တပ်ချုပ်ရာထူး တရားဝင်လွှဲပြောင်းပေး
- BVJ

- Mar 30
- 1 min read
ယူဂရင်း/BVJ_မတ် ၃၀၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့မှာ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီတရားဝင်လွှဲပြောင်းတာဝန်ပေးလိုက်ကြောင်း စစ်အုပ်စုရဲ့မြဝတီသတင်းကနေကြေညာပါတယ်။
တပ်ချုပ်တာဝန်ကို ၁၅နှစ်ကြာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုအခါမှာ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး သူကတော့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခြင်းကို ခံထားရပါတယ်။

ဒီနေ့မှာပဲ ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလည်း ခန့်အပ်လိုက်ပြီး
တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၅နှစ်အတွင်းမှာ စစ်တပ်ကို စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာတပ်တွေနဲ့အတူ ရင်ဘောင်တန်းနိုင်အောင် အတိုင်းအတာတခုအထိမြှင့်တင်ပေးခဲ့နိုင်တယ်လို့ ဒီနေ့တပ်ချုပ်ရာထူးလွှဲပြောင်းတဲ့အခမ်းအနားမှာ ပြောခဲ့ပါတယ်။
တပ်ချုပ်တာဝန်လွှဲပြောင်းပေးနေပုံများ(ဓါတ်ပုံ-MOI)




Comments