top of page


ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေလွတ်မြောက်ရေး UNနဲ့EUအပါအဝင် နိုင်ငံတကာက ကြိုးစားပေးဖို့ တောင်းဆို
မိုနာ/BVJ_ဧပြီ ၂၁၊ ၂၀၂၆ ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပုံ(ဓါတ်ပုံ-AFP) အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံ၊ အမေရိကန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်နေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေက အထူးအလေးထားဆောင်ရွက်ပေးကြဖို့ဆိုပြီး အဖွဲ့အစည်း ၆၀နီးပါးက ဒီန

BVJ
Apr 211 min read


“မေမေ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ”
အခုအချိန်မှာ မြန်မာပြည်က လူအများစုသိချင်နေတဲ့အကြောင်းအရာက အကျဥ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေပါ။ သမ္မတဦးဝင်းမြင့်ပြန်လွတ်လာတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ပြောင်းထားမယ်ဆိုတဲ့သတင်းတွေ ထွက်လာပေမယ့်လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းထားမယ်ဆိုတဲ့ သတင်းထွက်လာတာဟာ စစ်အုပ်စုဘက်ကတမင်သက်သက်လွှင့်လိုက်တာလို့တောင် ယူဆနေတဲ့သူတွေရှိပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင်ကိုဘယ်မှာချုပ်နှေ

BVJ
Apr 211 min read


ရခိုင်မှာ အေအေစစ်ဦးချုပ်နဲ့ချင်းပြည်သူ့အစည်းအရုံးတို့တွေ့ဆုံခဲ့
ယူဂရင်း/BVJ_ဧပြီ ၂၁၊ ၂၀၂၆ ဓါတ်ပုံ-ချင်းပြည်သူ့အစည်းအရုံး အာရက္ခတပ်တော်-AAရဲ့ဖိတ်ကြားမှုနဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် က မနေ့က ဧပြီ ၂၀ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့တာဖြစ်ပြီး ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်တွေ တွေဆုံခဲ့တာဖြစ်ပါတယ်။ ..

BVJ
Apr 211 min read


တက္ကသိုလ်ရိပ်သာလမ်း၊ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ နောက်ဆုံးအခြေအနေ
BVJ_ဧပြီ ၁၇၊ ၂၀၂၆ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄နေအိမ်မှာအကျယ်ချုပ်ထားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာ မြင်တွေ့ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ တဖက်ခြမ်းမှာကင်မရာကိုင်ထားတဲ့ သတင်းထောက်တချို့ရှိနေတယ်လို့လည်း ကားပေါ်ကနေဓာတ်ပုံကိုယ်တိုင်သွားရိုက်ယူခဲ့တဲ့ Burma VJ သတင်းထောက်ကပြောပါတယ်။ အခုပုံတွေကို ဒီနေ့ ဧပြီ ၁၇ရက်၊မြန်မာအချိန်ညနေ ၅နာရီခွဲကျော်အချိန်မှာ ရိုက်ကူးထား

BVJ
Apr 201 min read


သမ္မတဦးဝင်းမြင့်ကိုပဲဆက်ပြီးအသိအမှတ်ပြုသွားမယ်လို့ CDMကောင်စီ ၈ဖွဲ့ ပူးတွဲထုတ်ပြန်
အီးကေ/BVJ_ဧပြီ ၁၈၊ ၂၀၂၆ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစတင်ပြီး မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း ဒီကနေ့ ဧပြီ၁၈ရက်နေ့မှာ CDM ကောင်စီ ၈ခုက စုပေါင်းကြေညာပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကနေတဆင့် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ အာဏာအပ်နှင်းခံရတဲ့ဦးဝင်းမြင့်ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ယနေ့တိုင်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း၊ CDM ကောင်စီ ၈ခုထဲမှာပါဝင်တဲ့ CDMနိုင်ငံ့ဝန်ထမ

BVJ
Apr 201 min read


ဒေါ်အောင်ဆန်းစုကြည်ကို လေးနှစ်ခွဲ ထောင်ဒဏ်လျော့
ယူဂရင်း/BVJ_ဧပြီ ၁၇၊ ၂၀၂၆ အာဏာသိမ်းစစ်တပ်က ၂၀၂၁ခုနှစ်ထဲကဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ ထောင်ဒဏ်လေးနှစ်နဲ့ခြောက်လ လျော့ပေါ့ပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေကပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒီနေ့ ဧပြီ ၁၇ နှစ်ဆန်းတစ်ရက်မှာ စစ်အစိုးရအဖွဲ့သမ္မတ မင်းအောင်လှိုင်လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာထဲမှာ သေဒဏ်ကျခံနေရတဲ့သူတွေကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ပြောင်းလဲတာ၊ ထောင်ဒဏ်တစ်သက်နဲ့ထောင်ဒဏ်နှစ်အကန့်အသတ်မရှိကျခ

BVJ
Apr 171 min read


သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင် ခြွင်းချက်နဲ့ပြန်လွှတ်လာ
မိုနာ/BVJ_ဧပြီ ၁၇၊ ၂၀၂၆ သမ္မတဦးဝင်းမြင့်နေအိမ်ပြန်ရောက်ပြီဖြစ်ကြောင်း စာရေးဆရာထင်လင်းဦးက သူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးထားပုံ ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းထဲက ဖမ်းဆီးထောင်ချထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်အုပ်စုက ဒီနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်)နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ စစ်အုပ်စုဖမ်းဆီးထောင်ချထားသူတွေကို လွတ်ငြိမ်းနဲ့ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ သမ္မတဦးဝင်းမြင့်ပါဝင်လာတာဖြစ်ပါတယ်။ နောက်တကြိမ်ပြစ်မှုကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင်

BVJ
Apr 171 min read


ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့လူငယ်ငါးဦးကို တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲ
အီးကေ/BVJ_ဧပြီ ၁၇၊ ၂၀၂၆ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတအမည်ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်နဲ့ အကျဥ်းသား/သူ (၄,၃၃၅)ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့တာမှာ ရန်ကုန်မြို့ပတ်ရထားပေါ်က ရထားလုံခြုံရေးရဲတွေကိုပစ်ခတ်ခဲ့မှုနဲ့ သေဒဏ်ချခံထားရတဲ့လူငယ်ငါးဦးကို ထောင်တသက်ပြစ်ဒဏ်ပြောင်းလဲလိုက်တယ်လို့ သတင်းရရှိပါတယ်။ သေဒဏ်ချခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာရဲတွေကို ပစ်ခတ်မှုနဲ့ အာဏာသိမ်းစစ

BVJ
Apr 171 min read


မဟာမိတ်ချစ်ကြည်မှုနဲ့အချင်းချင်းဖေးမမယ်လို့ ညီနောင်နှစ်ဖွဲ့ပြော
မိုနာ/BVJ_ဧပြီ ၁၀၊ ၂၀၂၆ MNDAA၊TNLA၊AA ညီနောင်မဟာမိတ်သုံးဖွဲ့ ဒီနေ့ ဧပြီ ၁၀ရက်နေ့မှာ အာရက္ခတပ်တော်-AAတပ် (၁၇)နှစ်မြောက်ဖြစ်ပြီး အဲ့ဒီအတွက် ကိုးကန့်တပ်-MNDAAနဲ့တအာင်းတပ်-TNLAအပါအဝင် လက်ရှိတော်လှန်ရေးမှာပါဝင်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။ MNDAAနဲ့TNLAတို့က ပူးတွဲပေးပို့တဲ့သဝဏ်လွှာထဲမှာ ရခိုင်ပြည်မြို့နယ်အားလုံးနီးပါးထိန်းချုပ်ထားနိုင်တဲ့ အေအေတပ်ဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ အဘက်ဘက်က နိုင်ငံရေး၊စစ်ရေးဖိအားတွေကိုရင်ဆိုင်ကျော်လွှားပြီး ရခိုင်ပြည်

BVJ
Apr 101 min read


ငြိမ်းချမ်းရေးဦးစားပေးမယ်လို့ စစ်ခေါင်းဆောင်ဆို
မိုနာ/BVJ_ဧပြီ ၁၀၊ ၂၀၂၆ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုဦးစားပေးလုပ်မယ်လို့ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကပြောပါတယ်။ ဒီနေ့ ဧပြီ ၁၀ရက်ကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ စစ်ခေါင်းဆောင်သမ္မတအဖြစ် ကျမ်းကျိန်အပြီးပြန်အထွက်မှာ သမ္မတအဖြစ်ပထမဆုံးလုပ်မယ့်အလုပ်ကိုမေးမြန်းရာမှာ အခုလိုဖြေခဲ့တာဖြစ်ပါတယ်။ “ဒါကိုပဲဦးစားပေးပြီးလုပ်သွားမှာပါ။ အားလုံးခြုံကြည့်ရင် ဒီတချက်ပဲရှိပါတယ်။ ငြိမ်းချမ်းရေး၊အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပဲ”လို့ စစ်ခေါင်းဆောင်ကပြေ

BVJ
Apr 101 min read


ဖြောင့်မတ်မှန်ကန်စွာတာဝန်ထမ်းဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အစိုးရအဖွဲ့ဝင်တွေ ကျမ်းကျိန်
BVJ_ဧပြီ ၁၀၊ ၂၀၂၆ သမ္မတအဖြစ်အမည်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့အပါအဝင် စစ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဒီနေ့ ဧပြီ ၁၀ရက်မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ ကျန်းသစ္စာကျိန်ဆိုကတိသစ္စာပြုခဲ့ကြပါတယ်။ ကျန်းကျိန်တဲ့ထဲမှာ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ဖြောင့်မတ်မှန်ကန်စွာတာဝန်တွေကိုထမ်းဆောင်ပါမယ်လို့ဆိုပြီး ရွတ်ဆိုခဲ့ကြပါတယ်။ အခုကတိသစ္စာပြုအခမ်းအနားက

BVJ
Apr 101 min read


ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
ယူဂရင်း/BVJ_ဧပြီ ၁၀၊ ၂၀၂၆ KCCနဲ့KGCဖွဲ့စည်းပြီးကြောင်း KNUကြေညာထားပုံ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပူးပေါင်းအားထုတ်မှုတွေနဲ့ တရားဝင်အတည်ပြုခဲ့ပြီး နောက် ကော်သူးလေအတိုင်ပင်ခံကောင်စီ- KCCနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ -KGCကိုဖွဲ့စည်းလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့ ဧပြီ ၁၀ရက်မနက်မှာ ကြေညာပါတယ်။ တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို ၂နှစ်ကျော်ရေးဆွဲပြင်ဆင်ပြီးနောက်မှာ အခုနှစ် မတ်လ ၃၁ရက်ကနေ ဧပြီ၂ရက်နေ့ ကော်သူးလေမှာက

BVJ
Apr 101 min read


နတ်မောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကို PLAကြားဖြတ်တိုက်ခိုက်
ယူဂရင်း/BVJ_ဧပြီ ၉၊ ၂၀၂၆ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာ ကနေထွက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်အုပ်စုစစ်ကြောင်းကို မကွေးတိုင်း၊နတ်မောက်မြို့နယ်ကြား မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဒီနေ့ ဧပြီ ၉မှာ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဧပြီ ၁ရက် နေ့လယ် ၁း၄၈အချိန်မှာ နှစ်ဘက်တိုက်ပွဲမိနစ်သုံးဆယ်ခန့်၊ ဒုတိယအကြိမ်အဖြစ် ဧပြီ ၃ရက်နေ့မှာ နတ်မောက်မြို့နယ်၊ကျောက်အိုးရွာအနီး မနက် ၁၀:၃၀အချိန်မှာ ၁၅မိနစ်ကြာတိုက်ပွဲ၊ ဧပြီ ၇ရက်နေ့မှာတော့ ဒီးဒုတ်ခင

BVJ
Apr 91 min read


လက်ရှိဗိုလ်ချုပ်တွေနဲ့စစ်တပ်အရာရှိဟောင်း အများစုပါဝင်တဲ့ စစ်အုပ်စုအစိုးရအဖွဲ့ဝန်ကြီးတွေကို လွှတ်တော်အတည်ပြု
မိုနာ/BVJ_ဧပြီ ၉၊ ၂၀၂၆ ၂၀၂၆၊ဧပြီ ၉ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်က သူ့ရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအဖြစ် လွှတ်တော်မှာအမည်စာရင်းတင်သွင်းထားတဲ့ အယောက် ၃၀ကို ဒီနေ့ဧပြီ ၉ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေအတည်ပြုခန့်အပ်လိုက်ပါတယ်။ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကတင်သွင်းထားသူတွေဟာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦး

BVJ
Apr 91 min read


စစ်ခေါင်းဆောင် ချွေးမကို နိုင်ငံတကာကဒဏ်ခတ်ဖို့ JFMတောင်းဆို
ယူဂရင်း/BVJ_ဧပြီ ၈၊ ၂၀၂၆ ထိုင်းနိုင်ငံမှာ ဒေါ်လာသန်းချီတန်တန်ဖိုးကြီးဇိမ်ခံအိမ်ရာကိုဝယ်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ကိုပါ နိုင်ငံတကာကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice For Myanmar (JFM)က တောင်းဆိုလိုက်ပါတယ်။ ချွေးမဖြစ်သူ မျိုးရတနာထိုက်ဟာ ဘယ်နိုင်ငံရဲ့ပိတ်ဆို့အရေးယူမှုကိုမှမခံရသေးတာကြောင့် ဘန်ကောက်မှာတန်ဖိုးကြီးအိမ်ရာဝယ်ယူမှုကို သူ့နာမည်အသုံးပြုဝယ်ယူခဲ့တာကြောင့် ချွေးမဖြစ်သူကိုပါအရေးယူပိတ်ဆို့ဖို့ JF

BVJ
Apr 81 min read


ဓာတ်ဆီဈေးမြင့်တက်မှုကြောင့် သောက်သုံးရေနဲ့စားနပ်ရိက္ခာခက်ခဲနေတဲ့ ကရင်နီကစစ်ဘေးရှောင်များ
ရဂုံ/BVJ_ဧပြီ ၇၊ ၂၀၂၆ "ကရင်နီပြည်ရဲ့လက်ရှိအနေအထားအရဆိုရင် ဓာတ်ဆီ ၁လီတာကို ၁သောင်းခွဲပေးရတယ် ၊ ဂါလံ ၅၀ ပါတဲ့ဓာတ်ဆီ တစ်ပေပါဆိုရင် သိန်း ၃၀ ၊ ဒီဇယ်ဆိုရင် သိန်း၃၀ နဲ့မရတော့ဘူး" ဒါက ကရင်နီဒေသအတွင်း စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ ကျေးလက်မြေအဖွဲ့ကတာဝန်ခံ ကိုဇော်မင်းထိုက်ကပြောလာတာပါ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံ့စီးပွားရေးအကျဘက်ကိုဦးတည်လာခဲ့တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကိုအမှီလိုက်နေရတဲ့ပြည်သူတွေအတွက် အီရန်စစ်ပွဲကြောင့် စက်သုံးဆီဈေးမြင့်တ

BVJ
Apr 71 min read


ဝန်ကြီး အယောက် ၃၀ အမည်စာရင်း စစ်ခေါင်းဆောင်တင်သွင်း
မိုနာ/BVJ_ဧပြီ ၇၊ ၂၀၂၆ ဒီနေ့ဧပြီ ၇ရက်မှာကျင်းပတဲ့ စစ်အုပ်စုရဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကအဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးတို့ရဲ့အမည်စာရင်းကို ဖတ်ပြခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်

BVJ
Apr 71 min read


မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို NUGသေဒဏ်ချမှတ်
ယူဂရင်း/BVJ_ဧပြီ ၆၊ ၂၀၂၆ သေဒဏ်ချမှတ်ခံရသူ မင်းမင်းစိုး ပြီးခဲ့တဲ့ ၂၀၂၅၊အောက်တိုဘာ ၂၁ရက်မှာ မကွေးတိုင်း၊ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်နေ အသက်၁၃ နှစ်အရွယ် မိန်းကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG မြို့နယ်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၁နှစ်အရွယ်မင်းမင်းစိုးဆိုသူဟာ ဆယ်ကျော်သက်မိန်းကလေးကို ခေါ်ဆောင်သွားရာကနေ မိန်းကလေးငယ်ကပျောက်ဆုံးသွားပြီး ငါးရက်အကြာ ၂၀၂၅၊ အောက်တိုဘာ ၂၅ရက်မနက်မှာမှ ဆောမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းက ဝန်ထမ်းအိမ်ရာအခန်

BVJ
Apr 61 min read


ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုရဲချုပ်ဟောင်းကိုစစ်အုပ်စုရွေးချယ်
မိုနာ/BVJ_ဧပြီ ၆၊ ၂၀၂၆ ဒုရဲချုပ်ဟောင်း အောင်နိုင်သူ ဒီနေ့ဧပြီ ၆ရက်မှာကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ စစ်အုပ်စုက ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုတိယရဲချုပ်(ငြိမ်း)အောင်နိုင်သူကို ကန့်ကွက်သူမရှိ အတည်ပြုတင်မြှောက်လိုက်ပါတယ်။ ဒုရဲချုပ်(ငြိမ်း)အောင်နိုင်သူဟာ ပြီးခဲ့တဲ့၂၀၂၅၊စက်တင်ဘာမှာ တာဝန်ကနေအနားယူပြီး စစ်အုပ်စုရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ-USDPကလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း၊ ကိုကိုကျွန်းမဲဆန္ဒနယ်ကဝင်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။ သူ့ကိုရန်ကုန်တိုင်းဝန်

BVJ
Apr 61 min read


စီစဉ်ထားတဲ့အတိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဖြစ်လာ
မိုနာ/BVJ_ဧပြီ ၃၊ ၂၀၂၆ ဓါတ်ပုံ-MOI အရပ်သားအစိုးရဆီကနေ အာဏာလုယူပြီး ငါးနှစ်အကြာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့မှာ သမ္မတဖြစ်လာပါတယ်။ စစ်အုပ်စုကပြုလုပ်တဲ့ရွေးကောက်ပွဲအပြီး ကျင်းပတဲ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ကြံ့ခိုင်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌလည်းဖြစ်၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်နန်းနီနီအေးနဲ

BVJ
Apr 31 min read
bottom of page
