top of page

လက်ရှိဗိုလ်ချုပ်တွေနဲ့စစ်တပ်အရာရှိဟောင်း အများစုပါဝင်တဲ့ စစ်အုပ်စုအစိုးရအဖွဲ့ဝန်ကြီးတွေကို လွှတ်တော်အတည်ပြု

  • Writer: BVJ
    BVJ
  • Apr 9
  • 1 min read

မိုနာ/BVJ_ဧပြီ ၉၊ ၂၀၂၆

၂၀၂၆၊ဧပြီ ၉ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်
၂၀၂၆၊ဧပြီ ၉ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်က သူ့ရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအဖြစ် လွှတ်တော်မှာအမည်စာရင်းတင်သွင်းထားတဲ့ အယောက် ၃၀ကို ဒီနေ့ဧပြီ ၉ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေအတည်ပြုခန့်အပ်လိုက်ပါတယ်။

 

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကတင်သွင်းထားသူတွေဟာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနဲ့ ဦးမောင်မြင့်တို့ဖြစ်ပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် အခုအဲ့ဒီသူတွေကိုပဲ အာဏာသိမ်းစစ်အုပ်စုကတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အတွက်ဝန်ကြီးတွေအဖြစ် အတည်ပြုလိုက်တာပါ။

 

အဲ့ဒီအယောက် ၃၀ထဲမှာ လက်ရှိဗိုလ်ချုပ်တွေနဲ့ စစ်တပ်အရာရှိဟောင်း ၂၁ ယောက်၊ ကြံ့ခိုင်ရေးပါတီနဲ့ အာဏာသိမ်းစစ်အုပ်စုဝန်ကြီးဌာနတွေက လူဟောင်း ၉ ယောက်ပါဝင်ပါတယ်။ သူတို့တွေဟာ စစ်အုပ်စုရဲ့ ဝန်ကြီးဌာန ၃၁ခုမှာ တာဝန်ထမ်း‌ဆောင်မယ့်ဝန်ကြီးတွေဖြစ်လာမှာပါ။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page