top of page

အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်အပါအဝင် နိုင်ကျဥ်း ၈၃ ဦး သာယာဝတီထောင်က ဒီနေ့လွတ်မြောက်လာ

  • Writer: BVJ
    BVJ
  • Dec 2, 2025
  • 1 min read

အေတီ/BVJ_ ဒီဇင်ဘာ ၁၊ ၂၀၂၅

အလွတ်တန်းသတင်းထောက်မထက်ထက်ခိုင်(ဓါတ်ပုံ- BBC Media Action)
အလွတ်တန်းသတင်းထောက်မထက်ထက်ခိုင်(ဓါတ်ပုံ- BBC Media Action)

သာယာဝတီထောင်က နိုင်ငံ‌ရေးအကျဥ်းသား (၈၃)ဦးဟာ ဒီနေ့ဒီဇင်ဘာ ၁ရက်နေ့မှာ ပြန်လွတ်လာပြီလို့သိရပါတယ်။

လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသား (၈၃)ဦးဟာ အမျိုးသား(၇၇)ဦးနဲ့ အမျိုးသမီး(၆)ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ BBC Media Actionရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်လည်းပါဝင်လာပါတယ်။


အလွတ်သတင်းထောက် မထက်ထက်ခိုင်ဟာ ပုဒ်မ၅၀၅(က)အပြင် ပုဒ်မ ၁၇/၁နဲ့ စုစုပေါင်း ထောင်ဒဏ်၆နှစ်ချခံထားရတဲ့သူဖြစ်ပြီး သူနဲ့အတူ ၁၇/၁ ပုဒ်မနဲ့ထောင်ချခံထားတဲ့အမျိုးသမီးနှစ်ဦးလည်း ဒီနေ့လွတ်မြောက်လာတဲ့သူတွေထဲ ပါဝင်တယ်လို့ သာယာဝတီထောင်ကလွတ်မြောက်လာတဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။


“သာယာဝတီထောင်က မသဥ္ဇာဇော်၊ မမြမဒီ၊ မလွင်လွင်ညွန့်တို့နဲ့ အတူ ၅၀၅(က)အပြင် ၁၇/၁ပုဒ်မပါတွဲခံထားရတဲ့ ပေါက်စီ ခေါ် မဝေဝေအောင်၊မထက်ထက်ခိုင်၊ မထက်ထက်အောင်တို့လည်းဒီနေ့လွတ်တယ်”လို့ နီးစပ်သူက ပြောပါတယ်။

သာယာဝတီထောင်က ဒီနေ့လွတ်မြောက်လာတဲ့သူတွေထဲမှာ ၅၀၅(က)အပြင် ၁၇/၁ပုဒ်မလိုပုဒ်မနဲ့တရားစွဲခံရတဲ့သူ ဘယ်လောက်ပါဝင်နေလဲဆိုတာသိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။


အာဏာသိမ်းစစ်အုပ်စုက အလွတ်သတင်းထောက်မထက်ထက်ခိုင်ကို ဝါရင့်သတင်းစာဆရာဦးစည်သူအောင်မြင့်နဲ့အတူ သြဂုတ်လ ၁၅ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၅၀၅(က)ပုဒ်မနဲ့ ထောင် ၃ နှစ်၊ ၁၇/၁ပုဒ်မနဲ့ ထောင် ၃ှ နှစ် စုစုပေါင်းထောင် ၆ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့လွတ်မြောက်တဲ့သူတွေထဲမှာ မထက်ထက်ခိုင်နဲ့အမှုတွဲဖြစ်တဲ့ သတင်းစာဆရာဦးစည်သူ​အောင်မြင့်လည်း ရန်ကုန်၊အင်းစိန်​ထောင်ကလွတ်လာတဲ့အထဲပါဝင်တယ်လို့ သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page