ဝန်ကြီး အယောက် ၃၀ အမည်စာရင်း စစ်ခေါင်းဆောင်တင်သွင်း
- BVJ

- Apr 7
- 1 min read
မိုနာ/BVJ_ဧပြီ ၇၊ ၂၀၂၆

ဒီနေ့ဧပြီ ၇ရက်မှာကျင်းပတဲ့ စစ်အုပ်စုရဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကအဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးတို့ရဲ့အမည်စာရင်းကို ဖတ်ပြခဲ့ပါတယ်။
အဲ့ဒီထဲမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနဲ့ ဦးမောင်မြင့်တို့ပါဝင်ပါတယ်။
အဲ့ဒီဝန်ကြီး အယောက် ၃၀စာရင်းနဲ့ပတ်သက်ပြီး ကန့်ကွက်သူရှိမရှိနဲ့ အတည်ပြုကြေညာတာတွေကိုလည်း လာမယ့် ကြာသပတေးနေ့ ဧပြီ ၉ရက်မှာ လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သစ်အတွက် အဖွဲ့ဝင်ကိုးဦးကိုလည်း အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် အမည်စာရင်းတင်သွင်းရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးစိုးသိန်၊ ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးတို့ သုံးဦး၊ ပြည်သူ့လွှတ်တော်က-ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းဘော်၊ ဦးကျော်စိုးညွန့်တို့သုံးဦးနဲ့ အမျိုးသားလွှတ်တော်က-ဦးတိုးရီ၊ဦးတင်အောင်ဝင်း၊ ဦးမင်းဟန်တို့သုံးဦး စုစုပေါင်း ၉ဦးကိုတင်သွင်းထားတာဖြစ်ပြီး အဲ့ဒီကိုးဦးထဲက ဥက္ကဌအဖြစ်ဦးစိုးသိန်းကို စစ်ခေါင်းဆောင်က အမည်စာရင်းတင်သွင်းထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်အတွက် လာမယ့် ကြာသပတေးနေ့မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ကြေညာပါတယ်။

ဒီနေ့လွှတ်တော်မှာ စစ်ခေါင်းဆောင်တင်ပြထားတဲ့ ဝန်ကြီးဌာန ၃၁ခုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ် (၃)ဦးရှိခဲ့ပေမယ့် အဲ့ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး သမ္မတအဖြစ်ကြေညာထားတဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကမင်းအောင်လှိုင်က လာရောက်ရှင်းလင်းတာမရှိဘဲ စာနဲ့သာပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။ အဲ့ဒီစာကို ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးကတဆင့် ပြန်လည်ဖတ်ပြခဲ့ပါတယ်။
ပြီးတော့ စစ်အုပ်စုအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၃၁ခုဖွဲ့စည်းဖို့ အတည်ပြုခဲ့ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးတို့ကို အတည်ပြုခဲ့ကြပါတယ်။
ပုံစာ-ဒီနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်




Comments