top of page


လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး အဆင်ပြေအောင်ညှိနှိုင်းဖို့ NUGနဲ့မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ သဘောတူ
မိုနာ/BVJ_ဧပြီ ၃၊ ၂၀၂၆ ပေါက်နဲ့မြိုင်ဒေသခံများ ဧပြီ ၂ရက်က ဆန္ဒပြနေပုံ(ဓါတ်ပုံ-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ) လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အတွင်းရှိ သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိခေါင်းဆောင်တွေ မနေ့က ဧပြီ ၂ရက်မှာအွန်လိုင်းကနေဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။ ပခုက္ကူခရိုင်အတွင်းက ရေနံတွင်းနဲ့ရေနံမှော်တွေရှိရာဒေသကို NUG၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်က PDF ရဲဘော်တွေကအင်အားအလုံးအရင်းနဲ့ ပြီးခဲ

BVJ
Apr 31 min read


ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် ထောင်ကလွတ်မြောက်လာ
ယူဂရင်း/BVJ_ဧပြီ ၁၊ ၂၀၂၆ ကိုဂျိမ်း(ခ)ကိုလင်းထက်နိုင်(ဓါတ်ပုံ-မဖြိုးဖြိုးအောင် FB) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ဒီနေ့ဧပြီ ၁ရက်မှာ ထောင်ကလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ကိုလင်းထက်နိုင်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ရက်မှာ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်မှာ စစ်အုပ်စုကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)၊၅၀(ည)တို့နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့လွတ်မြောက်လာတာဟာ လွတ်ရက်စေ့လို့လွတ်မြောက်လာတာ

BVJ
Apr 11 min read


မကွေးမှာ NUGတပ်နဲ့ဒေသတပ်ဖွဲ့တွေကြား သဘာဝသယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခဖြစ်ပေါ်နေ
မိုနာ/BVJ_ဧပြီ ၁၊ ၂၀၂၆ မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၅ / ၂၀၂၅ ) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃၁ရက်ကကျင်းပခဲ့ပုံ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားနေတာကြောင့် လက်နက်နဲ့မဖြေရှင်းဘဲညှိနှိုင်းဖြေရှင်းဖို့ကို ဒေသတွင်းအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ ပခုက္ကူခရိုင်အတွင်းက ရေနံတွင်းနဲ့ရေနံမှော်တွေရှိရာဒေသကို NUG၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်က PDF ရဲဘော်တွေကအင်အားအလုံးအရင်းနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က ဝင်ရောက်လာ

BVJ
Apr 11 min read


စစ်ခေါင်းဆောင် ဒုသမ္မတအဖြစ် မဲခွဲအနိုင်ရလာ
မိုနာ/BVJ_ မတ် ၃၁၊၂၀၂၆ ဒီနေ့ မတ်လ ၃၁ရက်မှာကျင်းပတဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးမှာ ဒုတိယသမ္မတအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းထားတဲ့ တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေနဲ့စစ်ခေါင်းဆောင်ကို မဲခွဲဆုံးဖြတ်ရာမှာ စစ်ခေါင်းဆောင်က မဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ၁၀ မဲရရှိခဲ့တာပါ။ မဲပေးခွင့်ရ

BVJ
Mar 311 min read


တော်လှန်ရေးတဆင့်တက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်း
ယူဂရင်း/BVJ_မတ် ၃၁၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကချင်လွတ်လပ်ရေးအဖွဲ့-KIO၊ကရင်နီ အမျိုး သားတိုးတက်ရေးပါတီ-KNPP၊ချင်းအမျိုးသားတပ်ဦး-CNF၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHစတဲ့ တော်လှန်ရေးအဖွဲ့တွေဦးဆောင်ပြီး "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ” SCEF ကိုဖွဲ့စည်းလိုက်ပါတယ်။ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကိုအ

BVJ
Mar 311 min read


နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို ဦးမြအေးတို့ဦးဆောင်တဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု PCB ထုတ်ပြန်
မိုနာ/BVJ_မတ် ၃၁၊ ၂၀၂၆ ဦးမြအေး၊ဦးစိုင်းညွန့်လွင်၊ဦးသာထွန်းလှ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့အပါအဝင် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့-PCBက ဒီနေ့ မတ်လ ၃၁ရက်မှာသဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ PCBကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်ကစုဖွဲ့ခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျော

BVJ
Mar 311 min read


ပလက်ဝဗုံးကြဲခံမှုအတွင်း ၁၁နှစ်အောက်ကလေးသုံးဦးအပါ ခုနှစ်ဦးသေဆုံး
ယူဂရင်း/BVJ_မတ် ၃၀၊ ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်ရှိ ကြောင်ချောင်းရွာကို မနေ့က မတ်လ ၂၉ ရက်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ၁၁နှစ်အောက် ကလေး ၃ဦးအပါအဝင် အမျိုးသား (၇)ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်-AAက ဒီနေ့ မတ်လ ၃၀ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။ တိုက်ပွဲလည်းမရှိဘဲ မနေ့က ညနေလေးနာရီငါးမိနစ်အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ သုံးကြိမ်၊ ရော့ကတ်နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် မောင်စိုးပိုင်လင်း(၈နှစ်)၊ မောင်နေဆန်းအောင် (၁၀နှစ်)၊ မောင်စံလင်းထွန်း (၁၁နှစ်)၊ မောင်အောင်ဆုလင်

BVJ
Mar 301 min read


ထောင်တွင်းနိုင်ငံရေးအကျဉ်းသူ သေဆုံးမှု မိသားစုကိုရုပ်အလောင်းပြန်မပေး
မိုနာ/BVJ_မတ် ၃၀၊ ၂၀၂၆ ထောင်တွင်းသေဆုံးခဲ့ရသူဒေါ်သက်သက်မာ စစ်အုပ်စုကဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)၊ ၅၀(ည)၊ ၅၂(က)တို့နဲ့စွဲချက်တင်ကာ စစ်ကိုင်းတိုင်း၊ တန့်ဆည်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်သက်သက်မာဟာ အခု မတ် ၂၇ရက်မှာ မနက်ငါးနာရီအချိန်မှာ ထောင်တွင်းသေဆုံးသွားတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ဇနီးဖြစ်ပြီး အမျိုးသားကိုဖမ်းဆီးဖို့လာချိန်မှာမတွေ့ရှိတာကြောင့် စစ်အုပ်စုဟာ ဇနီးဖြစ်သူဒေါ်သက်သက်မာနဲ့သ

BVJ
Mar 301 min read


တပ်ချုပ်ရာထူး တရားဝင်လွှဲပြောင်းပေး
ယူဂရင်း/BVJ_မတ် ၃၀၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့မှာ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီတရားဝင်လွှဲပြောင်းတာဝန်ပေးလိုက်ကြောင်း စစ်အုပ်စုရဲ့မြဝတီသတင်းကနေကြေညာပါတယ်။ တပ်ချုပ်တာဝန်ကို ၁၅နှစ်ကြာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုအခါမှာ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး သူကတော့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင

BVJ
Mar 301 min read


စစ်ခေါင်းဆောင် ဒုသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာ
မိုနာ/BVJ_မတ် ၃၀၊ ၂၀၂၆ ဓါတ်ပုံ-MOI ဒီနေ့ မတ်လ ၃၀ရက်မှာ စစ်အုပ်စုက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပခဲ့ပြီး ဒုတိယသမ္မတလောင်းတွေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေတို့ကို တင်သွင်းလိုက်ပါတယ်။ စစ်ခေါင်းဆောင်နဲ့အတူ ဒုသမ္မတလောင်းအဖြစ်တင်သွင်းခံရသူဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က တောင်တွင်းကြီးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေဖြစ်ပါတယ်။ သူတို့ထဲကတစ်ဦးကို သမ္မတအဖြစ်မကြာခင်ရ

BVJ
Mar 301 min read


ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြံပေးတို့ တွေ့ဆုံ
ယူဂရင်း/BVJ_မတ် ၂၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ Kallayana Vipattipumipratesဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်အုပ်စုရွေးကောက်ပွဲအပြီးတက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့လာရောက်တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ရက်မှာထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ ခရီးစဉ်ဟာ အခု မတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိဖြစ်ပြီး အဲ့ဒီအတွင်းမှာ စစ်အုပ်စုဘက်က စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးမင်းမင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒ

BVJ
Mar 271 min read


စစ်အုပ်စုကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုသက်သေခံပစ္စည်းတွေ ပြပွဲ
BVJ_မတ် ၂၇၊ ၂၀၂၆ ၂၀၂၁ခုနှစ်၊အာဏာသိမ်းနောက်ပိုင်း စစ်အုပ်စုကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ပစ္စည်းနဲ့အတူ သက်သေခံပြသထားတဲ့ Testimonies from beyond(TFB) ပြပွဲဖွင့်ပွဲကို နော်ဝေနိုင်ငံ၊အော်စလိုမြို့မှာ မတ်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေခြောက်နာရီက ကျင်းပခဲ့ပါတယ်။ အဲ့ဒီဖွင့်ပွဲမှာ NUGနော်ဝေကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ Myanmar- CRPH Support Group, Norway ဥက္ကဌကိုသက်ထွန်းဦးနဲ့ အထွေထွေတွင်းရေးမှူး မဝတ်မှုန်၊ Burma VJမီဒီယာအဖွဲ့ က ကိုအောင်ကြီး၊ SMFC အဖွဲ့က ကိုဗညားတို့ တက်ရောက်စကားပြော

BVJ
Mar 271 min read


ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေဖို့ သားဖြစ်သူ ဆုတောင်း
မိုနာ/BVJ_မတ် ၂၇၊ ၂၀၂၆ စစ်အုပ်စုကဖမ်းဆီးထားတဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေပါစေလို့ သားငယ် ကင်အဲရစ်(ခ)ကိုထိန်လင်းက ဒီနေ့ မတ်လ ၂၇ရက်မှာပြောလာပါတယ်။ “ ၂၇ နှစ်မတိုင်ခင်က ကျွန်တော့်ဖေဖေဟာ မေမေ့ကိုနောက်ဆုံးတခါတောင်မတွေ့နိုင်ဘဲ ကွယ်လွန်သွားခဲ့တယ်။ ဖေဖေသေဆုံးလုအခြေအနေမှာ ကျွန်တော်မေမေ့ကို ပြန်လာဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မေမေ မလာနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာတည်းက မေမေ့ကို စစ်တပ်ကထိန်းချုပ်ဖမ်းဆီးထားခဲ့ပြီးသားပါ။ ဒီနေ့ထိလည်း ဘာမှမပြောင်းလဲတဲ့အပြင်ပိုဆိုးလာပါတယ်။ မေမ

BVJ
Mar 271 min read


ကွပ်ကဲမှုအောက်မရောက်သေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို NUGဖိတ်ခေါ်
ယူဂရင်း/BVJ_မတ် ၂၆၊ ၂၀၂၆ NLAတပ်ဖွဲ့ NUG MODကွပ်ကဲမှုခံယူနေပုံ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ဖို့ဖြစ်စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်စေ အစဉ်အမြဲ ကြိုဆိုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။ အခုမတ်လ ၂၀ရက်မှာ စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က NUG...

BVJ
Mar 261 min read


ကျောက်ပန်းတောင်းမှာ ဒေသခံ ၅ ဦးသတ်ခံရ
ယူဂရင်း/BVJ_မတ် ၂၅၊ ၂၀၂၆ သတ်ဖြတ်ခံရသူ ငါးဦးထဲကတစ်ဦး။(ဓါတ်ပုံ- KPG Update News) မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာက ဒေသခံ ၅ ဦးကို စစ်အုပ်စုကသတ်ဖြတ်ပြီးနောက် PDFယူနီဖောင်းတွေဝတ်ဆင်ပေးခဲ့တယ်လို့ ဒေသတွင်းကသိရပါတယ်။ အခုလ ၁၈ရက်က အင်ပင်ကြီးရွာဘက်ကိုစစ်အုပ်စုဝင်ရောက်လာချိန်မှာ အမျိုးသမီးတစ်ဦးနဲ့၊အမျိုးသားလေးယောက်ကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။ “ဖမ်းပြီးတော့ ချက်ခြင်းသတ်လိုက်တာမျိုးမဟုတ်သေးဘဲ နှိပ်စက်ပြီးမှသတ

BVJ
Mar 251 min read


ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တစ်ဦး သေနတ်ယူပြီးစစ်အုပ်စုဆီပူးပေါင်းသွား
မိုနာ/BVJ_မတ် ၂၅၊ ၂၀၂၆ ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့် မကွေးတိုင်း၊ ပခုက္ကူမြို့ဇာတိကရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော် ဖြူဖွေး(ခ)ကောင်းခန့်ဟာ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေချိန် မနေ့က မတ်လ ၂၄ရက်နေ့လယ်ပိုင်းမှာ စစ်အုပ်စုဘက်ကိုပူးပေါင်းသွားတယ်လို့ သိရပါတယ်။ ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့်ဟာ MA(1) တစ်လက်၊ ကျည်(၃)ဘောက်တို့ကိုယူဆောင်ပြီး ပခုက္ကူမြို့နယ်က ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်အုပ်စုဆီအလင်းဝင်သွားတာဖြစ်ပါတယ်။ PDFကိုသစ္စာဖောက်ဖျက်သွားတဲ့ ရဲဘော်ဖြူဖွေး(ခ)ကောင်းခန့်ဟာ အညာမြေတပ်ပေါင်းစုဆီမှာ..

BVJ
Mar 251 min read


မိုးကုတ်၊မိုးမိတ်အခြေအနေကို တိုက်ပွဲဝင်တပ်ဖွဲ့တွေ ထုတ်ပြန်
ယူဂရင်း/BVJ_မတ် ၂၄၊ ၂၀၂၆ ဓါတ်ပုံ-မိုးကုတ်ဗျူဟာ မိုးကုန်၊မိုးမိတ်စစ်ဆင်ရေးမှာ မြင့်မြတ်စွာကျဆုံးခဲ့ကြရတဲ့ရဲဘော်အားလုံးကို အောက်မေ့ဂုဏ်ပြုပြီး လေးစားစွာအလေးပြုတယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ မတ်လ ၂၄ရက်မှာ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၅၊ နိုဝင်ဘာလကုန်ပိုင်းကနေစပြီး မိုးကုတ်၊မိုးမိတ်မြို့တွေကို စစ်အုပ်စုပြန်လည်ဝင်ရောက်လာချိန်ကစပြီး မိုးကုတ်၊မိုးမိတ်စစ်မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ NUGကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ မိုးကုတ်ဗျူဟာရဲဘော်တွေနဲ့အတူ Myingyan Black T

BVJ
Mar 241 min read


တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ဗိုလ်ကြီးနဲ့တပ်ကြပ်တို့အတွက် အမှန်တရားဘက်ကရပ်တည်ပေးဖို့ YDFမြေပြင်စစ်ဒေသရုံးတောင်းဆို
မိုနာ/BVJ_မတ် ၂၄၊ ၂၀၂၆ ကျဆုံးခဲ့တဲ့ ဗိုလ်ကြီး ကောင်းကောင်းနဲ့တပ်ကြပ် စိုင်းဇော်ဝင်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာနားမှာ အခု မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ယောကာကွယ်ရေးတပ်-YDFတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF တပ်ဖွဲ့ကနေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ YDFမြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီက ဗိုလ်ကြီး ကောင်းကောင်းနဲ့တပ်ကြပ် စိုင်းဇော်ဝင်းတို့ကျဆုံးခဲ့ပါတယ်။ YDFမြေပြင်စစ်ဒေသရုံးရဲ့ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းဟာ သားရှင်ပြုအလှူပြုလုပ်ဖို့အတွက် ရေမျက်နီကျေးရွာ

BVJ
Mar 241 min read


ဖာပွန်က ကော်သွေးကျိုးစခန်းသိမ်းတိုက်ပွဲအောင်မြင်ကြောင်း အတည်ပြု
ယူဂရင်း/BVJ_မတ် ၂၃၊ ၂၀၂၆ ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲက စစ်အုပ်စုရဲ့ကော်သွေးကျိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLAရဲ့ စစ်ရေးဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တဲ့ Rebel Bees-UAV Force ဒရုန်းတပ်ဖွဲ့က ဒီနေ့ မတ်လ ၂၃ရက်မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး- KNU အမှတ်-၅ တပ်မဟာ၊ လူသောမြို့နယ် ( တပ်မဟာ ၃ - တပ်မဟာ ၅ အစပ်အနီး)တပ်စွဲထားတဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLAဦးဆောင်မှုနဲ့...

BVJ
Mar 231 min read


အာဏာသိမ်းစစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းက ဘုန်းတော်ကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေ
အေတီ/BVJ-မတ်၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ မတ်လ ၂၁ရက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဆူးလေကုန်းရွာထဲက စာသင်ကျောင်းကထိခိုက်သူမရှိပေမဲ့ ဘုန်းကြီးကျောင်းမှာတော့ သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ကနီမြို့ကို မတ်လ ၂၁ရက်၊ ဒီနေ့ မွန်းလွဲ ၁၂နာရီဝန်းကျင်မှာ

BVJ
Mar 231 min read
bottom of page
