top of page
Full Length Articles


စစ်ပွဲတွေ ကြားထဲကပဲ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကြိုဆိုမှုတွေ ပြန်ရလာနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်
အေတီ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့ရှိ ဝန်ကြီးချုပ်ရုံးမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုတွေ့ဆုံခဲ့စဥ်က ထိုင်းနိုင်ငံကနေ မလေးရှားအထိ အာဆီယံ ခေါင်းဆောင်တွေဟာ မင်းအောင်လှိုင်ကို ပြန်လည် လက်ခံကြိုဆိုနေကြပေမဲ့၊ ဒါဟာ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်တဲ့ စစ်ကောင်စီကို ပိုပြီး ရဲတင်းလာစေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မလေးရှားနိုင်ငံဟာ..


ကောက်ကြောင်းရှည်ကြီး (သို့မဟုတ်) စန်းမင်းပိုင်ပေါ့ထရိတ်
ပြန်စရာအိမ်မကျန်တော့သော၊ ခေါ်စရာ အဖေအမေ မကျန်တော့သော အသက် (၂၂)အရွယ် လူလေး စန်းမင်းပိုင်၏ သူ့ ဘဝဇာတ်ကြောင်းကို သူယုံကြည်ရာ ရက်ပ်ဂီတဖြင့် ပြောပြမည့် သီချင်း (၅)ပုဒ်ပါ album (သူ့အခေါ် EP တခု) ယခု အောက်တိုဘာလမှာ ထွက်ဖို့ကြိုးစားနေသည်။ (၁) ဤသို့ဖြင့် နယ်စပ်မျဉ်းပေါ်မှ ကျွန်တော်တို့၏နေ့စွဲများအတွင်း တစ်မနက်ခင်းတွင် အတူနေ ညီအစ် ကိုတော်တစ်ဦး ကမ္ဘာပျက်ပါသည်။ မနက်စောစော အသံညံညံကြား၍ အရှေ့ခန်းသို့ထွက်၊ စပ်စုမိရာက နာရေးသတင်းကြားရ၏။ 'ကောင်းစံ’ အမေ၊ ရန်ကုန်ဆေးရုံတခုတွင် ယခုမနက်


မအလ၏ မလေးရှားခရီးစဥ် ၊ အမေရိကန်ဆွေးနွေးပွဲနှင့် တောခြောက်သံတမန်ရေးအက
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နှစ်ရက်တာ မလေးရှားခရီးစဥ်မှာ မလေးရှားအစိုးရက ကော်ဇောနီခင်း ကြိုဆို “ သမ္မတုမအလရဲ့ မလေးရှားခရီးစဥ် “ “အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးပွဲ” ဆိုတဲ့သတင်းတွေဟာ လူထုကြားလှုပ်ခတ်နေတဲ့ သတင်းတွေပါ။ ဒီကိစ္စတွေ ကို မဆွေးနွေးခင် သမ္မတတုမအလ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ထိုးဖောက်သိမြင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေရဲ့လားရာကို မှန်းဆနိုင်မှာပါ။ စစ်အုပ်စုရဲ့ မှီရာတည်ရာဖြစ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံမှ


နိုင်ငံတကာ ဆက်ဆံရေးနဲ့ ထာဝရအကျိုးစီး ပွား ဦးထိပ်ထားမှု
အေတီ အောက်တိုဘာ၈ရက်နေ့က မလေးရှားဝန်ကြီးချုပ်ရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ တွေ့ဆုံကြစဥ် "ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်" ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေး (Realpolitik) မှာ အဓိကကျတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီအယူအဆကို ဗြိတိသျှဝန်ကြီးချုပ် လော့ဒ် ပါးလ်မာစတန် (Lord Palmerston) က ၁၈၄၈ ခုနှစ်မှာ ဗြိတိသျှလွှတ်တော်ထဲမှာ စတင်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတွေ သို့


မလေးရှားကပြန်ပို့ခံရတဲ့သူတွေ အဓမ္မစစ်သားစုဆောင်းရေးကွန်ရက်ရဲ့သားကောင်တွေဖြစ်လာမှာကို စိုးရိမ်မှုများရှိနေ
အေတီ အောက်တိုဘာ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ရောက်လာတဲ့ ပထမအသုတ် ၁,၄၇၆ ဦးမှာ အမျိုးသားတွေ အများစုပါဝင်ပြီး ကလေး ၂၇ ဦးနဲ့ အမျိုးသမီး ၇၉ ဦး ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ မကောင်းသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သတိပေးနေတဲ့ကြားထဲကပဲ မလေးရှားနိုင်ငံကနေ ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ရောက်လာတဲ့ ပထမအသုတ်မှာ


“အိဆင်းပြိုကျနေသော မြန်မာ့စီးပွားရေး”
လင်းယုန်နက် သမ္မတတု မအလရဲ့ စီးပွားရေးမူဝါဒကို တစ်ကြောင်းတည်းပြောပါဆို “လူထုကိုစစ်ခင်းနှိမ်နင်းဖို့ တိုင်းပြည်အတွင်းဝင်လာသမျှ ဒေါ်လာငွေတွေသိမ်းကြုံးလက်ဝါးအုပ် ချုပ်ကိုင်ရေး”လို့သာပြောလိုက်ပါ။ သမ္မတတု မအလရဲ့ပြောစကားတို့ကိုနားထောင်ကြပါကုန်! “ပြည်တွင်းထုတ်ကုန်တွေကိုကြိုးစားပမ်းစားမထုတ်၊ နိုင်ငံခြားသွင်းကုန်တွေကိုသာ တင်သွင်းအလွယ်လိုက်၊ လူငယ်တွေကတိုင်းပြည်အတွက် အလုပ်မလုပ်ချင် နိုင်ငံခြားကိုထွက်အချောင်လမ်းလိုက်၊ ပညာမတတ်အတွေးအခေါ်မဲ့တဲ့ လူငယ်တွေကအကြမ်း ဖက်အလုပ်တွေလုပ်နေကြ” စသဖြင့်


နိုင်ငံရေးနဲ့ ကင်းကင်းနေချင်တဲ့ အဆိုတော် အက်ဒ်ရှီးရန် (Ed Sheeran) ဘာတွေရင်ဆိုင်နေရတာလဲ
အေတီ သူနဲ့ ပူးပေါင်းဖျော်ဖြေမယ်အဖွဲ့တွေ ရပ်ဆိုင်းလာတာကြောင့် အက်ဒ်ရှီရန်က သူ့ရဲ့ ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းတော့မှာလား။ အဆိုတော် အက်ဒ်ရှီရန်ဟာ အမေရိကန်ပြည်ထောင်စုမှာ လုပ်မယ့် သူ့ရဲ့ အားကစားကွင်း ဖျော်ဖြေပွဲခရီးစဉ်ကနေ ရက်ပ်ပါ အဆိုတော် မက်ကယ်မိုး (Macklemore) ကို ဖြုတ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာမုန်တိုင်းကြီးနောက်မှာ သူ့ရဲ့ ဂီတသမိုင်းတစ်လျှောက် အကြီးမားဆုံး ဝေဖန်မှုစိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ ရှီရန်ဟာ အချိန်ကာလ အတိုအတွင်း အောင်မြင်မှုအကြီးမားဆုံး


တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ပိတ်လိုက်ရတဲ့ ဟောင်ကောင်က စာအုပ်ဆိုင်လေး
သူရ "Have a Nice Stay" စာအုပ်ဆိုင်ရဲ့ နောက်ဆုံးနေ့မှာ ပူးတွဲတည်ထောင်သူ Sum Wan-wah က လာရောက်အားပေးကြတဲ့ သတင်းထောက်တွေနဲ့ စာအုပ်ချစ်သူတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတဲ့ မြင်ကွင်း ဒီနေ့ ဟောင်ကောင်မှာ လွတ်လပ်တဲ့ စာအုပ်ဆိုင်လေး တစ်ဆိုင် မပိတ်ခင် လူတွေ တန်းစီပြီး နှုတ်ဆက်နေကြပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ နိုင်ငံတော်ပုန်ကန်မှုကို လှုံ့ဆော်တဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရအမိန့်အရ ရဲတွေ ဝင်ရောက်စီးနင်းခံခဲ့ရပြီးနောက်၊ ဆိုင်ရှင်တွေက "လုပ်ငန်းလည်


"ဆုံးရှုံးသွားတဲ့နယ်မြေတွေ ကို စစ်အုပ်စုက ဘယ်လိုပြန်သိမ်းပိုက်နိုင်လာတာလဲ "
အေတီ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ် လွိုင်တိုင်းလန်းမှာ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားမှာ ရှမ်းပြည်တပ်မတော် (SSA) တပ်သားများ ချီတက်နေစဉ်။ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေသစ် ၊ မရပ်မနား ဆက်တိုက်ကြဲချနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ အဓိကမြို့နယ်တွေ လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တုန်းက အာဏာသိမ်းစစ


အင်ဖန်တီနိုရဲ့ အနာဂတ်နဲ့ UEFAက သပိတ်မှောက်ဖို့ ပြင်ဆင်နေမှု
အီးကေ UEFA ဥက္ကဌ Aleksander Ceferin (ဘယ်) က Gianni Infantino (ညာ) မှ တွန်းအားပေးမှုတွေ ကို အခိုင်အမာ ဆန့်ကျင်ခဲ့ ဇူလိုင်လ ၃၀ ရက်၊ ကြာသပတေးနေ့ ညနေ ၄ နာရီမှာပဲ ဘောလုံးလောကတစ်ခုလုံး တုန်လှုပ် သွားစေတဲ့ သတင်းတစ်ခု ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ FIFAဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက သူ့ရဲ့ ရန်ပုံငွေရှာတဲ့ စီမံချက်ကို ဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုရင်၊ "UEFA နဲ့ သူ့လက်အောက်ခံ အဖွဲ့ဝင်နိုင်ငံတွေဟာ ဖီဖာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) က ပြတ်ပ


“ ဗလာနတ္ထိ ထိုရက်(၁၀၀) ”
လင်းယုန်နက် ၂၀၂၁ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲလုပ်၊ လွှတ်တော်တုကနေ အရပ်သားအစိုးရခေါင်းဆောင်ပုံစံမျိုးဖြစ်အောင် အသွင်ပြောင်းဖို့ ကြိုးစားနေပါတယ်။ မအလဆီမှာ တိုင်းပြည်ကို တိုးတက်စေနိုင်မယ့် ‘အတွေးအခေါ်၊ အမျှော်အမြင်’ ဆိုတာ ‘ဗလာနတ္ထိ’ ပါ အာဏာသိမ်း၊ ရွေးကောက်ပွဲတုလုပ်ပြီး သမ္မတ ဖြစ်လာတဲ့မအလက အခွင့်အရေးရတိုင်း ၂၀၂၀ ရွေး ကောက်ပွဲရလဒ် လိမ်လည်မှုလို့ အကြီးအကျယ်ဝါဒဖြန့် ပြောဆိုနေတာက “အိုးမလုံ အုံပွင့်” တာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ‘ဗလာန


"ပိုးဟပ်ပါတီ ဆန္ဒပြပွဲနဲ့ ဟယ်ရီတန်အရေးအခင်း "
အီးကေ/BVJ အိန္ဒိယနိုင်ငံမှာ ၅ ပတ်ကြာအရှိန်အဟုန်ပြင်းခဲ့တဲ့ "ပိုးဟပ်ပါတီ (Cockroach Janta Party - CJP)"ကဦးဆောင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ပညာရေးဝန်ကြီး Dharmendra Pradhan နုတ်ထွက်သွားမှုနဲ့အတူအဆုံးသတ်သွားခဲ့ပါပြီ။ ဆေးကျောင်းဝင်ခွင့် စာမေးပွဲမေးခွန်းပေါက်ကြားမှုကနေစခဲ့တဲ့ဒီလှုပ်ရှားမှုဟာ လူငယ်တွေရဲ့စုပေါင်းအင်အားနဲ့ အိန္ဒိယရဲ့အကြီးမားဆုံးကျောင်းသားလှုပ်ရှားမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလို စာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသားတွေအုံကြွခဲ့တဲ့ အလားတူဖြစ်ရပ်မျိုး မြန်မာနိုင်ငံ


ထိုင်းအစိုးရရဲ့ "နှစ်လမ်းသွား" ချဉ်းကပ်မှု မြန်မာစစ်အုပ်စု ကို အသိအမှတ်ပြုပေးရာ ရောက်နေပီလား
အေတီ အရပ်သားအစိုးရ ပုံစံအသွင်ပြောင်းဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အဖွဲ့ သြဂုတ်လ၇ရက်နေ့မှာ ထိုင်းကိုသွားဖို့ရှိ "အာဆီယံမူဝါဒကို မျက်နှာဖုံးစွပ်ပြီး ကိုယ့်နိုင်ငံရေး အကျိုးအမြတ်အတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေတာ" မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်သားခေါင်းဆောင်ပုံစံမျိုး အသွင်ယူပြီး လာမယ့် သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင်က ဖိတ်ကြားထားတာဖြစ်ပြီး၊ အဓိကအားဖြင့် မြ
bottom of page
