လန်ဒန်မြို့မှာပြုလုပ်နေတဲ့ “To Kill a Movement”ပြပွဲ
- BVJ

- May 27
- 1 min read
BVJ_မေ ၂၆၊ ၂၀၂၆

“To Kill a Movement”လို့အမည်ရတဲ့ပြပွဲတစ်ခုကို လန်ဒန်မြို့၊ Hoxton Archesမှာ အခု မေလ ၂၃ ရက်ကနေ မေလ ၃၁ ရက်အထိပြသနေပါတယ်။ ပြပွဲကို Myanmar Peace Museumအဖွဲ့ကဦးဆောင်ကျင်းပပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပေါင်းစပ်ပြီး installation artနဲ့ပါပြသထားပါတယ်။


ပြပွဲမှာ ရုပ်ရှင်နဲ့ပြဇာတ်ကိုပါထည့်သွင်းထားပြီး မေလ ၂၅ ရက်က ဒါရိုက်တာ ဖေမောင်းစိမ်းရိုက်ကူးတင်ဆက်ထားတဲ့ "The River Our Ayeyarwaddy" ရုပ်ရှင်ပြသမှုနဲ့အတူ Stars of Myanmar Friendshipကတင်ဆက်မယ့် "Proof of Life" ပြဇာတ်နဲ့တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်ခဲ့ပါတယ်။

မေလ ၂၈ ရက် ညနေ ၆နာရီမှာလည်း Amnesty Internationalအဖွဲ့က ခေါင်းဆောင်တွေပါဝင်မယ့် မြန်မာ့အရေးစကားဝိုင်းဆွေးနွေးပွဲ (Panel Discussion)လည်း ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။

မေလ ၃၀ ရက်နေ့မှာတော့ ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေစီစဉ်တင်ဆက်ထားတဲ့ Mark Tarrantရဲ့ မှတ်တမ်းရုပ်ရှင် "Nixon Addendum" နဲ့ "2024 Hong Kong Neon: Jimmy Lai in Chains" တို့ကို အထူးပြသဖို့ရှိပါတယ်။
ပွဲတော်နောက်ဆုံးရက် မေ ၃၁ ရက်မှာ ဒါရိုက်တာဖေမောင်းစိမ်းရိုက်ကူးတင်ဆက်တဲ့"The River Our Ayeyarwaddy" ဇာတ်ကားကိုပြန်ပြပေးဖို့ရှိပြီး ဒါရိုက်တာ Matt Blauer ရဲ့ Hidden in Trees ၊ ဒါရိုက်တာ Nic Blauer ရဲ့ They were kids ရုပ်ရှင်ဇာတ်ကားတွေပြသသွားမယ်လို့ သိရပါတယ်။




Comments