နတ်မောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကို PLAကြားဖြတ်တိုက်ခိုက်
- BVJ

- 5 days ago
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၉၊ ၂၀၂၆

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာကနေထွက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်အုပ်စုစစ်ကြောင်းကို မကွေးတိုင်း၊နတ်မောက်မြို့နယ်ကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဒီနေ့ ဧပြီ ၉မှာ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း ဧပြီ ၁ရက် နေ့လယ် ၁း၄၈အချိန်မှာ နှစ်ဘက်တိုက်ပွဲမိနစ်သုံးဆယ်ခန့်၊ ဒုတိယအကြိမ်အဖြစ် ဧပြီ ၃ရက်နေ့မှာ နတ်မောက်မြို့နယ်၊ကျောက်အိုးရွာအနီး မနက် ၁၀:၃၀အချိန်မှာ ၁၅မိနစ်ကြာတိုက်ပွဲ၊ ဧပြီ ၇ရက်နေ့မှာတော့ ဒီးဒုတ်ခင်ရွာနားမှာ ကြားဖြတ်တိုက်ခိုက်ဖို့စောင့်နေချိန်မှာ ရန်သူဘက်ကဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီဒရုန်းကိုပစ်ခတ်ဖျက်ဆီးပြီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးလာသည့်ရန်သူ့စစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ (၈) ရက်တာ ကြားဖြတ်တိုက်ခိုက်နိုင်ရန် ကြိုးပမ်းခဲ့သည်။
ကြားဖြတ်တိုက်ပွဲများအတွင်း ရန်သူ့ထံမှ တိုက်ခိုက်ရေးဒရုန်းတစ်စင်း၊ ဆေးဝါးအချို့၊ ခဲယမ်းအနည်းငယ်နှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့သည်”လို့ PLAက ပြောထားပါတယ်။

တိုက်ခိုက်မှုအတွင်း PLAဘက်ကရဲဘော်တွေအထိအခိုက်မရှိခဲ့ဘဲ စစ်အုပ်စုဘက်ကတော့ထိခိုက်မှုရှိခဲ့တယ်လို့လည်း PLAကထုတ်ပြန်ပါတယ်။




Comments