ပလက်ဝဗုံးကြဲခံမှုအတွင်း ၁၁နှစ်အောက်ကလေးသုံးဦးအပါ ခုနှစ်ဦးသေဆုံး
- BVJ

- Mar 30
- 1 min read
ယူဂရင်း/BVJ_မတ် ၃၀၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်ရှိ ကြောင်ချောင်းရွာကို မနေ့က မတ်လ ၂၉ ရက်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ၁၁နှစ်အောက် ကလေး ၃ဦးအပါအဝင် အမျိုးသား (၇)ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်-AAက ဒီနေ့ မတ်လ ၃၀ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
တိုက်ပွဲလည်းမရှိဘဲ မနေ့က ညနေလေးနာရီငါးမိနစ်အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ သုံးကြိမ်၊ ရော့ကတ်နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် မောင်စိုးပိုင်လင်း(၈နှစ်)၊ မောင်နေဆန်းအောင် (၁၀နှစ်)၊ မောင်စံလင်းထွန်း (၁၁နှစ်)၊ မောင်အောင်ဆုလင်း (၁၆ နှစ်)၊ ဦးသန်းကျော်(၃၃ နှစ်)၊ ဦးရွှေကျော်(၃၀ နှစ်)၊ဦးအောင်လှ(၄၈နှစ်)တို့ သေဆုံးခဲ့ရတာဖြစ်ပြီး နောက်ထပ် ရှစ်လကလေးငယ်နဲ့ ငါးနှစ်ကလေးအပါအဝင် လေးဦးလည်းဒဏ်ရာရခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လူနေအိမ်တွေလည်းမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းနဲ့ သေဆုံးသူမိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပါတယ်လို့အေအေက ဖော်ပြပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရတဲ့ ကြောင်ချောင်းရွာသူ၊ရွာသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကိုလည်း ဆက်လုပ်ဆောင်နေတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ-ပလက်ဝ၊ ကြောင်ချောင်းရွာလေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့တဲ့ကလေးများ။




Comments