top of page

ဖြောင့်မတ်မှန်ကန်စွာတာဝန်ထမ်းဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အစိုးရအဖွဲ့ဝင်တွေ ကျမ်းကျိန်

  • Writer: BVJ
    BVJ
  • Apr 10
  • 1 min read

BVJ_ဧပြီ ၁၀၊ ၂၀၂၆

သမ္မတအဖြစ်အမည်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့အပါအဝင် စစ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဒီနေ့ ဧပြီ ၁၀ရက်မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ ကျန်းသစ္စာကျိန်ဆိုကတိသစ္စာပြုခဲ့ကြပါတယ်။

ကျန်းကျိန်တဲ့ထဲမှာ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ဖြောင့်မတ်မှန်ကန်စွာတာဝန်တွေကိုထမ်းဆောင်ပါမယ်လို့ဆိုပြီး ရွတ်ဆိုခဲ့ကြပါတယ်။

အခုကတိသစ္စာပြုအခမ်းအနားကို စစ်ခေါင်း‌ဆောင်က နိုင်ငံတကာကခေါင်းဆောင်တွေကိုဖိတ်ကြားခဲ့ပေမယ့်လည်း စစ်အုပ်စုနဲ့နီးစပ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကကိုယ်စားလှယ်တွေအပါအဝင် အနည်းစုသာတက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)ကနေ အာဏာသုံးရပ်ကိုပြန်အပ်နှင်းပြီး စစ်ကော်မရှင်နဲ့အစိုးရကိုဖျက်သိမ်းကြောင်းလည်း ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာကြေညာခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page