top of page

ကလေးသုံးယောက်မိခင် နိုဗီချော့အဆိပ်ကြောင့်သေဆုံးတဲ့ကိစ္စ ရုရှားသမ္မတပူတင်မှာအပြည့်အဝတာဝန်ရှိကြောင်း အစီရင်ခံစာသစ်ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Dec 5, 2025
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၅၊ ၂၀၂၅

အင်္ဂလန်မှာ နိုဗီချော့အဆိပ်မိပြီးသေဆုံးခဲ့တဲ့ Dawn Sturgess ဒွန်စတာဂျက်စ် သေဆုံးမှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်မှာတာဝန်ရှိတယ်လို့ ယူကေကထုတ်ပြန်တဲ့အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။


အင်္ဂလန်အနောက်တောင်ပိုင်း ဝီလ်ရှိုင်းယားအရပ် အမ်းစ်ဘာရီမြို့က လမ်းဘေးမှာတွေ့တဲ့ နိုဗီချော့အဆိပ်တွေပါတဲ့ Nina Ricci ရေမွှေးပုလင်းထဲက ရေမွှေးတွေရူမိတာကြောင့် အသက် ၄၄ နှစ်အရွယ် ကလေးသုံးယောက်မိခင် ဒွန်စတာဂျက်စ် ၂၀၁၈ခုနှစ် ဇူလိုင်လကသေဆုံးခဲ့ပါတယ်။


၂၀၁၈ ခုနှစ် မတ်လကလည်း အင်္ဂလန်နိုင်ငံ Salisbury မြို့မှာနေထိုင်နေတဲ့ ရုရှား သူလျှိုဟောင်း ဆာဂေးစကစ်ပါလ်နဲ့ သမီးယူလီယာတို့ နိုဗီချော့အဆိပ်နဲ့လုပ်ကြံခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ယူကေအစိုးရက ရုရှားကို အပြစ်တင်ထားပါတယ်။


နိုဗီချော့အဆိပ်နဲ့လုပ်ကြံခံရတာတွေနဲ့ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်က အဓိကတာဝန်ရှိတဲ့သူ နောက်ကွယ်ကကြိုးကိုင်သူအဖြစ် ယူကေအစိုးရတာဝန်ရှိတဲ့သူတွေက ယုံကြည်ထားကြပါတယ်။

ဆာဂေးစကစ်ပယ်လ်နဲ့ ယူလီယာတို့ကုသမှုခံယူပြီးသေဘေးက လွှတ်မြောက်ခဲ့ကြပေမယ့် Nina နိုဗီချော့အဆီပ်တွေထည့်ထားတဲ့ Nina Ricci ရေမွှေးပုလင်းထဲက ရေမွှေးတွေရူမိတဲ့ ဒွန်စတာဂျက်စ်ကတော့ သေဆုံးသွားခဲ့ပါတယ်။


ဒွန်စတားဂျက်စ်သေဆုံးခဲ့တဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ ယူကေအစိုးရ ပြည်ထဲရေးဝန်ကြီး ပရီတယ်ပါတဲလ်က ၂၀၂၁ခုနှစ်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ မနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ရက်သတ္တပတ်ခုနစ်ပတ်ကြာပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုက ရုရှားကနေယူကေကို နိုဗီချော့အဆိပ်သယ်ယူလာမှုမှာ ရုရှားသမ္မပူတင်ကခွင့်ပြုခဲ့တယ်လို့ ကောက်ချက်စွဲထားမှုကို မနေ့ကထပ်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။


ဒွန်စတာဂျက်စ်သေဆုံးတဲ့ကိစ္စနဲ့ ရုရှား သူလျှိုဟောင်း ဆာဂေးစကစ်ပါလ်နဲ့ သမီးယူလီယာတို့ နိုဗီချော့အဆိပ်နဲ့လုပ်ကြံခံရတာကိစ္စဟာတရားခံတစ်ဦးထဲဖြစ်တယ်လို့ ကောက်ချက်စွဲထားပါတယ်။

နိုဗီချော့အဆိပ်နဲ့ လုပ်ကြံတိုက်ခိုက်မှုမှာအသက်မသေခဲ့တဲ့ ရုရှားသူလျှိုဟောင်း ဆာဂေးစကစ်ပါလ်နဲ့ သမီးယူလီယာ
နိုဗီချော့အဆိပ်နဲ့ လုပ်ကြံတိုက်ခိုက်မှုမှာအသက်မသေခဲ့တဲ့ ရုရှားသူလျှိုဟောင်း ဆာဂေးစကစ်ပါလ်နဲ့ သမီးယူလီယာ

ရုရှားကနေ ယူကေနိုင်ငံထဲထိလာပြီး နိုဗီချော့အဆိပ်နဲ့လုပ်ကြံဖို့အစီအစဥ်ကို ရုရှားထောက်လှမ်းရေးအေးဂျင့် ပီထရော့ဗ်၊ဘိုရှီရှော့ဗ်နဲ့ ဖီဒိုတော့ဗ်တို့က လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး စစ်ဆင်ရေးကို ရုရှားသမ္မတပူတင်ကိုယ်တိုင် အမိန့်ပေးစေခိုင်းတာလို့ ဒွန်စတာဂျက်စ်ကိစ္စ စုံစမ်းစစ်ဆေးမှုကို နောက်ကွယ်ကဦးဆောင်သူ Rt Hon Lord Hughesက အတည်ပြုပါတယ်။


နိုဗီချော့အဆိပ်ဟာ အခြားဓာတုအဆိပ်တွေထက်ပြင်းထန်ပြီး စက္ကန့်သုံးဆယ်ကနေ နှစ်မိနစ်အတွင်းမိသွားတဲ့ လူမှာအာနိသင်ပြနိုင်ပြီး ဒီအဆိပ်ကိုရှူမိတာ၊ အစားအစာနဲ့ရောပြီးစားမိတာနဲ့ အရေပြားနဲ့ထိမိရာကတစ်ဆင့် အဆိပ်မိတာ မျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။


ပုံစာ- ဆာဂေးစကစ်ပါလ်ကိုလုပ်ကြံဖို့ ရုရှားအေးဂျင့်တွေ ယူကေကိုယူလာတဲ့ နိုဗီချော့အဆိပ်တွေရှူမိပြီး ဒွန်စတာဂျက်စ် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ခရက်ဒစ် -Metro

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page