top of page

ဧရာဝတီတိုင်းအတွင်းက စစ်အုပ်စုတပ်စခန်း ၃ ခုကိုAAသိမ်းပိုက်

  • Writer: BVJ
    BVJ
  • Jun 29
  • 1 min read

BVJ_ဇွန် ၂၈၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ဇွန်လအတွင်းမှာ ဧရာဝတီတိုင်းအတွင်းက စစ်အုပ်စုစခန်း(၃)ခုကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ(၁၇)ရက်နေ့မှာ ရေကြည်မြို့နယ်အတွင်းက ပွိုင့် (၂၈၈)ကုန်းစခန်း၊ ဇွန်လ (၁၉)ရက်နေ့မှာ ပွိုင့် (၁၈၈) ကုန်းစခန်း၊ ဇွန်လ (၂၁) ရက်နေ့မှာ ပွိုင့်(၁၄၈)ကုန်း စခန်းတို့ကိုသိမ်းယူနိုင်ခဲ့ကြောင်း AAရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တွေ၊ကျောက်ဖြူမြို့ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့အစပ်နေရာတွေမှာလည်း အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်အုပ်စုတပ်အကြား တိုက်ပွဲတွေပြင်းထန်နေကြောင်း အခုထုတ်ပြန်ချက်အရသိရပါတယ်။


၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာရက္ခတပ်တော်(AA)ဟာရခိုင်ပြည်နယ်တွင်းက မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ဓာတ်ပုံ - AA Info Desk

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page