ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုရဲချုပ်ဟောင်းကိုစစ်အုပ်စုရွေးချယ်
- BVJ

- Apr 6
- 1 min read
မိုနာ/BVJ_ဧပြီ ၆၊ ၂၀၂၆

ဒီနေ့ဧပြီ ၆ရက်မှာကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ စစ်အုပ်စုက ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုတိယရဲချုပ်(ငြိမ်း)အောင်နိုင်သူကို ကန့်ကွက်သူမရှိ အတည်ပြုတင်မြှောက်လိုက်ပါတယ်။
ဒုရဲချုပ်(ငြိမ်း)အောင်နိုင်သူဟာ ပြီးခဲ့တဲ့၂၀၂၅၊စက်တင်ဘာမှာ တာဝန်ကနေအနားယူပြီး စစ်အုပ်စုရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ-USDPကလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း၊ ကိုကိုကျွန်းမဲဆန္ဒနယ်ကဝင်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။
သူ့ကိုရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပြုတင်သွင်းလာတာပါ။
ဒါ့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်အုပ်စုမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကိုပဲအမည်စာရင်းတင်သွင်းထားတယ်လို့ သိရပါတယ်။
ဒီနေ့ ဧပြီ ၆ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်း စစ်အုပ်စုကတင်မြှောက်ထားတဲ့အစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီးတွေစာရင်းကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒီနေ့အတည်ပြုချက်အရ စစ်အုပ်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၁ခုနဲ့ ဝန်ကြီး အယောက် ၃၀ပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။




Comments