စစ်အုပ်စုကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုသက်သေခံပစ္စည်းတွေ ပြပွဲ
- BVJ

- Mar 27
- 1 min read
BVJ_မတ် ၂၇၊ ၂၀၂၆

၂၀၂၁ခုနှစ်၊အာဏာသိမ်းနောက်ပိုင်း စစ်အုပ်စုကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ပစ္စည်းနဲ့အတူ သက်သေခံပြသထားတဲ့ Testimonies from beyond(TFB) ပြပွဲဖွင့်ပွဲကို နော်ဝေနိုင်ငံ၊အော်စလိုမြို့မှာ မတ်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေခြောက်နာရီက ကျင်းပခဲ့ပါတယ်။
အဲ့ဒီဖွင့်ပွဲမှာ NUGနော်ဝေကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ Myanmar- CRPH Support Group, Norway ဥက္ကဌကိုသက်ထွန်းဦးနဲ့ အထွေထွေတွင်းရေးမှူး မဝတ်မှုန်၊ Burma VJမီဒီယာအဖွဲ့ က ကိုအောင်ကြီး၊ SMFC အဖွဲ့က ကိုဗညားတို့ တက်ရောက်စကားပြောကြားခဲ့ပါတယ်။


နော်ဝေနိုင်ငံ အော်စလိုမြို့ မှာကျင်းပနေတဲ့ Testimonies from beyond(TFB) ပြပွဲဟာ ယူကေနိုင်ငံအပြင်ဘက်မှာပထမဆုံးကျင်းပခဲ့တဲ့ပြပွဲဖြစ်ပြီး ၂၀၂၅ခုနှစ်၊မေလက လန်ဒန်မှာပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။






Comments