ဖာပွန်က ကော်သွေးကျိုးစခန်းသိမ်းတိုက်ပွဲအောင်မြင်ကြောင်း အတည်ပြု
- BVJ

- 1 day ago
- 1 min read
ယူဂရင်း/BVJ_မတ် ၂၃၊ ၂၀၂၆

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲက စစ်အုပ်စုရဲ့ကော်သွေးကျိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLAရဲ့ စစ်ရေးဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တဲ့ Rebel Bees-UAV Force ဒရုန်းတပ်ဖွဲ့က ဒီနေ့ မတ်လ ၂၃ရက်မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- KNU အမှတ်-၅ တပ်မဟာ၊ လူသောမြို့နယ် ( တပ်မဟာ ၃ - တပ်မဟာ ၅ အစပ်အနီး)တပ်စွဲထားတဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLAဦးဆောင်မှုနဲ့ ဒရုန်းတပ်ဖွဲ့၀င်တွေပါ၀င်တဲ့ပူးပေါင်းတပ်တွေက အခုလ မတ် ၁၇ ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“လူသောမြို့နယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းအား မတ်လ ၁၇ ရက် ညနေ ၄ နာရီ၀န်းကျင်ခဲ့တွင် မိမိတို့ ဒရုန်းတပ်ဖွဲ့အပါအ၀င် ပူးပေါင်းတပ်များ အပြီးသတ် ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ရန်သူစစ်ကောင်စီများ အကျအဆုံးများဖြင့် စခန်းစွန့်ထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်”လို့ Rebel Bees-UAV Force ဒရုန်းတပ်ဖွဲ့ကပြောထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့လက်နက်အချို့ကိုလည်းဖော်ပြထားတာကို တွေ့ရပါတယ်။
ကော်သွေးကျိုးတပ်စခန်းသိမ်းယူမှုနဲ့ပတ်သက်ပြီး KNUဘက်ကတော့သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။




Comments