top of page


မြိုင် စက်မှု(၂)ကိုထိုးလာတဲ့စစ်ကြောင်းက လူသားဒိုင်းအဖြစ် မိသားစုငါးဦးကို ဖမ်းဆီးသွား
မိုနာ/BVJ_နိုဝင်ဘာ ၁၁၊၂၀၂၅ ဓါတ်ပုံ-အညာမြေတပ်ပေါင်းစုရဲဘော်များ။ မကွေးတိုင်း၊ မြိုင်နယ် စက်မှု(၂)ဘက်ကို ဒီနေ့မနက်မှာစစ်အုပ်စုကစစ်ကြောင်းထိုးပြီး ဒေသခံ(၅) ဦးကိုဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစုက သိရပါတယ်။ မြိုင်နယ်အနောက်တောင်ပိုင်းကိုရောက်နေတဲ့ ပျူစောထီးတွေပါပေါင်းစည်းထားတဲ့ ပခုက္ကူတပ်မ(၁၀၁)က အင်အား ၁၈၀ခန့်ပါစစ်ကြောင်းဟာ မြိုင်နယ်စက်မှု(၂)ကိုလာရာလမ်းမှာ မြိုင်နယ်အနောက်တောင်ပိုင်းက ပြည်သူငါးဦးနဲ့တောတိုက်ထဲက တဲနှစ်တဲကိုမီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။ “အောက်တိုဘာထဲက...

BVJ
Nov 111 min read


ပြည်ပနိုင်ငံတွေရဲ့စွက်ဖက်မှုနဲ့ရွေးကောက်ပွဲပျက်အောင်လုပ်လို့မရဘဲ မုချအောင်မြင်ရမယ်လို့ စစ်အုပ်စုပြောခွင့်ရဆို
မိုနာ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅ အဆိုတော်တွေနဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုပြုလုပ်နေပုံကို စစ်အုပ်စုဖော်ပြထားပုံ။ စစ်အုပ်စုက အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်နေသလို ရွေးကောက်ပွဲကို ပြည်ပနိုင်ငံတွေရဲ့စွက်ဖက်မှု၊သြဇာတို့နဲ့လည်း ပျက်ပြားအောင်လုပ်လို့မရဘူးလို့ စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က နိုဝင်ဘာ ၁၀ရက်ညပိုင်းမှာ ပြောလာပါတယ်။ “တိုင်းတပါးနိုင်ငံများရဲ့သြဇာအာဏာနဲ့ မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမှ...

BVJ
Nov 111 min read


ရန်ကုန်၊ပဲခူးနဲ့မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်
ယူဂရင်း/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့အခမ်းအနားကို ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ ဒီနေ့မနက်ကကျင်းပခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက သိရပါတယ်။ အခုလက်နက်တပ်ဆင်ပေးတဲ့ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)စစ်ကြောင်းတွေဟာ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းတွေအဖြစ် ကွပ်ကဲမှူခံယူပြီး စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်န

BVJ
Nov 111 min read


ပုလဲမှာအဖမ်းခံထားရတဲ့ PLAတပ်ဖွဲ့ဝင် ၆ဦး မလွတ်မြောက်လာသေး
◾️ MODဝင်ရှင်းပေးဖို့ တောင်းဆိုထား အေတီ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅ ပြီးခဲ့တဲ့လ အောက်တိုဘာ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲမှာဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAတပ်ဖွဲ့ဝင်ခြောက်ဦးဟာ လက်ရှိ(နိုဝင်ဘာ ၁၀ရက်)အချိန်အထိပြန်မလွတ်လာသေးဘူးလို့ PLAပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။ အဖမ်းခံထားရတဲ့ရဲဘော်တွေကိစ္စနဲ့ပတ်သက်ပြီး ပုလဲနယ်က ပအဖ၊ပကဖ တာဝန်ခံတွေနဲ့ PLAတပ်ဖွဲ့တာဝန်ရှိတဲ့သူတွေကြား နိုဝင်ဘာ ၇ ရက်နေ့က နောက်ဆုံးဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။ “

BVJ
Nov 111 min read


ရခိုင်ရေပိုင်နက်ထဲငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇ ဦးကို AA ဖမ်းဆီးထား
BVJ/ဂျိုး_နိုဝင်ဘာ ၆၊၂၀၂၅ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးက ရခိုင်ရေပိုက်နက်အတွင်းမှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၆ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲဝင်တွေက မနေ့ နိုဝင်ဘာ၅ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ မနေ့ညနေ သုံးနာရီကျော်လောက်မှာ မောင်တောမြိုနယ်၊ အလယ်သံကျော်ချောင်းဝကမ်းစပ်အနီးမှာ ကျောက်ချရပ်တန့်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၆ ဦးပါဘုတ်တစီးကို အာရက္ခတပ်တော်-AA လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ APNသတင်းဌာနမှာဖော်ပြထ

BVJ
Nov 101 min read


ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာသုံးခုကို စစ်အုပ်စုဗုံးကြဲ၊ ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
BVJ/ဂျိုး_ နိုဝင်ဘာ ၇၊ ၂၀၂၅ ဓာတ်ပုံ- Ponnagyun Youths Association - PYA ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ဒီကနေ့ မနက်ပိုင်း၁၁နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးအရပ်သား ၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံကပြောပါတယ်။ “ယိုးတရုပ်ရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးဆက်တိုက်ကြဲချခဲ့တာ သေဆုံးတာကတော့လက်ရှိသိရသလောက် မိန်းကလေး ၄ဦးနဲ့ ယောကျာ်း ၁ဦး ငါးဦးအထိအတည်ပ

BVJ
Nov 101 min read


စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်
BVJ/ဂျိုး_ နိုဝင်ဘာ ၇၊ ၂၀၂၅ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ်တွေမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အောက်တိုဘာလတစ်လအတွင်းမှာ အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ပြီး၊ အမျိုးသမီး ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ စစ်အုပ်စုလက်ချက်နဲ့ တစ်လအတွင်းသေဆုံးခဲ့ရတဲ့အမျိုးသမီးတွေက ရှမ်းပြည်နယ်မှာ (၂၃)ဦး၊ မန္တလေးတိုင်းမှာ (၁၃)ဦး၊ စစ်ကိုင်းတိုင်းမှာ (၁၀)ဦး၊ ချင်းပြည်နယ်မှာ (၃)ဦး၊ မကွ

BVJ
Nov 101 min read


မင်းပြား၊မြို့သစ်ရပ်ကွက်ဗုံးကြဲခံရပြီး ၃ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရ
BVJ/ဂျိုး_နိုဝင်ဘာ ၇၊ ၂၀၂၅ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို ဒီကနေ့ညနေ ရှစ်နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းကဗုံးကြဲခဲ့တာကြောင့် အရပ်သား၃ ဦးသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “ညနေ ၈နာရီကျော်လောက်မှာဂျက်နဲ့လာပစ်တာ ၃ဦးသေသွားတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့သူကည်း တဆယ်ကျော်လောက်ရှိတယ်ကြားပါတယ်” အလားတူပဲ ဒီကနေ့မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ် အောင်ဖြူပြင်နဲ့ ကွမ်းတောင်ကျေးရွာတွေကို စစ်အုပ်စ

BVJ
Nov 101 min read


PDFစိုးမိုးတဲ့ မတ္တရာ၊စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီထိုးစစ်ဆင်နေ
ဒေသခံသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ ---- မိုနာ/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅ အာဏာသိမ်းစစ်အုပ်စုဟာ မန္တလေးPDFစိုးမိုးနယ်မြေဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် ခုခံကာကွယ်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFက ဒီနေ့ နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ၂၈ရက်ကနေစတင်လုပ်မယ့် ရွေးကောက်ပွဲတွေအတွက် သာလွန်အင်အားအသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်

BVJ
Nov 101 min read


ဝက်လက်မှာ လူ ၄၀ ကျော်ဖမ်းခံထားရပြီး ရွာ ၂၀နီးပါးကဒေသခံတွေ ထွက်ပြေးနေရ
မိုနာ/BVJ_ နိုဝင်ဘာ ၅၊ ၂၀၂၅ ဝက်လက်နယ်အရှေ့ခြမ်းက စစ်ရှောင်ပြည်သူများ/ဓါတ်ပုံ-CJ (ပုံဟောင်းဖြစ်ပါသည်) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်အုပ်စုဟာစစ်ကြောင်းထိုးပြီး အခုလ ၃ရက်နေ့ မနက် ၆နာရီခန့်မှာ မောက္ကဒီးကျေးရွာက ဒေသခံ အယောက်၄၀ကျော်ကို ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထားသူတွေနဲ့အတူ စစ်အုပ်စုဟာ မောက္ကဒီးရွာထဲမှာပဲရှိနေပြီးမထွက်သွားသေးတာကြောင့် ဖမ်းဆီးခံရွာသားတွေရဲ့ အခြေအနေကိုမသိရသေးဘူးလို့ ဝက်လက်ဒေသခံတွေနဲ့Wetlet Information Network အဖွဲ့က Burma VJကို ပြောပါတယ်။ ဝက်လက်ဒေသတွင်းအခြေအန

BVJ
Nov 51 min read


မြင်းခြံ ခမရ(၁၅)အနီးက စစ်အုပ်စုပူးပေါင်းဂိတ်ကို တော်လှန်ရေးတပ်တွေဝင်တိုက်
BVJ/ဂျိုး_နိုဝင်ဘာ ၅၊ ၂၀၂၅ စစ်အုပ်စုပူးပေါင်းဂိတ်ကိုဝင်တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ) မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စစ်အုပ်စုရဲ့ ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာအတွင်းက စစ်အုပ်စုပူးပေါင်းဂိတ်ကို မနေ့က နိုဝင်ဘာ ၄ရက်နေ့လယ်ပိုင်းမှာ PDFပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတပ်သားအတော်များများသေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

BVJ
Nov 51 min read


လုံခြုံရေးအတွက် သက်တော်စောင့်နဲ့နေတဲ့အုပ်ချုပ်ရေးမှူး ပစ်ရှင်းခံရ
BVJ/ဂျိုး_နိုဝင်ဘာ ၅၊ ၂၀၂၅ ဓာတ်ပုံ- မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်နိုင်ထက်စီးနင်းလုပ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့သက်တော်စောင့်ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ရက်နေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ အုပ်ချုပ်ရေးမှူးဦးစိုးဝေဟာ ပြည်သူတွေအပေါ် လက်နက်အတုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်တာ၊ စစ်မှုထမ်းအတင်းအကြပ်စုဆောင်းတာတွေလုပ်ဆောင်နေတာကြောင့် အဲဒီလိုမပြုလုပ

BVJ
Nov 51 min read


ကြံ့ဖွံ့အမတ်လောင်းရဲ့ဆိုင်းဘုတ်ဖျက်ဆီးမှုနဲ့ အသက်မပြည့်သေးအပါအဝင် ၇ ဦးကို စစ်အုပ်စုဖမ်းဆီး
ယူဂရင်း/BVJ_နိုဝင်ဘာ ၅၊ ၂၀၂၅ မသန်စွမ်းသူတွေနဲ့ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်မှာ ၂၀၂၅၊ နိုဝင်ဘာ ၃ရက်မှာတွေ့ဆုံပြီး ကြံ့ခိုင်ရေးပါတီဥက္ကဌ မဲဆွယ်နေပုံ။ ကရင်ပြည်နယ်၊ဘားအံမြို့ အမှတ်(၂)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ-USDPကိုယ်စားလှယ်လောင်းဦးစောမြင့်ဦးရဲ့ ဓါတ်ပုံနဲ့စာသားပါဗီနိုင်းဆိုင်းဘုတ်ကိုဆုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅နှစ်အရွယ် မောင်ဖြိုးမင်းသန့်နဲ့ ၃၁နှစ်အရွယ် ကိုထွန်းထွန်းဝင်းတို့ကို စစ်အုပ်စုက အခုလ ၂ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးပြီးနော

BVJ
Nov 51 min read


မြန်မာစစ်အုပ်စုကသူကောင်းပြုခဲ့တဲ့ ပယ်မိသားစုရဲ့နေဝင်ချိန်
အီးကေ အရှေ့တောင်အာရှထဲမှာ ကျားဖြန့်နှိမ်နင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ တရုတ်အစိုးရက ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့သူ့သား ပယ်ရင်ချန်အပါအဝင် ၅ ဦးကို အခု နိုဝင်ဘာ ၄ရက်နေ့မှာသေဒဏ်ချမှတ်လိုက်ပါတယ်။ ပယ်မိသားစုဝင် ၂၁ ဦးနဲ့အပေါင်းအပါတွေကို လိမ်လည်မှု၊ လူသတ်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုအပါအဝင် အခြားရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ် ရှန်ကျန်းပြည်သူ့တရားရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အုပ်စုကသူကောင်းပြုခံရမှုကြောင့် ကိုးကန့်ဒေသ

BVJ
Nov 51 min read


ပခုက္ကူလေယာဉ်ကွင်းနားငွေကောက်နေတဲ့ စစ်အုပ်စုကို PDFပစ်ခတ်
BVJ/ဂျိုး_နိုဝင်ဘာ ၄၊ ၂၀၂၅ ပုံစာ- Southern YSO PDFအဖွဲ့ကပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ရဲတပ်သား မကွေးတိုင်း၊ ပခုက္ကူနယ် လေယာဉ်ကွင်းအနီးမှာ ကုန်တင်ကားတွေကိုငွေညှစ်တောင်းခံနေတဲ့ စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ကို Southern YSO PDFအဖွဲ့ကပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ကဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီထဲကရဲတပ်ဖွဲ့ဝင်တစ်ဦးကိုအသေပစ်ခတ်ခဲ့ပြီး သေဆုံးသူရဲတပ်သားရဲ့မိန်းမဖြစ်သူနဲ့အတူ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းမိခဲ့တယ်လို့ Southern Y

BVJ
Nov 51 min read


မိုးကုတ်၊မိုးမိတ် လက်ရှိအခြေအနေ
မိုနာ/BVJ_ နိုဝင်ဘာ ၄၊ ၂၀၂၅ တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်အုပ်စုနဲ့အပစ်ရပ်ပြီး တပ်တွေဆုတ်ပေးရတော့မယ့် မိုးကုတ်နဲ့မိုးမိတ်မြို့တွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ PDFတပ်တွေက ဆက်ရှိပြီး စစ်အုပ်စုကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။ လက်ရှိအချိန်ထိ မိုးကုတ်၊ မိုးမိတ်အနီးတဝိုက်မှာ PLA၊ ABSDFနဲ့မဟာမိတ်တပ်တွေရှိနေကြောင်း PLAတပ်ဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က Burma VJကိုအတည်ပြုပါတယ်။ "မိုးမိတ်နဲ့ တွင်းငယ်နဲ့လမ်းတလျောက်မှာလည်း ကျမတို့ကတွင်းငယ်ဘက်မှာတိုက်ပွဲဝင်နေတယ်။...

BVJ
Nov 41 min read


နေအိမ်ကိုလက်နက်ကြီးကျပြီး ကျောင်းသူညီအမနှစ်ဦး သေဆုံး
မိုနာ/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၅ ၂၀၂၅၊အောက်တိုဘာ ၆ရက်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများအတွက် စျာပနပြုလုပ်နေပုံ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ငါးလုံးတင်ကျေးရွာကို မနေ့ကမနက်ပိုင်းမှာလက်နက်ကြီးကျပြီး ညီအမနှစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ မနေ့က နိုဝင်ဘာ ၂ရက်နေ့မနက်ကိုးနာရီကျော်မှာ စစ်အုပ်စုဘက်ကပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးဟာ ညီအမသုံးဦးရှိနေတဲ့အိမ်ကို ထိမှန်သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံက Burma VJကိုပြောပါတယ်။ "မြို့ပေါ်အုပ်ချုပ်ရေးမှူးရုံးမှာ...

BVJ
Nov 31 min read


ဒီးမော့ဆိုအနောက်ခြမ်း ဗုံးကြဲခံရပြီး ရဲဘော်တွေအပါအဝင်သေဆုံးမှုရှိ
မိုနာ/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၅ KSP အဖွဲ့ဝင်များ၊ပလဖ အဖွဲ့ဝင်များပူးပေါင်းပြီး ဒေသတွင်းစစ်ဆေးမှုပြုလုပ်နေပုံကို ၂၀၂၄၊သြဂုတ်လတွင် KSPထုတ်ပြန်ထားပုံ။ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်အုပ်စုက လေကြောင်းကနေ ဒီနေ့ နိုဝင်ဘာ ၃ရက်မနက်မှာဗုံးကြဲခဲ့တာကြောင့် ရဲဘော်တွေအပါအဝင်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ "မနက် ၇နာရီလောက်က ဒရုန်းနဲ့အရင်လာကြဲတယ်။ ပြီးတော့ ဂျက်ဖိုက်တာနဲ့လာကြဲတယ်။ လောလောဆယ်တော့ သေဆုံးသူက၅ဦး။ အဲ့ထဲမှာ ကရင်နီရဲတပ်ဖွဲ့က ရဲဘော်တွေလည်းပါတယ်"လို့ ဒေသခံက Buram VJကို

BVJ
Nov 31 min read


ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ကိုဝေဖန်တဲ့ ဆိုရှယ်မီဒီယာပေါ်ကပို့စ်အောက်မှာ အသဲပေးမိတဲ့ ရုပ်ရှင်ဒါရိုက်တာနှစ်ဦး ဖမ်းဆီးခံရ
အေတီ/BVJ- နိုဝင်ဘာ ၁၊ ၂၀၂၅ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို လူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ ပိုစ့်တွေမှာ love react (အသဲ)ပေးမိတဲ့ ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ရုပ်ရှင်ဒါရိုက် အောင်ချမ်းလူတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူတို့နှစ်ဦးကို အောက်တိုဘာ၂၉ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုက နေအိမ်တွေမှာသွားရောက်ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ၃၁ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါ

BVJ
Nov 31 min read


အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောတကို ဘတ်ဖဲလိုးမြို့ခံတွေက ကြိုဆို
အီးကေ/BVJ_ နိုဝင်ဘာ ၁၊ ၂၀၂၅ အောက်တိုဘာ ၃၀ရက်နေ့မှာ ရန်ကုန်၊ အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့ မြို့ခံတွေက လေဆိပ်မှာကြိုဆိုကြပါတယ်။ ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့မှာ ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်ဦးပညာဇောတကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ၃ခုနဲ့ ထောင်၁၅နှစ်ချခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၀ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆရာတော်ကို အာဏာသိမ်းစစ်အုပ်စုက နေ့ချင်းပြည်နှင်ဒဏ်ပေးခဲ့

BVJ
Nov 31 min read
bottom of page



