ဒေါ်အောင်ဆန်းစုကြည်ကို လေးနှစ်ခွဲ ထောင်ဒဏ်လျော့
- BVJ

- Apr 17
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၁၇၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်က ၂၀၂၁ခုနှစ်ထဲကဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ ထောင်ဒဏ်လေးနှစ်နဲ့ခြောက်လ လျော့ပေါ့ပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေကပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒီနေ့ ဧပြီ ၁၇ နှစ်ဆန်းတစ်ရက်မှာ စစ်အစိုးရအဖွဲ့သမ္မတ မင်းအောင်လှိုင်လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာထဲမှာ သေဒဏ်ကျခံနေရတဲ့သူတွေကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ပြောင်းလဲတာ၊ ထောင်ဒဏ်တစ်သက်နဲ့ထောင်ဒဏ်နှစ်အကန့်အသတ်မရှိကျခံနေရတဲ့သူတွေကို ထောင်ဒဏ်နှစ်၄၀ ပြောင်းတာ၊ ထောင်ဒဏ်နှစ်၄၀နဲ့အောက်ကျခံနေရသူတွေကို ကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်ခြောက်ပုံတစ်ပုံလျှော့ပေါ့ကျခံဖို့တို့ ပါဝင်ပါတယ်။
အရင်က စစ်အုပ်စုကပေးတဲ့လွတ်ငြိမ်းတွေနဲ့ပြစ်ဒဏ်လျော့ပေါ့တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုစွပ်စွဲဖမ်းဆီးထားတဲ့ ပုဒ်မတွေကိုတမင်ချန်ထားလေ့ရှိတာကြောင့် အခုဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျော့ပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်လာပါတယ်။
ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ နေပြည်တော်ကိုသွားရောက်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။




Comments