စစ်ခေါင်းဆောင် ဒုသမ္မတအဖြစ် မဲခွဲအနိုင်ရလာ
- BVJ

- Mar 31
- 1 min read
မိုနာ/BVJ_ မတ် ၃၁၊၂၀၂၆

ဒီနေ့ မတ်လ ၃၁ရက်မှာကျင်းပတဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးမှာ ဒုတိယသမ္မတအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းထားတဲ့ တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေနဲ့စစ်ခေါင်းဆောင်ကို မဲခွဲဆုံးဖြတ်ရာမှာ စစ်ခေါင်းဆောင်က မဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ၁၀ မဲရရှိခဲ့တာပါ။
မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၆၃ ဦးရှိပြီး အဲ့ဒီထဲမှာ ၃ဦးကခွင့်ပန်ထားသလို၊ ပယ်မဲကလည်း ၃မဲရှိခဲ့ပါတယ်။
အလားတူပဲ ဒီနေ့မှာပဲ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ကြံ့ဖွံ့ပါတီ(USDP)ဝင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာနဲ့ဒေါ်နန်းနီနီအေးတို့နှစ်ယောက်ကိုတင်သွင်းထားတာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်နန်းနီနီအေးက ၁၁၇ မဲ၊ ဒေါက်တာမနမ်တူးဂျာက ၃၈ မဲရရှိခဲ့တာကြောင့် ဒေါ်နန်းနီနီအေးအရွေးချယ်ခံခဲ့ရပါတယ်။
စစ်အုပ်စုကဖွဲ့စည်းမယ့်အစိုးရအတွက် သမ္မတကို မကြာခင်ရက်ပိုင်းအတွင်းမှာပြည်ထောင်စုလွှတ်တော်မှာမဲခွဲဆုံးဖြတ်မှာဖြစ်ပြီး မဲအများဆုံးရသူကိုသမ္မတအဖြစ်တင်မြှောက်မှာဖြစ်ပါတယ်။
ဓါတ်ပုံ-MOI




Comments