စစ်ခေါင်းဆောင် ချွေးမကို နိုင်ငံတကာကဒဏ်ခတ်ဖို့ JFMတောင်းဆို
- BVJ

- Apr 8
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၈၊ ၂၀၂၆

ထိုင်းနိုင်ငံမှာ ဒေါ်လာသန်းချီတန်တန်ဖိုးကြီးဇိမ်ခံအိမ်ရာကိုဝယ်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ကိုပါ နိုင်ငံတကာကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice For Myanmar (JFM)က တောင်းဆိုလိုက်ပါတယ်။
ချွေးမဖြစ်သူ မျိုးရတနာထိုက်ဟာ ဘယ်နိုင်ငံရဲ့ပိတ်ဆို့အရေးယူမှုကိုမှမခံရသေးတာကြောင့် ဘန်ကောက်မှာတန်ဖိုးကြီးအိမ်ရာဝယ်ယူမှုကို သူ့နာမည်အသုံးပြုဝယ်ယူခဲ့တာကြောင့် ချွေးမဖြစ်သူကိုပါအရေးယူပိတ်ဆို့ဖို့ JFMက မနေ့က ဧပြီ ၇ရက်မှာတိုက်တွန်းလာတာပါ။
“၎င်းသည် မည်သည့်နိုင်ငံတွင်မှ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းမရှိသေးသည်ဖြစ်ရာ၊ ၎င်း၏နာမည်ဖြင့် အသုံးပြု ဝယ်ယူမှုသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားရှောင်ရှားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်”လို့ JFMကပြောထားပါတယ်။
ဘန်ကောက်မြို့ရှိ Issara Residence Rama 9 ကအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited ကရောင်းချခဲ့ပြီး Emerald Princess Company Limited ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနဲ့ အဲ့ဒီကုမ္ပဏီဟာ စစ်ခေါင်းဆောင်မိသားစုက ကြိုးကိုင်ကုမ္ပဏီတခုဖြစ်သလို စစ်ခေါင်းဆောင်ချွေးမနာမည်နဲ့ဝယ်ယူထားတဲ့အိမ်တန်ဖိုးက ထိုင်းဘတ် ၉၈သန်းကြေးရှိတယ်လို့ JFMကစုံစမ်းဖော်ထုတ်ရေးသားထားတာပါ။
အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေအနေနဲ့ မျိုးရတနာထိုက်ကိုအရေးယူပိတ်ဆို့ခြင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကို ပိတ်ပင်သင့်တယ်လို့လည်း JFMကထုတ်ပြန်ထားပါတယ်။




Comments