စစ်ခေါင်းဆောင် ဒုသမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာ
- BVJ

- Mar 30
- 1 min read
မိုနာ/BVJ_မတ် ၃၀၊ ၂၀၂၆

ဒီနေ့ မတ်လ ၃၀ရက်မှာ စစ်အုပ်စုက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပခဲ့ပြီး ဒုတိယသမ္မတလောင်းတွေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေတို့ကို တင်သွင်းလိုက်ပါတယ်။
စစ်ခေါင်းဆောင်နဲ့အတူ ဒုသမ္မတလောင်းအဖြစ်တင်သွင်းခံရသူဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က တောင်တွင်းကြီးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေဖြစ်ပါတယ်။
သူတို့ထဲကတစ်ဦးကို သမ္မတအဖြစ်မကြာခင်ရက်ပိုင်းအတွင်းမှာ ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။
စစ်အုပ်စုကကျင်းပတဲ့ရွေးကောက်ပွဲအပြီး အစိုးရသစ်မှာ စစ်ခေါင်းဆောင်သမ္မတလုပ်မယ်ဆိုပြီး သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်နေရာကနေလည်း အနားယူသွားပြီး သူ့ရဲ့နေရာမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကနေရာယူပြီး တပ်ချုပ်အသစ်ဖြစ်လာပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ အမျိုးသားလွှတ်တော်အစုအဖွဲ့အစည်းအဝေးကနေလည်း ဒုတိယသမ္မတလောင်းတွေအဖြစ် ကြံ့ခိုင်ရေးပါတီကနေ ကရင်ပြည်နယ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ နန်းနီနီအေးနဲ့ တိုင်းရင်းသားပါတီအစုအဖွဲ့ကနေ ကချင်ပြည်နယ်ပြည်သူ့ပါတီ-KSPPဥက္ကဌ ဒေါက်တာမနမ်တူးဂျာတို့ကို တင်သွင်းထားပါတယ်။




Comments