အတူနေ ညီအစ် ကိုတော်တစ်ဦး ကမ္ဘာပျက်ပါသည်။ မနက်စောစော အသံညံညံကြား၍ အရှေ့ခန်းသို့ထွက်၊ စပ်စုမိရာက နာရေးသတင်းကြားရ၏။ 'ကောင်းစံ’ အမေ၊ ရန်ကုန်ဆေးရုံတခုတွင် ယခုမနက်

BVJ
1 day ago3 min read


ဘုရား၊ကျောင်း၊ကန့်သတ်နယ်မြေတွေကို စစ်ပွဲအတွင်းပစ်မှတ်မထားရေးအတွက် စစ်အုပ်စုကိုတားဆီးဆုံးမပေးတော်မူကြဖို့ သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့အဖွဲ့ဝင်ဆရာတော်တွေကိုလျှောက်ထား
ယူဂရင်း/BVJ_အောက်တိုဘာ ၁၅၊ ၂၀၂၆ ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဗုဒ္ဓသာသနိက အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့တကွ အဖွဲ့ဝင်ဆရာတော်တွေက တားဆီးဆုံးမဩဝါဒပေးတော်မူကြဖို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ လျှောက်ထားလိုက်ပါတယ်။ အခုလ အောက်တိုဘာ ၁၁ရက်မှာ.

BVJ
2 days ago1 min read


ယူကရိန်းက Starlink ဝန်ဆောင်မှုတွေ ကို အမေရိကန်စစ်တပ်က ထိန်းချုပ်ထားတာလို့ အီလွန်မတ်စ်က ပြော
ယူကရိန်းဘက်က မကျေမနပ် ဝေဖန်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက်၊ စတားလင့်ခ် (Starlink) ဝန်ဆောင်မှုတွေရဲ့ ကန့်သတ်ချက်ကို အမေရိကန် စစ်တပ်ကပဲ ထိန်းချုပ်ထားတာပါလို့ အီလွန်မတ်စ်ခ် (Elon Musk) က ထုတ်ပြောလိုက်ပါတယ်။ ယူကရိန်း တာဝန်ရှိသူတွေကတော့ (SpaceX) ဟာ စတားလင့်ခ် ဂြိုဟ်တု ဝန်ဆောင်မှုတွေကို လျှော့ချပစ်ခဲ့တာကြောင့် စစ်ဆင်ရေးတွေ လုပ်ရတာ အခက်တွေ့စေခဲ့သလို၊ ကိယက်ဗ် (Kyiv) ကိုလည်း အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေကြားမှာ ထိခိုက်လွယ်သွားစေခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။ သမ္မတ ဗိုလိုဒီမီယာ ဇီလင်

BVJ
2 days ago4 min read


ပြည်ပရောက်မီဒီယာတွေကို အင်တာပိုလ်ကနေတဆင့်ဖမ်းဆီးဖို့ကြိုးစားနေတဲ့ စစ်အုပ်စုကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် ရှုတ်ချ
BVJ_အောက်တိုဘာ ၁၄၊ ၂၀၂၆ ၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဆွေးနွေးနေတဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ပြည်ပရောက်မီဒီယာတွေဖြစ်တဲ့ မြန်မာနောင်း၊ Khit Thit၊ မဇ္ဈိမ၊ DVB နဲ့ဧရာဝတီသတင်းဌာနတို့ကို နိုင်ငံတကာရဲတပ်တပ်ဖွဲ့(INTERPOL)ကနေတဆင့် ဖမ်းဆီးခိုင်းဖို့လုပ်ဆောင်နေတယ်ဆိုတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်ကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ)က ဒီနေ့ အောက်တိုဘာ ၁၄ရက်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ ပြည်ပရောက်မီဒီယာတွေအပါအဝင် NUG၊ CRPH တာဝန်ရှိသူတွ

BVJ
3 days ago1 min read


မအလ၏ မလေးရှားခရီးစဥ် ၊ အမေရိကန်ဆွေးနွေးပွဲနှင့် တောခြောက်သံတမန်ရေးအက
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နှစ်ရက်တာ မလေးရှားခရီးစဥ်မှာ မလေးရှားအစိုးရက ကော်ဇောနီခင်း ကြိုဆို “ သမ္မတုမအလရဲ့ မလေးရှားခရီးစဥ် “ “အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးပွဲ” ဆိုတဲ့သတင်းတွေဟာ လူထုကြားလှုပ်ခတ်နေတဲ့ သတင်းတွေပါ။ ဒီကိစ္စတွေ ကို မဆွေးနွေးခင် သမ္မတတုမအလ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ထိုးဖောက်သိမြင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေရဲ့လားရာကို မှန်းဆနိုင်မှာပါ။ စစ်အုပ်စုရဲ့ မှီရာတည်ရာဖြစ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံမှ

BVJ
3 days ago2 min read


GSCBအဖွဲ့နဲ့ ဒေါက်တာတေဇာဆန်းအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူသုံးဦး Forum 2000 ဆုပူးတွဲရရှိ
သူရ/BVJ_အောက်တိုဘာ ၁၁၊ ၂၀၂၆ ချက်နိုင်ငံအခြေစိုက် forum 2000 အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ်အတွက် "ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု" ကိုသပိတ်ကော်မတီများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)အဖွဲ့နဲ့အတူ ဒေါက်တာတေဇာဆန်း၊ကိုနန်းလင်းနဲ့ကိုထက်မြတ်အောင်တို့ ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဆုပေးပွဲကို ချက်သမ္မတနိုင်ငံ၊ ပရာဂ်မြို့မှာရှိတဲ့ Prague Congress Centreမှာ အောက်တိုဘာလ ၁၁ ရက် တနင်္ဂနွေနေ့ညနေပိုင်းကကျင်းပခဲ့တဲ့ Forum 2000ညီလာခံမှာ ထည့်သွင်းကျင်းပခဲ့တာပါ။ ဆုရရှိသူတွေနဲ့ G

BVJ
5 days ago1 min read


နိုင်ငံတကာ ဆက်ဆံရေးနဲ့ ထာဝရအကျိုးစီး ပွား ဦးထိပ်ထားမှု
အေတီ အောက်တိုဘာ၈ရက်နေ့က မလေးရှားဝန်ကြီးချုပ်ရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ တွေ့ဆုံကြစဥ် "ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်" ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေး (Realpolitik) မှာ အဓိကကျတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီအယူအဆကို ဗြိတိသျှဝန်ကြီးချုပ် လော့ဒ် ပါးလ်မာစတန် (Lord Palmerston) က ၁၈၄၈ ခုနှစ်မှာ ဗြိတိသျှလွှတ်တော်ထဲမှာ စတင်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတွေ သို့

BVJ
6 days ago3 min read


ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုပိုင်ရှင်ရဲ့ သမီး အပေါ် ပိတ်ဆို့အရေးယူထားမှုတွေကနေ အမေရိကန်အစိုးရ ပြန်ရုပ်သိမ်းပေး
သူရ/BVJ ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် အချို့ကို ၂၀၂၅ခုနှစ် နိုဝင်ဘာ၁၄ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် ဝန်ထမ်းကောင်းတံဆိပ်တွေ ချီးမြှင့်ခဲ့ မြန်မာစစ်တပ်နဲ့ စီပွားရေးပေါင်းလုပ်နေတဲ့ (Shwe Byain Phyu) ရွှေဗျိုင်းဖြူ ကုပ္မဏီ အုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကို အမေရိကန်ဘက်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပါတယ်။ မသိမ့်ဝင်းထက
aung thwin
7 days ago1 min read


စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေဖွဲ့စည်းဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ကြေညာ
အဖွဲ့ဝင်တွေ စစ်ဥပဒေချိုးဖောက်မှုနဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိလာရင် ထိန်းကျောင်းဖို့ပြင်ဆင် ယူဂရင်း/BVJ_အောက်တိုဘာ ၉၊ ၂၀၂၆ ၂၀၂၆၊ မတ်လ ၁ရက်က SRA၊အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပုံ(ဓါတ်ပုံ-SRA) တပ်ပေါင်းစုလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေဖို့နဲ့စီမံခန့်ခွဲမှုအားကောင်းလာစေဖို့ဖို့ရည်ရွယ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီအတွက် အထွေထွေအတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး (၁)နဲ့(၂)တို့ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီလို့ SRAကမနေ

BVJ
Oct 91 min read


အီရန်စစ်ပွဲအတွင်း တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် အမေရိကန် စစ်ဘက်သုံးလေယာဉ် အစင်း ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
နီသွင်/BVJ- ၈အောက်တိုဘာ၊၂၀၂၆ အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယွန်လေဆိပ်မှာ ရပ်ထားတဲ့ အမေရိကန်လေတပ် KC-135 Stratotanker ဝေဟင်လောင်စာဖြည့်လေယာဉ်နှစ်စင်း ကို စက်တင်ဘာ၃၀ရက်က တွေ့ရစဥ် ဒီနှစ်အစောပိုင်းက ဝါရှင်တန်အစိုးရ စတင်ခဲ့တဲ့ အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမှု "Operation Epic Fury" လှုပ်ရှားမှုအတွင်း တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် အမေရိကန် စစ်ဘက်သုံးလေယာဉ် အနည်းဆုံး ၈၁ စင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီစာရင်းအင်းတွေကို တရားဥပဒေပြုလွှတ်တော်အတွက် ဘတ်ဂျက်ဆိုင်ရာ သုတေသနတွေကို

BVJ
Oct 92 min read


အာဆီယံအဖွဲ့ထဲ မြန်မာနိုင်ငံအပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လုပ်နိုင်သမျှအစွမ်းကုန်လုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ်ပြော
ယူဂရင်း/BVJ_အောက်တိုဘာ ၈၊ ၂၀၂၆ မလေးရှားဝန်ကြီးချုပ်နဲ့ ၂၀၂၆၊အောက်တိုဘာ ၈ရက်ကတွေ့ဆုံနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်(ဓါတ်ပုံ-PPIB) စစ်ပွဲဒဏ်ခံနေရတဲ့မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မိမိတို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်တာမှန်သမျှဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီနေ့ အောက်တိုဘာ ၈ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။ မလေးရှားနိုင်ငံကိုတရားဝင်ခရီးစဉ

BVJ
Oct 81 min read


သေဒဏ်ပေးမှုကနေအသက်ရှင်လွတ်မြောက်လာတဲ့ အမေရိကန်အကျဉ်းသူပြန်သတိရလာပြီး စကားပြောနိုင်ပြီ
နီသွင်/ BVJ_အောက်တိုဘာ ၇၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က အဆိပ်ဆေးထိုးသေဒဏ်ပေးခံရမှုကနေ မသေဘဲပြန်လည်လွတ်မြောက်လာတဲ့အကျဉ်းသူ ခရစ္စတာ ပိုက် (Christa Pike)ဟာ သတိပြန်ရလာပြီး စကားပြောနိုင်နေပြီလို့ သူ့ရဲ့ရှေ့နေတွေကပြောပါတယ်။ အသက် ၅၀ အရွယ်ပိုက်ဟာ ဆေးရုံမှာလက်ထိပ်ခတ်ခံထားရပြီး အရေးပေါ် ဆေးကုသမှုတွေကို ဆက်လက်ခံယူနေရဆဲဖြစ်တယ်လို့ ရှေ့နေတွေက အင်္ဂါနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက အဲဒီအချိန်ကရည်းစားဖြစ်သူနဲ့အတူ ကိုလင်း စလက်မာ (Col

BVJ
Oct 81 min read


မြန်မာနိုင်ငံသားတွေပြန်ပို့ခံရမယ့်ကိစ္စစိုးရိမ်နေကြချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနိုင်ငံကိုသွားရောက်
သူရ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံသားထောင်ပေါင်းများစွာကို ပြန်လည်ပို့ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလိုလားနေချိန် အဲဒီလိုပြန်လည်ပို့ဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုနေချိန်မှာပဲ အခုခရီးစဉ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။...

BVJ
Oct 81 min read


မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံတာဟာ သံတမန်ရေးအစိတ်အပိုင်းတခုသာဖြစ်ပြီး အသိအမှတ်ပြုတာလို့မယူဆသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့လက်ထောက် ပြောကြား
သူရ/BVJ_ အောက်တိုဘာ ၈၊ ၂၀၂၆ မလေးရှားကိုတရားဝင်ခရီးစဉ်သွားရောက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ၂၀၂၆၊အောက်တိုဘာ ၆ရက်ကကြိုဆိုနေပုံ။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားအစိုးရကထိတွေ့ဆက်ဆံဆွေးနွေးမှုတွေပြုလုပ်တာဟာ စစ်အုပ်စုကိုအသိအမှတ်ပြုတာ သို့မဟုတ် ထောက်ခံအားပေးတာလို့လုံးဝမယူဆသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့နိုင်ငံရေးအတွင်းရေးမှူး ကာမေးလ် အဗ္ဗဒူ မူနင် (Kamil Abdul Munim) ကခုခံကာကွယ်ပြောဆိုလိုက်ပါတယ်။ PKR လူငယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ကာမေးလ်ဟာ စစ်အု

BVJ
Oct 82 min read


လက်နက်ဖိုးအကြွေးတောင်းသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပစ်သတ်ခံရ၊
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးသမားသုံးဦး နှစ်ရက်ဆက်တိုက်လုပ်ကြံခံရ --- မိုနာ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆ ၂၀၂၆၊အောက်တိုဘာ ၄ရက်ကပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားသူ ရပ်ကျေးပကဖတပ်ဖွဲ့ဝင်နှစ်ဦး။ အခုလ အောက်တိုဘာ ၄ရက်နေ့မှာ လက်နက်ဖိုးအကြွေးတောင်းသွားတဲ့ ဘုတလင်မြို့နယ်၊ရပ်ကျေးပကဖတပ်ဖွဲ့ဝင်နှစ်ဦးဟာ စစ်ကိုင်းတိုင်း၊အရာတော်နဲ့ဒီပဲယင်းမြို့နယ်အစပ်ဖြစ်တဲ့ တိုက်ရွာနဲ့အုပ်ရှစ်ကြီးရွာကြားမှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီးသေဆုံးသွားပါတယ်။ သူတို့နှစ်ဦးဟာ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာပကဖတွေဆီမှ

BVJ
Oct 71 min read


ပြည်ပရောက် စစ်တပ်ဆန့်ကျင်သူတွေနဲ့မီဒီယာတွေကို နိုင်ငံတကာရဲတပ်ဖွဲနဲ့ဖမ်းဆီးခိုင်းထားဟု စစ်အုပ်စုပြည်ထဲရေးဒုဝန်ကြီးပြော
ယူဂရင်း/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆ ၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဖြေဆိုနေတဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ စစ်အုပ်စုကိုတွန်းလှန်တိုက်ခိုက်နေတဲ့ ပြည်ပနိုင်ငံတွေမှာခိုလှုံနေတဲ့ NUG၊ CRPH တာဝန်ရှိသူတွေ၊ PDFအဖွဲ့တွေကို ငွေကြေးထောက်ပံ့သူတွေနဲ့ ပြည်ပရောက်သတင်းဌာနတွေကို ပုဒ်မတွေများစွာနဲ့အမှုဖွင့်ထားပြီး INTERPOL(နိုင်ငံတကာရဲတပ်ဖွဲ့)နဲ့ဖမ်းဆီးပေးဖို့ဆောင်ရွက်နေတယ်လို့ မနေ့က အောက်တိုဘာ ၆ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရ

BVJ
Oct 71 min read


NUGနဲ့စစ်အုပ်စုမိတ်ဖက်မဖြစ်နိုင်တာ နိုင်ငံတကာကိုဦးကျော်မိုးထွန်းတင်ပြ
မိုနာ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားမိတ်ဖက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကွာခြားချက်ကို ရှင်းလင်းပြီး ရန်စောင်နေတဲ့စစ်အုပ်စုနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မိတ်ဖက်မဖြစ်နိုင်တာကို သတိပြုဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မနေ့က အောက်တိုဘာ ၆ ရက်မှာကျင်းပခဲ့တဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development)ခေါင်းစဉ်နဲ့

BVJ
Oct 71 min read


မလေးရှားကပြန်ပို့ခံရတဲ့သူတွေ အဓမ္မစစ်သားစုဆောင်းရေးကွန်ရက်ရဲ့သားကောင်တွေဖြစ်လာမှာကို စိုးရိမ်မှုများရှိနေ
အေတီ အောက်တိုဘာ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ရောက်လာတဲ့ ပထမအသုတ် ၁,၄၇၆ ဦးမှာ အမျိုးသားတွေ အများစုပါဝင်ပြီး ကလေး ၂၇ ဦးနဲ့ အမျိုးသမီး ၇၉ ဦး ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ မကောင်းသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သတိပေးနေတဲ့ကြားထဲကပဲ မလေးရှားနိုင်ငံကနေ ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ရောက်လာတဲ့ ပထမအသုတ်မှာ

BVJ
Oct 73 min read


ထောင်တွင်းကျဆုံးသွားတဲ့ ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာကို CDMအာဇာနည်အဖြစ် NUGအသိအမှတ်ပြု
ယူဂရင်း/BVJ_အောက်တိုဘာ ၆၊ ၂၀၂၆ အိုးဘိုထောင်တွင်းကျဆုံးသွားတဲ့ မန္တလေးဆေးတက္ကသိုလ်၊ဓါတ်ခွဲခန်းမှူး CDMဒေါ် ခင်သီတာ အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးပြီး မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းအကျဉ်းချထားတဲ့ ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာကို CDMအာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် NUG၊ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက်ပါတယ်။ ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာဟာ ၂၀၂၁၊ဖေဖော်ဝါရီလကစတင်ကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် CDMပြုလုပ်ထားတာဖြစ်ပြီး မန္တလေး၊အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရ

BVJ
Oct 61 min read
bottom of page
