ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြံပေးတို့ တွေ့ဆုံ
- BVJ

- 7 days ago
- 1 min read
ယူဂရင်း/BVJ_မတ် ၂၇၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ Kallayana Vipattipumipratesဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်အုပ်စုရွေးကောက်ပွဲအပြီးတက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့လာရောက်တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ရက်မှာထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ခရီးစဉ်ဟာ အခု မတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိဖြစ်ပြီး အဲ့ဒီအတွင်းမှာ စစ်အုပ်စုဘက်က စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးမင်းမင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းတို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

နှစ်ဖက်တွေ့ဆုံမှုတွေအတွင်းမှာ ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ၊ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်စတာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုလ မတ်လ ၁၈ရက်ကလည်း ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စရပ်အပါအဝင် နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ဖို့ဆိုပြီး ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နဲ့ပူးတွဲစစ်ဦးချုပ်တို့ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
ဓါတ်ပုံ-Ministry of Foreign Affairs of the Kingdom of Thailand




Comments