top of page


ခင်ဦးမြို့နယ်ထဲတပ်စွဲထားတဲ့စစ်အုပ်စုစစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရ
◼️ စစ်အုပ်စုဘက်ကသေဆုံးမှုများပြီး လက်နက်အများအပြားရရှိ အေတီ/BVJ - နိုဝင်ဘာ ၂၄၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က မုံလှကျေးရွာထဲမှာ ယာယီတပ်အထိုင်ချထားတဲ့ ခန်မှန်းခြေအင်အား ၁၈၀ခန့်ရှိတဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်ကြောင်းကို မုံလှစံပြကျေးရွာကနေ ပျဉ်ထောင်ရွာကိုကူးတဲ့အချိန်မှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခဲ့တဲ့အတွက် စစ်ကြောင်းတကြောင်းလုံးပျက်လုနီးပါးဖြစ်သွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ၂၃ရ


ဗိုလ်ဓူဝံကိစ္စ စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း နေပြည်တော်PDFတပ်ဖွဲ့ ထုတ်ပြန်
အီးကေ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေ ၂၀၂၅ခုနှစ် မေလ ၂၆ရက်နေ့မှာ နေပြည်တော်PDFတပ်ဖွဲ့က ရဲဘော်တွေကို လာရောက်တွေ့ဆုံနေပုံ။ အမျိုးသမီးတစ်ဦးကို ၂၀၂၅ခုနှစ် နိုဝင်ဘာ၈ရက်နေ့က ရိုက်နှက်ခြိမ်းခြောက်ခဲ့မှုနဲ့တိုင်ကြားခံထားရတဲ့ နေပြည်တော်တိုင်းစစ်ဌာန စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူမေးမြန်းစစ်ဆေးမေးမြန်းမှုတွေစတင်လုပ်နေပြီလို့ နေပြည်တော်PDFတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကရင်နီပြည်နယ်အခြေစိုက် နေပြည်တေ


ဒေါ်ကြည်ပြာနဲ့ခင်ပွန်းကို တာဝန်ကယာယီရပ်နားပြီး NUGစစ်ဆေးနေ
မိုနာ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဦးညီညီမင်း(ဓါတ်ပုံ-KyiPyar Facebook) အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို စစ်ဆေးပေးဖို့တိုင်ကြားထားတဲ့အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းထားပြီးလို့ NUGက ဒီနေ့ နိုဝင်ဘာ ၂၄ရက် နေ့လယ်မှာ အသိပေးထုတ်ပြန်လာပါတယ်။ စုံစမ်းစစ်ဆေးမှုပြုလုပ်နေချိန်အတွင်းမှာ တိုင်ကြားခံရသူတွေကို အခုလ ၂၂ရက်ကစပြီး တာဝန်ကနေ ယာယီရပ်နားထားပြီလို့လည်း ဖော်ပြပါတယ်။ ဒေါ်ကြည်ပြာနဲ့ခင်ပွန်း


ကာကွယ်ရေးအမြင်ရှိသူကို စဉ်းစားရွေးချယ်မဲပေးဖို့ စစ်ခေါင်းဆောင်မှာနေ
ယူဂရင်း/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅ လာမယ့်ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးကြဖို့နဲ့ မဲပေးရာမှာလည်းအဓိကအားဖြင့် တိုင်းပြည်နဲ့ဒေသအကျိုးကို စေတနာထားဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ကာကွယ်ရေးအမြင်ရှိသူတွေကို စဉ်းစားရွေးချယ်မဲပေးကြစေလိုတယ်ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောနေပါတယ်။ မနေ့က နိုဝင်ဘာ ၂၃ရက်က ဧရာဝတီတိုင်း၊မအူပင်မြို့ကိုသွားရောက်ချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။ လွတ်လပ


ကံထူးမရွာဆေးရုံ ညသန်းခေါင်ဗုံးကြဲခံရပြီး အရပ်သား ၆ ဦးသေဆုံး
မိုနာ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅ ဓါတ်ပုံ-စက်တင်ဘာ ၂၆ရက်နေ့က ကံထူးမရွာရှိဆီဆိုင်ဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကံထူးမရွာရှိ ဆေးရုံနဲ့ကားပြင်ဆိုင်ကို စစ်အုပ်စုက ညသန်းခေါင်အချိန်မှာ နှစ်ကြိမ်တိုင်ဗုံးကြဲသွားတာကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၄ရက်မနက်အစောပိုင်း ၁၂နာရီကျော်မှာ ဆေးရုံကိုဗုံးကြဲသွားတာဖြစ်ပါတယ်။ “အချိန်ခြားပြီး နှစ်ကြိမ်ကြဲသွားတာ။ ဆေးရုံကဓါတ်မှန်ခန်းထိသွားတယ်။ သေဆုံးသူရောထိခိုက်ဒဏ်ရာရရေ


ဂွမြိုနဲ့မြောက်ဦးမြို့ ဗုံးကြဲတိုက်ခိုက်ခံရ၊ လူသေဆုံး ဒဏ်ရာရမှုရှိ
BVJ/ဂျိုး_နိုဝင်ဘာ ၂၁၊ ၂၀၂၅ ဗုံးကြဲခံရတဲ့ ရခိုင်တောင်ပိုင်း ဂွမြိုနယ်၊ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်က နေအိမ်။(ဓာတ်ပုံ- APM) အာဏာသိမ်းစစ်အုပ်စုက ရခိုင်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် သေဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။ မနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့ကိုဗုံးကြဲခဲ့ပြီး၊ ရခိုင်တောင်ပိုင်းက ဂွမြို့တို့ကို ဒီနေ့မှာဗုံးကြဲခဲ့ပါတယ်။ ရခိုင်တောင်ပိုင်း ဂွမြိုနယ်၊ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်ဟာ ဒီကနေ့ နေ့လည် ၁နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရ


လွှတ်တော်ထဲ ခေါင်းမြီးခြုံဝတ်စုံနဲ့ဝင်လာလို့ သြစတြေးလျလွှတ်တော်အမတ် ဝေဖန်ခံနေရ
အေတီ/BVJ_ နိုဝင်ဘာ ၂၅၊ ၂၀၂၅ ဘူရ်ကာလို့ခေါ်တဲ့ မူဆလင်အမျိုးသမီးတွေဝတ်တဲ့ ခေါင်းမြီးခြုံဝတ်စုံကိုမဝတ်ဖို့တားမြစ်တဲ့ဥပဒေမူကြမ်း လွှတ်တော်မှာတင်သွင်းတဲ့အထက်လွှတ်တော်အမတ် ပေါလင်းဟန်ဆန်ရဲ့အဆိုကို သြစတြေးလျလွှတ်တော်ကပယ်ချလိုက်ပြီးနောက် မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့အဆိုတင်သွင်းမှုကို သြစတြေးလျလွှတ်တော်က ပိတ်ပင်တားမြစ်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အသက်၇၁နှစ်အရွယ်လွှတ်တော်အမတ်ဖြစ်တဲ့ ပေါလင်းဟန်ဆန်ဟာ အိမ်ကိုခဏပြန်သွားပြီးနောက် မျက်လုံးပဲဖော်ထားတဲ့ တကိုယ်လုံးအန


ကျားဖြန့်ကိစ္စနဲ့စစ်အုပ်စုရွေးကောက်ပွဲအကြောင်း အဓိကထားဆွေးနွေးခဲ့ကြတဲ့ အမေရိကန်လွှတ်တော်ကြားနာပွဲ
အီးကေ/BVJ- နိုဝင်ဘာ ၂၁၊ ၂၀၂၅ Witnesses အနေနဲ့တက်ရောက်ခဲ့ကြတဲ့ Atlantic Council's Indo-Pacific Security Initiative အဖွဲ့က Kelley Eckels Currie၊ Stimson Center က Steve Ross၊ Refugee Women for Peace and Justice (RWPJ)အဖွဲ့က Lucky Karim အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ကြားနာပွဲ parliamentary hearingတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ အာဏာသိမ်းစစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲ၊ ကျားဖြန့်ကိစ္စအပါအဝင် မြန်မာပြည်သူတွေကို အကူအညီပေးရေးကိစ္စတွေဆွ


တရုတ်သူလျှိုလို့စွပ်စွဲခံထားရတဲ့ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း ထောင်တသက်ချမှတ်ခံရ
အေတီ/BVJ_ နိုဝင်ဘာ ၂၀၊ ၂၀၂၅ ဖိလစ်ပိုင်နိုင်ငံ ဘမ်ဘန်မြို့ မြို့တော်ဝန်ဟောင်း Alice Guo အဲလက်စ်ဂိုအာကို တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်မှုနဲ့ ဖိလစ်ပိုင်တရားရုံးက ဒီနေ့ နိုဝင်ဘာ၂၀ရက်နေ့မှာ ထောင်ဒဏ်တသက်ချမှတ်လိုက်ပါတယ်။ လူကုန်ကူးမှုမှာအပြစ်ရှိကြောင်း စစ်ဆေးရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အဲလက်စ်ဂိုအာကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ ရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီက အတည်ပြုပါတယ်။အဲလက်စ်ဂိုအာနဲ့ အတူ နောက်ထပ်သုံးဦးကို ထောင်ဒဏ်တစ်သက်နဲ့ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၃,၈၃၂နဲ့ညီမျ


NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
အေတီ/BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၅ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်တို့ ကန်ဘာရာမြို့ ပါလီမန် အဆောက်အအုံထဲက ဝန်ကြီးရုံးခန်းမှာ နိုဝင်ဘာ၁၇ရက်က တွေ့ဆုံခဲ့စဥ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကို ကန်ဘာရာမြို့ ပါလီမန်အဆောက်အအုံထဲက ဝန်ကြီးရုံးခန်းမှာ အခုလ နိုဝင်ဘာ ၁၇ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲဟာ ပွင့်လင်းနွေးထွေးမှုရှိပြီး၊ မြန်မာနိုင်ငံအတွင်းက


အိမ်ဖြူတော် ညစာစားပွဲတက်ရောက်ခဲ့တဲ့ ရော်နယ်ဒို
BVJ_နိုဝင်ဘာ ၁၉၊၂၀၂၅ ကမ္ဘာကျော်ဘောလုံးသမား ခရီတီယာနိုရော်နယ်ဒိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအိမ်ရှေ့မင်းသားကိုတည်ခင်းတဲ့ အိမ်ဖြူတော်ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ရော်နယ်ဒယ်ကို အိမ်ရှင်အဖြစ်ဧည့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊သူ့သားက ရော်နယ်ဒိုရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း ညစာစားပွဲမှာဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ ဆော်ဒီလိဂ် Al-Nassr အသင်းမှာကစားနေတဲ့ ရော်နယ်ဒိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆယ်လ်မန်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အိမ်ဖြူတော်ညစာစားပွဲကိုတက်တာ


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ သေဒဏ်ချမှတ်ခံရ
◾️ သူ့ကိုပြန်ပို့ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကိုတောင်းဆိုထား အေတီ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ပြီးခဲ့တဲ့နှစ်ကျောင်းသားတွေ ဦးဆောင်တဲ့ဆန္ဒပြပွဲမှာ အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာရာဇဝတ်မှု ခုံရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒါကာမြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ရှိတ်ဟာစီနာနဲ့အတူ ပြည်ထဲရေးဝန်ကြီးဟောင်း Asaduzzaman Khanကိုလည်း ဆန္ဒပြတဲ့သူထော

06:53

01:50

02:56

08:31

04:22

06:27

05:35

16:08
bottom of page















