top of page

မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းဖို့ ကျောင်းသားလူငယ်တွေဆန္ဒပြတောင်းဆို

  • Writer: BVJ
    BVJ
  • 1 hour ago
  • 1 min read

BVJ_မေ ၂၆၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံရေကာတာစီမံကိန်းပြန်လုပ်ဖို့ကြိုးပမ်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ "မြစ်ဆုံစီမံကိန်း အလိုမရှိ၊ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန်"ဆန္ဒပြလှုပ်ရှားမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်တွေက မနေ့က မေလ ၂၅ရက်မှာပြုလုပ်ခဲ့ပါတယ်။


မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့အတွက် စစ်အုပ်စုကကော်မတီတွေဖွဲ့စည်းပြီး ကချင်ပြည်နယ်၊ မြို့နယ်အသီသီးကဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ဖိတ်ခေါ်ပြီးဝါဒဖြန့်လူထုတွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်နေတာကြောင့် ဒီစီမံကိန်းကိုဆက်မလုပ်ဖို့ ဒေသခံလူငယ်တွေကကန့်ကွက်ရတာဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့-KHRWက ဒီနေ့ မေ ၂၆ရက်မှာ ထုတ်ပြန်လာပါတယ်။


စစ်အုပ်စုဟာ ကချင်ပြည်နယ်အတွင်းမှာမြစ်ဆုံစီမံကိန်းပြန်စတင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲအစည်းအဝေးတွေပြုလုပ်ရာမှာလည်း အစည်းအဝေးကိုတခြားခေါင်းစဉ်တပ်ခေါ်ယူခြင်း၊ အတင်းအဓ္ဓမအစည်းအဝေးခေါ်ယူခြင်းတွေကိုပြုလုပ်နေတာဖြစ်တယ်လို့ KHRWထုတ်ပြန်ချက်အရသိရပါတယ်။

အခုလိုဒေသခံပြည်သူတွေသိန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေး၊စစ်ဘေးရှောင်နေရချိန်မှာ စစ်အုပ်စုကအခုလို အတင်းအကြပ်စုဆောင်းထောက်ခံမှုရယူ၊ ခြိမ်းခြောက်နေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေမှုပဲဖြစ်တယ်လို့လည်း KHRWကပြောထားပါတယ်။


စစ်အုပ်စုဟာ မြစ်ဆုံရေကာတာဆည်ရဲ့ အမြင့်ကိုလျှော့ချပြီး ၈ ဒသမ ၅မဂ္ဂနီကျူ ငလျင်ပြင်းအားကိုခံနိုင်အောင်တည်ဆောက်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလမှာလူထုကိုထုတ်ပြောခဲ့ပြီးနောက်ပိုင်းမှာ မြစ်ဆုံစီမံကိန်းကိုပြန်လည်စတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်း၊ ဒေသခံတွေကို တွေ့ဆုံစည်းရုံးခြင်းတွေနဲ့ ကန့်ကွက်သူတွေကိုဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်လုပ်‌ဆောင်လာတာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page