top of page

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို NUG‌သေဒဏ်ချမှတ်

  • Writer: BVJ
    BVJ
  • Apr 6
  • 1 min read

ယူဂရင်း/BVJ_ဧပြီ ၆၊ ၂၀၂၆

‌သေဒဏ်ချမှတ်ခံရသူ မင်းမင်းစိုး
‌သေဒဏ်ချမှတ်ခံရသူ မင်းမင်းစိုး

ပြီးခဲ့တဲ့ ၂၀၂၅၊အောက်တိုဘာ ၂၁ရက်မှာ မကွေးတိုင်း၊ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်နေ အသက်၁၃ နှစ်အရွယ် မိန်းကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG မြို့နယ်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။


အသက် ၂၁နှစ်အရွယ်မင်းမင်းစိုးဆိုသူဟာ ဆယ်ကျော်သက်မိန်းကလေးကို ခေါ်ဆောင်သွားရာကနေ မိန်းကလေးငယ်ကပျောက်ဆုံးသွားပြီး ငါးရက်အကြာ ၂၀၂၅၊ အောက်တိုဘာ ၂၅ရက်မနက်မှာမှ ဆောမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းက ဝန်ထမ်းအိမ်ရာအခန်းတခုအတွင်းမှာ ပုပ်ပွနေတဲ့အလောင်းကိုပြန်တွေ့ခဲ့တာဖြစ်ပါတယ်။


အဲ့ဒီနောက် ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ကနေ တရားခံမင်းမင်းစိုးကိုဖမ်းဆီးပြီး NUGမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂၊ ၂၀၁တို့နဲ့ တရားစွဲဆိုခဲ့တာကနေ အခု ဧပြီ ၂ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။


အဓမ္မပြုကျင့်မှုနဲ့ လူသတ်အလောင်းဖျောက်ဖျက်မှုကို တရားခံကလည်းဝန်ခံခဲ့တာကြောင့် ရာဇသတ်ကြီးဥပဒေ ၃၀၂(၁)(ဂ)အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့တာလို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ ယောအလင်းတန်းက ဒီနေ့ ဧပြီ၆ရက်မှာဖော်ပြထားပါတယ်။

၂၀၂၅၊ အောက်တိုဘာ ၂၇ရက်မှာ ဒေသခံများဆန္ဒပြနေပုံ(ဓါတ်ပုံ-ယောအလင်းတန်း)
၂၀၂၅၊ အောက်တိုဘာ ၂၇ရက်မှာ ဒေသခံများဆန္ဒပြနေပုံ(ဓါတ်ပုံ-ယောအလင်းတန်း)

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတရားခံကိုပြည်သူတွေရှေ့မှာတင်သေဒဏ်ပေးဖို့ဆိုပြီး ဒေသခံတွေက ၂၀၂၅၊ အောက်တိုဘာ ၂၇ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page