top of page

မြိုင်၊သရက်ကန်ပျူစောထီးတပ်စခန်းကို ‌ဒေသတော်လှန်ရေးတပ်ဖွဲ့တွေစုပေါင်းသိမ်းယူ

  • Writer: BVJ
    BVJ
  • 21 minutes ago
  • 1 min read

ယူဂရင်း/BVJ_မေ ၂၅၊ ၂၀၂၆

သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။
သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စစ်တပ်နဲ့ပျူစောထီးတွေတပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးစခန်းကို အခု မေလ ၂၂ရက်မနက် ၅နာရီအချိန်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ပြီး နောက်ရက် မေ ၂၃ရက် မနက်၅း၄၅မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေဆီကသိရပါတယ်။


သရက်ကန်ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို "တမာမြေစစ်ဆင်ရေး"အဖြစ် မြိုင်ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း - ၁ ( MFUDC -1)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်စစ်ဌာန( ဒရုန်းတပ်ဖွဲ )၊ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) ၊ မြိုင်ပကဖအဖွဲဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲတွေ၊ တပ်ရင်းဆေးတပ်ဖွဲ့၊ မြိုနယ်ဆေးတပ်ဖွဲ့၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ)နဲ့ တော်လှန်ပြည်သူတွေက စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးရဲ့ ပူးပေါင်းကူညီမှုကိုလည်းရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ဒီနေ့ မေ ၂၅ရက်မနက်မှာထုတ်ပြန်ထားပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကနေ ကာဘိုင် ၁၁ လက်၊ ၁၂ဗို ၆ လက် ၊ လက်လုပ် ၁ လက်နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။
သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ ၄၉ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ လည်းတိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ပြောထားပါတယ်။


"၅နှစ်စာ ပျူစောထီးများ၏ ရွာတွင်းဖိနှိပ်မှုဒဏ်ကို ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပါသည်"။


တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကလေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ထက်မနည်းပစ်ကူပေးခဲ့တာရှိပြီး တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့တော်လှန်ရေးရဲဘော်တွေလည်းရှိတယ်လို့ သိရပါတယ်။

သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။
သရက်ကန်ပျူစောထီးစခန်းသိမ်းယူခဲ့ပြီးနောက် မြင်တွေ့ရပုံ။

လက်ရှိမှာ ဒေသတွင်းတိုက်ပွဲပြင်းလာနိုင်သလို သရက်ကန်ကျေးရွာအတွင်းမှာလည်း အိမ်ပေါက်စေ့၊လမ်းတိုင်းပြည့်ကို တိုက်မိုင်းနင်းမိုင်းတွေထောင်ထားတာကြောင့် ပြည်သူတွေဝင်ထွက်သွားလာတာတွေမလုပ်ကြဖို့ကိုလည်း မြိုင်ပကဖက သတိပေးထားပါတယ်။





Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page