ရေးဘီလူးတပ်စခန်းလေကြောင်းဗုံးကြဲခံရပြီး ရဲဘော် ၁၀ ယောက်ကျော် ကျဆုံး
- BVJ

- May 27
- 1 min read
မိုနာ/BVJ_မေ ၂၇၊ ၂၀၂၆

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းက ရေးဘီလူးတပ်စခန်းကို ဒီနေ့ မေ ၂၇ရက် မနက်အစောပိုင်းမှာ စစ်အုပ်စုဘက်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်၁၀ယောက်ကျော်သေဆုံးခဲ့တယ်လို့ နီးစပ်သူဆီကသိရပါတယ်။
"မနက်တစ်နာရီလောက်ကလာကြဲတာ။ ဗုံးအလုံးရေဆယ်ချီမယ်။ ကျတဲ့ရဲဘော်တွေ ၁၀ယောက်ကျော်ရှိတယ်။ အတိအကျတော့မသိရသေးပါဘူး။ ထိတဲ့ရဲဘော်တွေလည်း များတယ်။ ရေးဘီလူးတော့မပါ,ပါဘူး"လို့တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက Burma VJကိုပြောပါတယ်။
လက်ရှိ ရဲဘော်တွေထဲမှာထိခိုက်ဒဏ်ရာရထားသူတွေနဲ့ ဒဏ်ရာပြင်းထန်သူတွေလည်းရှိထားသေးတယ်လို့လည်း သိရပါတယ်။
လေကြောင်းဗုံးကြဲမှုနဲ့ပတ်သက်ပြီး ရေးဘီလူးကလည်းသူ့ရဲ့လူမှုကွန်ရက်မှာ ကျဆုံးရဲဘော်တွေဓါတ်ပုံနဲ့အတူ အခုနေ့လယ်မှာအသိပေးထားပါတယ်။
စစ်အုပ်စုဘက်ကတော့ ရေးဘီလူးအဖွဲ့တည်နေရာကိုသတင်းရတာကြောင့် လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး ကျဆုံးသူတွေထဲမှာ အဖွဲ့ခေါင်းဆောင်ရေးဘီလူးပါ ပါဝင်တယ်ဆိုပြီး သတင်းလွှင့်နေကြပါတယ်။




Comments