top of page


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့မတရားဖမ်ဆီးထားသူအားလုံး ချက်ခြင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို
မိုနာ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုတွေ့ရပုံ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်အုပ်စုကမတရားဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံးကို ချင်ခြင်းနဲ့ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာကျင်းပခဲ့တဲ့ မနေ့က နိုဝင်ဘာ ၁၆ရက်မှာကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးအစည်

BVJ
4 hours ago1 min read


ထရမ့်ကထောက်ခံပေမဲ့ ဂျန်ဆန်ကိုရာထူးပြန်ပေးရေးလှုပ်ရှားမှုကို Nvidiaပယ်ချ
သူရ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် မဟာမိတ်တွေက ဂျန်ဆန်ဟွမ်ကိုရာထူးပြန်ပေးဖို့ထောက်ခံနေကြပေမဲ့ Nvidia ကုမ္ပဏီဘက်ကတော့ ဒီလှုပ်ရှားမှုကိုပယ်ချလိုက်ပါတယ်။ တနင်္လာနေ့က သမ္မတထရမ့်က ဟွမ်ကိုရာထူးပြန်ခန့်မယ်ဆိုရင် "သူ့အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပါဘူး"လို့ပြောကြားခဲ့ပြီး "ဂျန်ဆန်ကို ပြန်ခေါ်ကြစို့" (Bring Jensen Back)လှုပ်ရှားမှုကို ထောက်ခံသူတွေ စာရင်းထဲပါဝင်လာခဲ့တာပါ။ SpaceX က အီလွန်မတ်စ်နဲ့ Fortnite ဂိမ်းထုတ်လုပ်တဲ့ Epic Games ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ဆွင

BVJ
9 hours ago2 min read


မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဆူရပ်ဂျ် ရဲစခန်းမှာ လာရောက်အဖမ်းခံ
အီးကေ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူနဲ့ Bright Future အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကိုဗီရ ဆန်ထောင်း (ခေါ်) ဆူရပ်ဂျ် ဂီရီ (Veera Saengthong / Suraj Giri)ဟာ ထိုင်းနိုင်ငံ၊ကန်ချနဘူရီမြို့က အထူးသတင်းတပ်ဖွဲ့ (Special Branch Police) ထံမှာ ဒီနေ့လာရောက် အဖမ်းခံခဲ့ပါတယ်။ အဲ့ဒီနောက် ရဲတပ်ဖွဲ့ကသူ့ကိုဆက်လက်စစ်ဆေးမေးမြန်းဖို့နဲ့ တရားစွဲဆိုနိုင်ဖို့အတွက် မြောင်ကန်ချနဘူရီ မြို့မရဲစခန်း (Mueang Kanchanaburi Police Station) က စုံစမ်းစစ်ဆေးရေး အရာရှိတွေထ

BVJ
1 day ago1 min read


အာဆီယံက မြန်မာစစ်အုပ်စုအပေါ် ကန့်သတ်ချက်တွေဆက်ထားပေမယ့် နိုင်ငံရေးအရပြန်ပါဝင်ခွင့်ရမယ့်လမ်းကြောင်းကို ဖွင့်ပေး
အေတီ/BVJ_နိုဝင်ဘာ ၁၅၊ ၂၀၂၆ ငါးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် အာဆီယံကချမှတ်ထားတဲ့ မူဝါဒအပေါ် တိုးတက်မှုတွေရှိလာမယ်ဆိုရင် အာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရအပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်းပြန်ဖွင့်ပေးဖို့စဉ်းစားသွားမယ်လို့ အရှေ့တောင်အာရှခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ၁၁ နိုင်ငံကခေါင်းဆောင်တွေဟာ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်

BVJ
1 day ago1 min read


တောင်တက်ရင်း တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးဖြေဆိုခဲ့တဲ့ ထိုင်းကျောင်းသူလေးဖြစ်စဉ် လူစိတ်ဝင်စားမှုများနေ
BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆ ဓါတ်ပုံ-တောင်ပေါ်မှာအင်တာဗျူးဖြေဆိုနေပုံ(Thai Thaiger) အသက် ၁၇နှစ်အရွယ်ထိုင်းကျောင်းသူလေးတစ်ဦးဟာ ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်ရှိ San Nok Wuaတောင်ကို တောင်တက်ခရီးထွက်နေချိန်အတွင်း တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးကို အွန်လိုင်း ဗီဒီယိုကောလ်ကနေတဆင့်ဖြေဆိုခဲ့တာကြောင့် အဲ့ဒီရုပ်သံဟာ လူမှုကွန်ရက်ပေါ်မှာလူစိတ်ဝင်စားမှုအများအပြားရရှိနေပါတယ်။ ကျောင်းသူ တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးဖြေဆိုရမယ့်ရက်ဟာ ကြိုတင်စီစဉ်ထားတဲ့ တောင်တက်ခရီးစဉ်နဲ့တိုက်ဆိုင်နေခဲ့တာကြောင့် ခရီးစဉ်ကိုမ

BVJ
4 days ago1 min read


ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံ
အီးကေ/BVJ_ နိုဝင်ဘာ ၁၂၊ ၂၀၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကတ်ကဲအို (Sihasak Phuangketkeow)ဟာ ဒီနေ့ ကြာသပတေးနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးရဲ့ အခုမြန်မာခရီးစဉ်ဟာ ဒီတစ်ပါတ် မနီလာမြို့မှာကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်ခင် ရက်ပိုင်းအလိုမှာပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းတွေတိုးချဲ့နိုင်ဖ

BVJ
4 days ago1 min read


Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ် ရာထူးကနေ နုတ်ထွက်
သူရ/BVJ- ၁၂နိုဝင်ဘာ၊၂၀၂၆ Nvidia ကုမ္ပဏီကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာအောင် တွန်းအားပေးတည်ထောင်ခဲ့သူ ဂျန်ဆန် ဟွမ် (Jensen Huang) ဟာ ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ် (CEO) ရာထူးကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ Nvidia ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဒီကြေညာချက်ဟာ အံ့အားသင့်ဖွယ်ရာ ကော်ပိုရိတ် အရှုပ်တော်ပုံတွေ ပေါ်ပေါက်လာပြီးနောက် ဟွမ် ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရက်အတန်ကြာ ထင်ကြေးပေး ပြောဆိုနေမှုတွေကို အဆုံးသတ်စေ

BVJ
5 days ago1 min read


နေပြည်တော်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်လာ
BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်ကို ဘန်ကောက်မြို့ကဆွေးနွေးပွဲတခုမှာတွေ့ရပုံ(Photo-MFA) အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာရဲ့နောက်ဆုံးအခြေအနေတွေသိနိုင်ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုနဲ့ဆွေးနွေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်ဟာ ဒီနေ့ နိုဝင်ဘာ ၁၂ရက်နေ့လယ်မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့န

BVJ
5 days ago1 min read


အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရ၊
ညွှန်ကြားရေးမှူးချုပ်အဆင့်သာ တက်ရောက်ခွင့်ပေးမယ် အေတီ/BVJ_ နိုဝင်ဘာ ၁၁၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံရဲ့မူလရပ်တည်ချက်အတိုင်းမပြောင်းလဲဘဲ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာ “ဒီနှစ်ထိပ်သီး

BVJ
5 days ago1 min read


မြန်မာနိုင်ငံအတွင်းဝင်ခွင့်မရတဲ့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမယ်
သူရ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၆ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အီး ကာရီ (Kelley E. Currie)ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ သွားရောက်လေ့လာသွားဖို့ရှိတဲ့အကြောင်း ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်။ ဒီခရီးစဉ်မတိုင်ခင်မှာ မြန်မာနိုင်ငံထဲကိုကိုယ်တိုင်ဝင်ရောက်ခွင့်ရဖို့ ကယ်လီ အီး ကာရီဘက်က တရားဝင်ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ လက်ခံဖို့အသင့်မဖြစ်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ရောက်ခွင့်မပေးခဲ့

BVJ
5 days ago1 min read


အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်ဘောလုံးအသင်း စီးနင်းလာတဲ့လေယာဉ် ဘာဆရာမြို့မှာဆင်းသက်ခွင့်မရခဲ့
သူရ/BVJ-နိုဝင်ဘာ ၁၁၊ ၂၀၂၆ အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် လေယာဉ်ဆင်းသက်ခွင့်ပိတ်ပင်ခံရအပြီး အီရန်ကနေကုန်းလမ်းအတိုင်းထွက်ခွာလာခဲ့တဲ့ အီရန်လက်ရွေးစင်အသင်းကစားသမားတစ်ဦး အီရတ်နိုင်ငံ ဘာဆရာမြို့ရှိ ဟိုတယ်သို့ ရောက်ရှိလာစဉ်။ အမေရိကန်က အီရန်လေကြောင်းလိုင်းတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး အီရန်လက်ရွေးစင်ဘောလုံးအသင်းစီးနင်းလာတဲ့လေယာဉ်ကို ဘာဆရာ (Basra) လေဆိပ်မှာ ဆင်းသက်ခွင့်ကို အီရတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က အင်္ဂါနေ့မှာ ပိတ်ပင်လိုက်တယ်လို့ ဘာဆရာလေဆိပ်တာဝန်ရှ

BVJ
6 days ago1 min read


မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့
နီသွင်/BVJ- နိုဝင်ဘာ ၁၀၊ ၂၀၂၆ အကျဉ်းကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ ကျန်ရှိနေတဲ့အဂတိလိုက်စားမှုပြစ်ဒဏ်တွေကို အိမ်အကျယ်ချုပ် ဆက်လက်ကျခံဖို့အတွက်နေအိမ်ကိုပြောင်းရွှေ့ရာမှာ ကြုံတွေ့နေရတဲ့ တရားဥပဒေဆိုင်ရာအတားအဆီးအားလုံးကို မလေးရှားနိုင်ငံ တရားရုံးချုပ်က အင်္ဂါနေ့မှာရှင်းလင်းပေးလိုက်ပြီဖြစ်ကြောင်း သူရဲ့ရှေ့နေက ပြောပါတယ်။ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ 1MDB ကနေ ဒေါ်လာဘီလီယံနဲ့ချီ ခိုးထုတ်ခဲ့မှုနဲ့ပတ်သက်ပြီး ကွာလာလမ်ပူ တရားရုံးချုပ်က အပြစ်ရှိကြောင်းအတည

BVJ
6 days ago1 min read


မြန်မာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝီရ စိန်ထောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်
သူရ/BVJ_နိုဝင်ဘာ ၉၊ ၂၀၂၆ "Bright Future" အဖွဲ့ရဲ့ခေါင်းဆောင် ဝီရ စိန်ထောင် (Weera Saengthong) မြန်မာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ "Bright Future" အဖွဲ့ရဲ့ခေါင်းဆောင် ဝီရ စိန်ထောင် (Weera Saengthong) ရဲ့မွေးစာရင်းကို ဒေသဆိုင်ရာအာဏာပိုင်တွေက ပယ်ဖျက်လိုက်ပြီးနောက် ထိုင်းနိုင်ငံ ကဉ္စနပူရီပြည်နယ်တရားရုံးက သူ့ကိုဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒီဝရမ်းကိုတော့ ကဉ္စနပူရီရှိ စိုင်းယုတ်ခရိုင်မှတ်ပုံတင်ရုံးက ဝီရရဲ့ မွေးစာရင်းကိုပယ်ဖျက်ပြီး အစိုးရတာဝန်ရှိသူတွေကို သတင်းအချက်အ

BVJ
Nov 101 min read


အမ်စတာဒမ်က မိုက်ခရိုဆော့ဖ် (Microsoft) ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့ကြ
သူရ/BVJ_ နိုဝင်ဘာ ၇၊ ၂၀၂၆ အမ်စတာဒမ်က မိုက်ခရိုဆော့ဖ် (Microsoft) ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ဆန္ဒပြသူတွေအတင်းဝင်ရောက်ခဲ့ကြပါတယ်။ "Geef Tegengas" (ပြန်လည် တွန်းလှန်ခြင်း) ဆိုတဲ့ ဆန္ဒပြအဖွဲ့က နေသန် တင်းမား (Nathan Timmer) က ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတားဆီးဖို့အတွက် ဆန္ဒပြသူတွေဟာစက်ရုံဝင်းကို နေရာယူပိတ်ဆို့ထားကြတာလို့ ဒေသတွင်း သတင်းဌာန AT5 ကို ပြောခဲ့ပါတယ်။ "ဒီဆောက်လုပ်ရေးကြီးကို မဖြစ်စေချင်ပါဘူး။ ဘယ်သူမှလည်း ဒါကို မလိုအပ်ပါဘူး" လို့ တင်းမား က ပြောပါတယ်။ "ဒါကို အသုံး

BVJ
Nov 91 min read


အီရန်ရဲ့ နူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုကြေးငွေပေးမယ်ဟုဆို
သူရ/BVJ - နိုဝင်ဘာ ၈၊ ၂၀၂၆ အီရန်နိုင်ငံရဲ့ နူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုပေးနိုင်မယ့်သူကို အမေရိကန် ဒေါ်လာ သန်း ၂၀ အထိ ဆုကြေးငွေပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံကကြေညာလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ "တရားမျှတမှုအတွက် ဆုကြေးငွေများ" (Rewards for Justice) အစီအစဉ်အရ အဲဒီလို သတင်းအချက်အလက်တွေလာရောက်ပေးပို့သူကို လုံခြုံရာနေရာဆီ ပြောင်းရွှေ့နေရာချထားပေးဖို့ပါ ကမ်းလှမ်းထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နူ

BVJ
Nov 92 min read


စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် နောက်ထပ်ဖိအားတစ်ခု၊ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် နိုဝင်ဘာ ၁၉ ရက်မှာအမိန့်ချမှတ်မယ်
နီသွင်/BVJ _ နိုဝင်ဘာ ၄၊ ၂၀၂၆ ကုလသမဂ္ဂရဲ့ ထိပ်တန်းတရားရုံး ICJက မြန်မာနိုင်ငံမှာ မွတ်စလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် ဖြိုခွဲနှိမ်နင်းခဲ့တာတွေဟာ မျိုးတုံးသတ်ဖြတ်မှုမြောက်သလားဆိုတာနဲ့ပတ်သက်ပြီး သမိုင်းဝင်စီရင်ချက်တစ်ခုကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာအမိန့်ချမှတ်သွားတော့မယ်လို့ တာဝန်ရှိသူတွေကအင်္ဂါနေ့မှာပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ကတရားသူကြီးတွေဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုတွေဟာ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတ

BVJ
Nov 52 min read


အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီက ရီပတ်ဘလစ်ကန်ပါတီကို သမိုင်းဝင် အပြတ်အသတ် အနိုင်ရရှိ
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ အမေရိကန် ကြားဖြတ်ရွေးကောက်မှာ ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ James Talarico သည် အောင်ပွဲခံနေစဥ် အေတီ/BVJ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကာရိုလိုင်းနား ပြည်နယ်ကို ကိုယ်စားပြုပြီး ဒီမိုကရက်တစ် အမတ်တစ်ဦး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်မှာ ထိုင်ခုံနေရာရရှိသွားခဲ့ပါပြီ။ အမေရိကန် မဲဆန္ဒရှင်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို အံ့အားသင့်ဖွယ် ငြင်းပယ်လိုက်ကြပြီး၊ ထရ

BVJ
Nov 43 min read


နယ်စပ်စစ်ဆင်ရေးမှာ ထိုင်းဘက်ကိုထိခိုက်မှုမရှိဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို ဖုန်းဆက်ပြီးတောင်းဆို
မိုနာ/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်(Sihasak Phuangketkeow) မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ရာမှာ ထိုင်းနိုင်ငံပိုင်နက်အတွင်းကိုသက်ရောက်မှုမရှိစေရေး ကာကွယ်ဆောင်ရွက်ပေးဖို့ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်(Sihasak Phuangketkeow)က စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဆီကို ဖုန်းဆက်တိုက်တွန်းခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အနီးတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်မှာ စစ်အုပ်စုနိ

BVJ
Nov 41 min read


စင်ကာပူသံအမတ်ကြီး ရီနာ လီ ICJ တရားသူကြီးအဖြစ်ရွေးချယ်ခံရ
သူရ/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆ အရှေ့တောင်အာရှက ပထမဆုံး ICJ အမျိုးသမီးတရားသူကြီးဖြစ်လာသူ Rena Lee နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူ သံအမတ်ကြီး ရီနာ လီ (Rena Lee)ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားသူကြီးတစ်ဦးအဖြစ်ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း စင်ကာပူ ဥပဒေရေးရာဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၄ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။ ရီနာ လီ ဟာ ICJ တရားရုံးမှာရွေးချယ်ခံရတဲ့ ပထမဆုံးသော စင်ကာပူနိုင်ငံသားဖြစ်လာသလို အရှေ့တောင်အာရှက ပထမဆုံးသော အမျိုးသမီးတရားသူကြီးလည်းဖြစ်တယ်လို့ ဝန်ကြီးဌာနကဖြည့

BVJ
Nov 42 min read


ထိုင်းနိုင်ငံမှာ CI စနစ်ဖျက်သိမ်းရေးဆန္ဒပြနေချိန်ရိုက်နှက်ခံရသူ တိုင်ကြားမှုကို ထိုင်းလူ့အခွင့်အရေးကော်မရှင်လက်ခံပြီး စစ်ဆေးမယ်
ယူဂရင်း/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၆ တိုင်စာလက်ခံရရှိကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင်က ၂၀၂၆၊နိုဝင်ဘာ ၃ရက်ကထုတ်ပြန်ထားပုံ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ နိုဝင်ဘာ ၁ရက်နေ့က CI ဖျက်သိမ်းရေး အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကဆန္ဒပြနေချိန်မှာ ဦးဆောင်သူရိုက်နှက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်ကိုတိုင်ကြားလာတာကြောင့် လက်ခံစစ်ဆေးသွားမှာဖြစ်တယ်လို့ ကော်မရှင်ကဒီနေ့ နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Futur

BVJ
Nov 31 min read
bottom of page
