top of page

ကျောက်ကြီးမြို့နယ်ထဲက ဆေးပေးခန်းဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာဝန်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Dec 5, 2025
  • 1 min read

အေတီ/BVJ-ဒီဇင်ဘာ ၄၊ ၂၀၂၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာဆေးပေးခန်းကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းကတိုက်ခိုက်ခဲ့ပြီး၊ ရွာကိုလက်နက် ကြီးနဲ့ပစ်ခတ်ခဲ့အတွက် ဆရာဝန်နဲ့ဆေးဝန်ထမ်းတွေအပါအဝင် အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာ ၄ရက် ဒီကနေ့ နေ့လယ် ၁၂နာရီခွဲခန့်မှာ ဂျိုင်ရိုကော်ပတာ(စက်တပ်လေထီး)တစ်စီးက ညောင်ပင်သာကျေးရွာဆေးပေးခန်းပေါ်ကို ဗုံး နှစ်လုံးကြဲချခဲ့တဲ့အတွက် အသက် ၃၀ ကျော်အရွယ်ဆရာဝန်တစ်ဦးနဲ့ အသက် ၃၅ ဝန်းကျင် ဆေးခန်းအကူအမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဒါ့အပြင် စစ်အုပ်စုမြေပြင်တပ်က ညောင်ပင်သာရွာကိုလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာတဲ့လူနာတစ်ချို့ဟာ တောင်ငူဆေးရုံကြီးမှာကုသမှုခံယူနေကြောင်း အရေးပေါ်ကူညီရေးလုပ်ဆောင်နေတဲ့သူတစ်ဦးက အတည်ပြုပါတယ်။

PDFတပ်တွေခိုလှုံနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးရုံ၊ ဆေးပေးခန်းနဲ့ စာသင်ကျောင်း အရပ်သားပစ်မှတ်တွေကို အာဏာသိမ်းစစ်အုပ်စုက တိုက်ခိုက်မှုတွေဆက်တိုက် လုပ်ဆောင်နေတာပါ။ နိုဝင်ဘာ ၁၁ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်းမနားတိုက်နယ်ဆေးရုံကို လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာခုနှစ်ဦးနဲ့ ဆေးရုံဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပါတယ်။


၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ ၂၁ ရက်နေ့က ၂၈ရက်နေ့အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဟာ ဒေသ ၈ခုမှာဖြစ်စဥ် ၁၈ ခုရှိခဲ့ပြီး အနည်းဆုံး အရပ်သားပြည်သူ ၃၀ဦး သေဆုံးခဲ့သလို ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံတွင်းက စစ်ရေးပဋိပက္ခတွေကိုသုတေသနပြုလုပ်နေတဲ့ Nyan Lynn Thit Analyticaမှာ ဖော်ပြထားပါတယ်။

 
 
 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page