top of page

တိုက်ပွဲတွေဖြစ်နေတဲ့မိုးကုတ်မြို့ နောက်ဆုံးအခြေအနေ

  • Writer: BVJ
    BVJ
  • Dec 2, 2025
  • 1 min read

အီးကေ/BVJ_ဒီဇင်ဘာ ၁၊ ၂၀၂၅


ဓာတ်ပုံ-Soe Thura Zaw facebook
ဓာတ်ပုံ-Soe Thura Zaw facebook

မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲပြန်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်က မြို့အဝင်အထွက်ဂိတ်တွေမှာ နေရာယူထားလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြင်အထိပါထိုးဖောက်လာတာကြောင့် ဒီနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နေ့လယ်အထိကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။


“ဒီမှာတိုက်ပွဲပြန်ဖြစ်နေပြီ။‌ တော်လှန်ရေးတပ်အဖွဲစုံနဲ့ မနေ့ထဲကမိုးမိတ်နဲ့ မိုးမိတ်ကြားမှာဖြစ်နေတာ။ မြို့ထဲကနေ စခ(စစ်အုပ်စုတပ်)တွေကမြို့ပြင်တွေဖက် လက်နက်ကြီးတွေနဲ့ပစ်နေတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက BVJကိုအတည်ပြုပါတယ်။

၁၀၂၇စစ်ဆင်ရေးမှာ မိုးကုတ်မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ တအာင်းတပ်မတော်-TNLAဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် မိုးကုတ်မြို့ကနေဆုတ်ခွာပေးခဲ့ရတဲ့အတွက် နိုဝင်ဘာ၂၈ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်ကအင်အားအလုံးအရင်းနဲ့ မိုးကုတ်မြို့ထဲဝင်ရောက်တပ်စွဲခဲ့ပါတယ်။


TNLAတပ်ထွက်ခွာသွားပြီးနောက် တောင်းဆိုမှုကြောင့် NUGကွပ်ကဲမှုအောက်ကတပ်တွေဟာ မိုးကုတ်မြို့ကနေဆုတ်ခွာပြီးမြို့ပြင်မှာနေရာယူထားကြပါတယ်။ ဒါပေမယ့်လည်းစစ်အုပ်စုတပ်က မိုးကုတ်မြို့ပြင်အထိပါထိန်းချုပ်နေရာယူဖို့ကြိုးစားလာတာကြောင့် နိုဝင်ဘာ ၂၉ရက်နောက်ပိုင်းမှာ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပါတယ်။


လက်ရှိမိုးကုတ်မြို့အခြေအနေဟာ ကိုးကန့်တပ်-MNDAAတပ်တွေ လားရှိုးမြို့ကနောက်ဆုတ်ပေးခဲ့ရတဲ့အခြေအနေလိုပဲ အာဏာသိမ်းစစ်တပ်က မြို့ထဲနေရာယူထားပြီး တော်လှန်ရေးတပ်တွေကမြို့ပြင်မှာတပ်စွဲထားကြတာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page