စစ်ကိုင်းလဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၂၀ ထက်မနည်းဒဏ်ရာရ
- BVJ

- Jun 8
- 1 min read
အီးကေ/BVJ- ဇွန် ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ပါရမီရပ်ကွက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံး ဒီနေ့ ဇွန် ၅ ရက်မနက်မှာဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ (၂၀)ဦးထက်မနည်းရှိတယ်လို့သတင်းရရှိပါတယ်။
မနက် ၁၀နာရီကျော်အချိန်မှာဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လဝကဝန်ထမ်းတွေနဲ့ မှတ်ပုံတင်လာလုပ်တဲ့ ဒေသခံ (၁၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးကပြောပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်အုပ်စုတပ်တွေက ပါရမီရပ်ကွက်နဲ့ စစ်ကိုင်းမြို့အဝင်အထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး စစ်ယာဉ်တန်းတွေနဲ့လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုက စစ်ကိုင်း၊ရွှေဘို ၊မုံရွာ ၊ကလေး ၊တမူး ၊ဝက်လက်စတဲ့မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးတွေက ရက်၁၀၀စီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးနေပြီး၊ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့သိရပါတယ်။




Comments