တက္ကသိုလ်ရိပ်သာလမ်း၊ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ နောက်ဆုံးအခြေအနေ
- BVJ

- Apr 20
- 1 min read
BVJ_ဧပြီ ၁၇၊ ၂၀၂၆

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄နေအိမ်မှာအကျယ်ချုပ်ထားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာ မြင်တွေ့ရတဲ့အခြေအနေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ တဖက်ခြမ်းမှာကင်မရာကိုင်ထားတဲ့ သတင်းထောက်တချို့ရှိနေတယ်လို့လည်း ကားပေါ်ကနေဓာတ်ပုံကိုယ်တိုင်သွားရိုက်ယူခဲ့တဲ့ Burma VJ သတင်းထောက်ကပြောပါတယ်။

အခုပုံတွေကို ဒီနေ့ ဧပြီ ၁၇ရက်၊မြန်မာအချိန်ညနေ ၅နာရီခွဲကျော်အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
BVJအနေနဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို အဆက်မပြတ်ဖော်ပြပေးဖို့ ကြိုးစားနေပါတယ်။
ဓာတ်ပုံ- BVJ




Comments