top of page


သာယာဝတီထောင်မှာ ညီမကိုပါဆယ်သွားပို့ရင်း အမဖြစ်သူပါအဖမ်းခံရ
အေတီ/BVJ_အောက်တိုဘာ ၂၄၊ ၂၀၂၅ ပဲခူးတိုင်း၊ သာယာဝတီထောင်မှာထောင်ကျနေတဲ့ ညီမဖြစ်သူ မမိုမိုကိုအတွက်ထောင်ဝင်စာပါဆယ်သွားပို့ရင်း အမဖြစ်သူမဝေဝေသန့်လမ်းမှာအဖမ်းခံရပြီး ၅၀ညပုဒ်မနဲ့တရားစွဲခံထားရတယ်လို့ မဝေဝေသန့်မိသားစုနဲ့ နီးစပ်သူတစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။ “အောက်တိုဘာ၂၁ရက်နေ့က သာယာဝတီစစ်ဆေးရေးဂိတ်မှာမှတ်ပုံတင်စစ်တဲ့အချိန် မဝေဝေသန့်အဖမ်းခံရတာပါ။သူ့ညီမအတွက်ပါဆယ်သွားပို့တာ သာယာဝတီထောင်အထိတောင် မရောက်လိုက်ဘူး။အခုမြောက်ဥက္ကလာရဲစခန်းမှာ ၅၀ညပုဒ်မနဲ့သူ့ကိုတရားစွဲထားတယ်”လို့ မိသားစုနဲ့နီး

BVJ
Oct 241 min read


ဘုံတိုရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြင်းထန်ဒဏ်ရာရသူတွေထဲက သပိတ်ရဲဘော်တစ်ဦးကျဆုံး
မိုနာ/BVJ_အောက်တိုဘာ ၂၃၊ ၂၀၂၅ ချောင်းဦးလေကြောင်းဗုံးကြဲခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရပြီးဆေးကုသနေရင်း ကျဆုံးခဲ့တဲ့ရဲဘော် မြင့်မြတ်မျိုး (ဓါတ်ပုံ- မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် သီတင်းကျွတ်ညဆီမီးထွန်းပွဲမှာ စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲက တစ်ဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အခုကျဆုံးသွားသူဟာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာတောင်နယ်၊ A3Y လူငယ် အပတ်စဉ်...

BVJ
Oct 231 min read


အီလွန်မက်စ်SpaceXကုမ္ပဏီက မြန်မာနိုင်ငံဘက်က ကျားဖြန့်စင်တာတွေမှာအသုံးပြုနေတဲ့ စတားလင့်အလုံး ၂၅၀၀ကျော်ရဲ့ဝန်ဆောင်မှုတွေကို ဖြတ်တောက်
အေတီ/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၅ မြန်မာနိုင်ငံ မြဝတီမြို့ထဲက KK Park အဆောက်အအုံခေါင်မိုးပေါ်မှာ Starlink ဂြိုလ်တုစလောင်းတွေတပ်ဆင်ထားတာကို ထိုင်းဘက်အခြမ်းမဲဆောက်မြို့က လှမ်းတွေ့ရတဲ့မြင်ကွင်း မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့နယ်ထဲက ကျားဖြန့်စင်တာတွေမှာအသုံးပြုနေတဲ့ စတားလင့် ၂၅၀၀ကျော်ရဲ့ဂြိုလ်တုဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်ပြီလို့ အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီကဒီနေ့ထုတ်ပြန်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဖက်မြဝတီမြို့က ကျားဖြန့်စင်တာ ၃၀ကျော်ဟာ ကမ္ဘာတစ်ဝှမ်းက

BVJ
Oct 231 min read


မောင်တောဒေသခံနှစ်ဦးကို အာဆာအဖွဲ့သတ်ဖြတ်သွားတယ်လို့ အေအေထုတ်ပြန်
BVJ/ဂျိုး_အောက်တိုဘာ ၂၃၊ ၂၀၂၅ ရခိုင်ပြည်နယ် မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း လှုပ်ရှားနေတဲ့ အာဆာတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ခရီးတင်ကားတစ်စီးကို မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး တချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အာရက္ခတပ်တော်-AA ဘက်က ထုတ်ပြန်ထားပါတယ်။ ခရီးသည်ငါးဦးလိုက်ပါလာတဲ့ကားဟာ မနေ့ကနေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာကနေ ဆန်၊ ဆီ၊ဆ

BVJ
Oct 231 min read


နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့ နတ်ရေကန်တိုက်ပွဲပြင်းထန်နေ
BVJ/ဂျိုး_စက်တင်ဘာ ၂၂၊ ၂၀၂၅ ရှေ့တန်းစစ်မြေပြင်က AAတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။ အာရက္ခတပ်တော်-AAဘက်က သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းကားလမ်းမ ရခိုင်ရိုးမတောင်ပေါ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းမှာ နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ နတ်ရေကန်ဗျူးဟာကုန်းအပြင်ဘက်မှာရှိတဲ့ ကာကင်းစခန်းတွေအားလုံးကို AAဘက်ကသိမ်း ပိုက်ထားပေမယ့် ဗျူဟာကုန်းကိုတော့ လက်ရှိအချိ

BVJ
Oct 221 min read


အင်အား ၆၀ခန့်ရှိတဲ့စစ်အုပ်စုအထိုင်စခန်းကို PDFဝင်တိုက်၊ တပ်ရင်းမှူးအပါအဝင် သေဆုံးသူများ
ယူဂရင်း/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၅ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာရှိ စစ်အုပ်စုအထိုင်စခန်းကိုဝင်တိုက်ပြီးနောက် ဖမ်းမိခဲ့သောသုံ့ပန်းနှစ်ဦးနဲ့ ရရှိခဲ့သောလက်နက်များ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အင်အား ၆၀ကျော်နဲ့တပ်စွဲထားတဲ့ စစ်အုပ်စုအထိုင်စခန်းကို PDFတွေက အခုလ အောက်တိုဘာ ၂၀ရက်မှာဝင်တိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက မနေ့ကညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်ကအထိနာ ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် ရွာ

BVJ
Oct 221 min read


မိုးကုတ်ရှိ ဖူဆယ်ကွင်းဗုံးကြဲခံရပြီး မိန်းကလေးငယ်သုံးဦးသေဆုံး
BVJ/ဂျိုး_အောက်တိုဘာ ၂၂၊ ၂၀၂၅ မိုးကုတ်ရှိ ဖူဆယ်ကွင်းဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မိုးကုတ်မြို့ကို မနေ့က နေ့လယ် နှစ်နာရီလောက်မှာ စစ်ကောင်စီကလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီးတော့ ကလေးအပါအဝင် အရပ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိတဲ့ မိုးကုတ်မြို့၊ ကန့်တောရပ်ကွက်အတွင်းက ကန်သုံးလုံးဖူဆယ်ကွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗ

BVJ
Oct 221 min read


ကျောက်ဖြူမှာ စစ်ကောင်စီထိုးစစ် မြို့နဲ့၁၅မိုင်ကွာအထိရောက်လာတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရ
BVJ/ဂျိုး_အောက်တိုဘာ ၂၁၊ ၂၀၂၅ ပုံစာ-ကျောက်ဖြူစစ်ဆင်ရေးကစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်အုပ်စုဖော်ပြထားပုံ။ တရုတ်စီမံကိန်းတွေအများအပြားရှိနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်-AA ခြေကုတ်ယူထားတဲ့နေရာတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဖြူမြို့ပေါ် နဲ့ ၁၅လောက်အကွာမှာရှိတဲ့ ချောင်းဖျားကျေးရွာအထိရောက်လာတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။ “AAဘက်ကထိုးစစ်မဆင်တော့ စစ်ကောင်စီကတဖြည်းဖြည

BVJ
Oct 211 min read


လုံခြုံရေးကြောင့် ဒီပဲယင်းမြို့နယ်ကအလှုမင်္ဂလာပွဲတွေအတွင်း ဆိုင်းဝိုင်းတွေမထည့်ဖို့ မြို့နယ်ပအဖတားမြစ်
ယူဂရင်း/BVJ_အောက်တိုဘာ ၂၁၊ ၂၀၂၅ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က မြိုင်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာပွဲတခု လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်တွေ့ရပုံ (ဓါတ်ပုံ-Red Peacock Photo) စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကိုစိုးရိမ်နေကြတာကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အခုနှစ်အတွင်း အလှုပွဲ၊မင်္ဂလာပွဲတွေမှာ ဧည့်ခံဖျော်ဖြေရေးပွဲတွေနဲ့ဆိုင်းဝိုင်းတွေပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်အုပ်စုဟာ ပြည်သူလူထုစုဝေးရာနေရာတွေကိ

BVJ
Oct 211 min read


ဒေါ်မျိုးမျိုးအေးနဲ့ အလုပ်သမားအရေးလှုပ်ရှားသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ
အီးကေ/BVJ_အောက်တိုဘာ၂၀၊ ၂၀၂၅ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUMအဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူနှစ်ဦး အင်းစိန်အကျဥ်းထောင်က ဒီနေ့ပြန်လွတ်လာပြီလို့သိရပါတယ်။ ဒီနေ့အောက်တိုဘာ၂၀ရက်နေ့ ညနေ၄:၃၀ခန့်မှာ ဒုသမ္မတအမိန့်နဲ့လက်ရှိစွဲဆိုထားတဲ့အမှုအားလုံးရုတ်သိမ်းကြောင်း အင်းစိန်ထောင်မှာလာဖတ်ပြခဲ့ပြီးနောက် သူတို့ကိုပြန်လွှတ်ပေးလိုက်တာကြောင့် အခုနေအိမ်မှာပြန်ရောက်နေကြပြီလို့ STUMအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်မျိုးမျိုးအေးနဲ့အတူ အခြားအလုပ်သမားအရ

BVJ
Oct 211 min read


ပဲခူးမြို့ အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံရမှုမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ဦးအပါအဝင် ၁၀ ဦးကျော်ဖမ်းခံထားရ
BVJ/ဇော်_အောက်တိုဘာ ၁၈၊ ၂၀၂၅ ပဲခူးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ပဲခူးမြို့ပေါ်က နိုင်ငံရေးအကျဉ်းသားဟောင်း (၂)ဦးအပါအဝင် လူ(၁၀)ဦးခန့် ကိုစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့သိရပါတယ်။ ပဲခူးတိုင်း၊ ပဲခူးမြို့ ဥဿာမြို့သစ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့ ညဆယ်နာရီခွဲခန့်မှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ခြံစည်းရိုးအုတ်တိုင်အောက်ခြေနဲ့ ရုံးပြတင်းပေါက်မှန်လေးချပ်..

BVJ
Oct 201 min read


နန့်ဆန်လေကြောင်းဗုံးကြဲခံရပြီး ဆယ်နှစ်ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံး
BVJ/ဇော် - အောက်တိုဘာ ၁၉၊ ၂၀၂၅ တအာင်းပြည်၊ တပ်မဟာ (၉) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ဦးအပါအဝင် (၆) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။ မနေ့ အောက်တိုဘာ ၁၈ရက်နေ့ ည ရှစ်နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို ပေါင် (၂၅၀)ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုဟာ ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှ

BVJ
Oct 201 min read


ကျားဖြန့်မြို့တော် KK Parkကိုဝင်စီးပြီး ထိန်းချုပ်လိုက်ပြီလို့ စစ်အုပ်စုကြေညာ
ယူဂရင်း/BVJ_အောက်တိုဘာ ၂၀၊ ၂၀၂၅ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်အတွင်းက လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကိုပြန်လည်ထိန်းချုပ်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Parkကိုလည်းဝင်ရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်သတင်းစာတွေမှာ ကြေညာပါတယ်။ လတ်ခတ်တောင်ဘုရားကုန်းကို စက်တင်ဘာ ၉ရက်မှာ၊ လေးကေ့ကော်မြို့သစ်ကို အခုလ ၅ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ကာ တိုက်ပွဲကြီး ၆ကြိမ်နဲ့ တိုက်ပွဲငယ် ၅၃ကြိမ်ဖြစ်ပွားပြီး အလောင်း ၁၀လောင်းနဲ့ လက်နက်မျိုးစုံ ၁၆လက်ကိုရရှိခဲ့တယ်လို့ ဖော်ပြပါတယ်

BVJ
Oct 201 min read


မြင်းခြံပကဖအချုပ်ခန်းကနေ လက်နက်ယူထွက်ပြေးသွားသူအချုပ်သားတွေထဲမှာ ဓါးပြတိုက်၊လူသတ်မှုနဲ့ဖမ်းခံထားရသူပေါကြီးဆိုသူ ပါဝင်နေ
မိုနာ/BVJ_ အောက်တိုဘာ ၁၇၊ ၂၀၂၅ မြင်းခြံခရိုင်ပကဖရဲဘော်များ ၇၈ ကြိမ်မြောက်အာဇာနည်နေ့ဂုဏ်ပြုပွဲကျင်းပနေပုံ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းကနေ အချုပ်သား ၃၂ယောက်က လက်နက်တချို့ယူပြီး ထွက်ပြေးသွားတာကြောင့် ဒေသတွင်းပြန်လည်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာ ၁၆ရက်ညပိုင်းမှာ အချုပ်သားတွေက သေနတ်တွေယူထွက်ပြေးသွားတာဖြစ်ပြီး ညပိုင်းမှာ အမျိုးသမီး (၅)ယောက်ကပြန်လည်ဖမ်းမိခဲ့ပြီး ဒီနေ့မနက်မှာတော့ အမျိုးသား(၇)ဦးနဲ့ အမျိုးသမီး (၁)ဦး စုစုပေါင်း (၈)ဦးကို

BVJ
Oct 171 min read


သီပေါမြို့ကို စစ်အုပ်စုပြန်ထိန်းချုပ်သွားပြီလို့ TNLAအတည်ပြု
မိုနာ/BVJ_အောက်တိုဘာ ၁၇၊ ၂၀၂၅ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းက သီပေါမြို့နယ်ကို စစ်အုပ်စုဘက်ကပြန်ထိန်းချုပ်သွားပြီလို့ TNLAပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။ သီပေါမြို့စစ်အုပ်စုလက်ထဲ ပြန်လည်ရောက်ရှိပြီး ထိန်းချုပ်သွားတာနဲ့ပတ်သက်ပြီး TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ”ဟုတ်ပါတယ်”လို့ Burma VJကို ဒီနေ့နေ့လယ်မှာ အတည်ပြုပါတယ်။ စစ်အုပ်စုဘက်ကလည်း သီပေါကို ဒီနေ့ အောက်တိုဘာ ၁၇ရက်မှာ အလုံးစုံပြန်သိမ်းပိုက်ထိန

BVJ
Oct 171 min read


ကျောက်ဖြူရှိ AAထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီဆက်တိုက်ထိုးစစ်ဆင်နေ
BVJ/ဂျိုး_အောက်တိုဘာ ၁၇၊ ၂၀၂၅ ရခိုင်ပြည်နယ်တောင်ပိုင်း၊ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီကဆက်တိုက်ဆိုသလို အင်းအားအလုံးအရင်းနဲ့မြေပြင်ထိုးစစ်ဆင် နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်ဖြူမြို့ပေါ်နဲ့ ၁၂မိုင်လောက်အကွာမှာရှိတဲ့ ကုလဘာကျေးရွာအထိရောက်ရှိနေကြီး နှစ်ဘက်တိုက်ပွဲတွေရှိနေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။ “စကစဘက်ကတော့မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်လာတယ်။ အခုဆိုရင် ကုလဘာက

BVJ
Oct 171 min read


ပြည်သူ့စစ်တပ်သား ၇ ဦး KNLAတပ်ဖွဲ့ဆီဘက်ပြောင်းလာ
BVJ/ဂျိုး_အောက်တိုဘာ ၁၇၊ ၂၀၂၅ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တပ်သားသစ်(၇)ဦးဟာ အောက်တိုဘာလ ၁၅ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း(၉)ဆီကို ဘက်ပြောင်းခိုလှုံလာတယ်လို့ KNUကဒီနေ့ထုတ်ပြန်ထားပါတယ်။ လက်ရှိဘက်ပြောင်းခိုလှုံလာတဲ့တပ်သား(၇)ဦးဟာ စစ်ကောင်စီတပ် ခလရ–၇၅ တပ်ရင်းက ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်)နဲ့ ရာဇာထက် (၂၄ နှ

BVJ
Oct 171 min read


ပဲခူးမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးသူများ၊ ၁၂ဦးဖမ်းမိ
ယူဂရင်း/BVJ_ အောက်တိုဘာ ၁၆၊ ၂၀၂၅ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို PDFတွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင့် ၁၅ဦးထက်မနည်းသေဆုံးပြီး ၁၂ဦး ဖမ်းမိခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နေ့လယ်မှာထုတ်ပြန်ပါတယ်။ မနေ့က အောက်တိုဘာ ၁၅ရက် မနက်ဆယ်နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်

BVJ
Oct 161 min read


ချင်းတပ်ဖွဲ့တွေ ဟားခါးမြို့မရဲစခန်းကိုဝင်တိုက်ပြီး အကျဉ်းသားတွေကိုကယ်ထုတ်လာ
မိုနာ/BVJ_အောက်တိုဘာ ၁၆၊ ၂၀၂၅ ဓါတ်ပုံ-CDFဟားခါးတပ်ဖွဲ့ဝင်များ။ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ဒီနေ့ အောက်တိုဘာ ၁၆ရက်မနက်အစောပိုင်း သုံးနာရီအချိန်မှာ ချင်းအမျိုးသားတပ်မတော်-CNAနဲ့ CDF-Hakhaတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသားတွေကိုကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အခုဝင်တိုက်တဲ့ ရဲစခန်းမှာ CNAနဲ့CDFတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထားတာကြောင့် စစ်ဆင်ရေးပြုလုပ်ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက Burma VJကိုပြောပါတယ်။ “ကျနော်တို့အကျဉ်းသားတွေကိုဖမ

BVJ
Oct 161 min read


ပဲခူး၊မကွေး၊ဧရာဝတီအစပ်တို့မှာ ခံစစ်နဲ့အတူတန်ပြန်စစ်ဆင်နွှဲနေတယ်လို့ AAအသိပေး
BVJ/ဂျိုး_အောက်တိုဘာ ၁၆၊ ၂၀၂၅ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား မကွေးတိုင်း-နတ်ရေကန်ဗျူဟာအပါအဝင် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တွေမှာ နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲတွေတောက်လျောက်ပြင်းထန်နေတယ်လို့ AAကအသိပေးလာပါတယ်။ မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်းက နှစ်ဘက်စလုံးအတွက်စစ်ရေးအချက်အချာကျတဲ့ နတ်ရေကန် ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ယူဖို့အတွက် လက်ကျန်နေရာတချို့ကို AAအနေနဲ့ထိုးစစ်ဆင် တိုက်ခိုက်နေသလို ကစဉ့်ကလျားထွတ်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့...

BVJ
Oct 161 min read
bottom of page



