top of page

စစ်အုပ်စုလက်နက်ကြီးထိပြီး အမွှာကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ၁၁ နှစ်မိန်းကလေး သေဆုံး

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ_ဇွန် ၂၅၊ ၂၀၂၆

လက်နက်ကြီးထိမှန်သေဆုံးသွားသူ အမွှာကိုယ်ဝန်ဆောင် ဒေါ်ဇင်မာစိုး
လက်နက်ကြီးထိမှန်သေဆုံးသွားသူ အမွှာကိုယ်ဝန်ဆောင် ဒေါ်ဇင်မာစိုး

မွန်ပြည်နယ်၊ သထုံမြို့နယ်ကိုစစ်အုပ်စုက ဇွန် ၂၂ရက်၊ ညနေငါးနာရီအချိန်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့၁၁နှစ်မိန်းကလေးငယ်တို့သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့ ဇွန် ၂၅ရက်မှာထုတ်ပြန်ပါတယ်။


စစ်အုပ်စုရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃)ကနေ အရပ်သားပြည်သူနေထိုင်တဲ့ကျေးရွာကိုပစ်မှတ်ထားကာ လက်နက်ကြီး (၂)လုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်းကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။


လက်နက်ကြီးပေါက်ကွဲမှုကြောင်သေဆုံးသွားသူတွေဟာ အမွှာကလေးနှစ်ဦးကိုကိုယ်ဝန်ဆောင်ထားတဲ့ ကိုယ်ဝန် (၇)လနဲ့ဒေါ်ဇင်မာစိုးနဲ့ မိစနေ (အသက် ၁၁ နှစ်)တို့ဖြစ်ပြီး အသက် ၅နှစ်ကလေးနဲ့ ၃၂အရွယ်အမျိုးသားတစ်ဦးတို့လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးကျဟာ ဒေါ်ဇင်မာစိုးတို့နေအိမ်ကိုကျ‌ရောက်ပြီး အိမ်လည်းမီးလောင်ပျက်ဆီးသွားသလို ဒေါ်ဇင်မာစိုးလည်းလက်နက်ကြီးထိမှန်သေဆုံးသွားတာလို့ သိရပါတယ်။


စစ်အုပ်စုဟာတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အချိန်တွေမှာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ KNUက ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page