ရွေးကောက်ပွဲမှာမဲမပေးဖို့နဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ အသံတိတ်သပိတ်လုပ်ဖို့ ကိုတေဇာစန်းနဲ့အဖွဲ့ တိုက်တွန်းတောင်းဆို
- BVJ

- Dec 5
- 1 min read
အီးကေ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်နဲ့ မန္တလေးဘက်ရောက်နေတဲ့အချိန်မှာ ကိုတေဇာဆန်းဦးဆောင်တဲ့ ကိုနန်းလင်း (ရန်ကုန်)၊ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ပါဝင်တဲ့ လူထုလှုပ်ရှားမှုအဖွဲ့က မန္တလေးမြို့လယ်ဖြစ်တဲ့ ဈေးချိုတော်အနီးမှာ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဆန္ဒပြပွဲကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး လွတ်ပေးရေး၊ စစ်အုပ်စုရဲ့အတုအယောင်၊ တရားမဝင်ရွေးကောက်ပွဲ” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ”ကို လုံးဝဖျက်သိမ်းရေး တောင်းဆိုချက်သုံးခုကို တောင်းဆိုသွားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ရက်နေ့မှာကျင်းပမယ့် စစ်အုပ်စုရွေးကောက်ပွဲမှာ မဲမပေးကြဖို့တိုက်တွန်းသွားပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ အိမ်အပြင်မထွက်ဘဲ အသံတိတ်သပိတ်(Silent Strike)ပါဝင်ဆင်နွှဲဖို့လည်း တိုက်တွန်းသွားပါတယ်။







Comments