ရခိုင်မှာ အေအေစစ်ဦးချုပ်နဲ့ချင်းပြည်သူ့အစည်းအရုံးတို့တွေ့ဆုံခဲ့
- BVJ

- Apr 21
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၂၁၊ ၂၀၂၆

အာရက္ခတပ်တော်-AAရဲ့ဖိတ်ကြားမှုနဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က မနေ့က ဧပြီ ၂၀ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့တာဖြစ်ပြီး ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်တွေ တွေဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံမှုအတွင်းမှာ လက်ရှိနွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ၊ ချင်းနဲ့ရခိုင်ပြည်သူလူထုတွေကြား အိမ်နီးချင်းကောင်းပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက်ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်းချမှတ်နိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ခရီးစဉ်ဟာနှစ်ပတ်ကြာမြင့်ခဲ့ပြီး ရခိုင်ဒေသတွင်းကအထင်ကရနေရာတွေကို ULA/AAက လိုက်လံပြသပေးခဲ့ကြောင်းနဲ့ ဒီခရီးစဉ်ဟာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများပြီး အလွန်တရာအကျိုးရှိတဲ့ခရီးစဉ်ဖြစ်ခဲ့တာကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို ကျေးဇူးတင်တယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံးကဖော်ပြထားပါတယ်။




Comments