top of page

ဂျိုရှုအာဗန်နဲ့ဖြူဖြူကျော်သိန်းတို့ရဲ့ မလေးရှားပရိသတ်နဲ့တွေ့ဆုံပွဲ

  • Writer: BVJ
    BVJ
  • 38 minutes ago
  • 1 min read

BVJ_မေ ၂၅၊ ၂၀၂၆

UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော်ဖြူဖြူကျော်သိန်းတို့ဟာ ဒီနေ့ မေလ ၂၅ရက်ညပိုင်းမှာ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ ICC Pudu Hallမှာကျင်းပခဲ့တဲ့ အဲ့ဒီတွေ့ဆုံပွဲကို မြန်မာပရိတ်သတ်ထောင်နဲ့ချီ တက်ရောက်အားပေးခဲ့ကြတာတွေ့ရပါတယ်။ ဒီတွေ့ဆုံပွဲကို Chin Refugee Committee, Malaysiaကဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

Joshua Vanဟာ အမေရိကန်နိုင်ငံကိုအခြေမချခင်မှာ မလေးရှားနိုင်ငံမှာဒုက္ခသည်အဖြစ်နေထိုင်ခဲ့တာဖြစ်ပြီး အခုပထမဆုံးကြိမ်အဖြစ် မလေးရှားကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ချင်းဖိုက်တာ Joshua Vanရဲ့ခရီးစဉ်မှာ မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုသွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။


ဓာတ်ပုံခရက်ဒစ်- Chin Refugee Committee, Malaysia

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page