ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် ထောင်ကလွတ်မြောက်လာ
- BVJ

- 1 day ago
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၁၊ ၂၀၂၆

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ဒီနေ့ဧပြီ ၁ရက်မှာ ထောင်ကလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုလင်းထက်နိုင်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ရက်မှာ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်မှာ စစ်အုပ်စုကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)၊၅၀(ည)တို့နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့လွတ်မြောက်လာတာဟာ လွတ်ရက်စေ့လို့လွတ်မြောက်လာတာဖြစ်တယ်လို့ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်နဲ့ နီးစပ်သူတစ်ဦးက Burma VJကိုပြောပါတယ်။
ဒါ့အပြင် ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဒီနေ့လွတ်မြောက်လာကြောင်းကို ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်ကလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။




Comments