top of page

တပ်ရင်းမှူး ပုလဲမောင်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး လုပ်ကြံတဲ့သူအပြင် ခရိုင်ကွပ်မှူးစွမ်းသူမောင်ကိုပါဖမ်းထားပြီလို့သိရ

  • Writer: BVJ
    BVJ
  • Jun 29
  • 1 min read

BVJ/ ဇွန်၂၈၊ ၂၀၂၆

ယင်းမာခရိုင်ကွပ်ကဲရေးရုံးအစည်းအဝေးမှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လုပ်ကြံခံခဲ့ရတဲ့ ယင်းမာပင်ခရိုင် အမှတ်၆တပ်ရင်းမှူး ပုလဲမောင်။
ယင်းမာခရိုင်ကွပ်ကဲရေးရုံးအစည်းအဝေးမှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လုပ်ကြံခံခဲ့ရတဲ့ ယင်းမာပင်ခရိုင် အမှတ်၆တပ်ရင်းမှူး ပုလဲမောင်။

ယင်းမာပင်ခရိုင် PDFတပ်ရင်း ၆ - ရင်းမှူးပုလဲမောင်ပစ်သတ်ခံရမှုမှာ လုပ်ကြံသူငဖြိုးအပြင် သူ့ရဲ့ဆရာ ခရိုင်ကွပ်မှူးစွမ်းသူမောင်ကိုပါဖမ်းဆီးထားပြီလို့ သိရပါတယ်။


"ဗိုလ်စွမ်းနဲ့ခရိုင်ပြည်သူ့လုံခြုံရေးတာဝန်ယူထားတဲ့ ကိုသစ်ငြိမ်းတို့နှစ်ယောက်ကို NUGကဖမ်းထားပြီဆိုတာ ကျွန်တော်အတည်ပြုပေးနိုင်ပါတယ်။ကျန်တဲ့သူတွေ ဘယ်သူပါလဲဆိုတာတော့အတည်မပြုနိုင်သေးဘူး။ သိရသလောက်ကတော့ ယင်းမာပင်ခရိုင်ကွပ်ရုံးက တာဝန်ရှိတဲ့သူတော်တော်များများကိုတော့အရေးယူပါလိမ့်မယ်"လို့ ယင်းမာပင်ခရိုင်ကွပ်ရုံးနဲ့ နီးစပ်တဲ့သူတစ်ဦးက BVJ ကိုအတည်ပြုပါတယ်။

တပ်ရင်းမှူး ပုလဲမောင် (ခ)ပီတာလုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်ကကြိုးကိုင်စေခိုင်းသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့၊ သက်ဆိုင်တဲ့သူတွေအားလုံးအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးဖို့ဆိုပြီး ယင်းမာပင်ခရိုင်အမှတ်-၆တပ်ရင်းက ဒီနေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။


အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနလက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ်-၆ တပ်ရင်း တပ်ရင်းမှူးပုလဲမောင်ဟာ ဇွန်လ၂၆ရက်နေ့က ခရိုင်ကွပ်ကဲရေးရုံးမှာ အစည်းအဝေးစဖို့စောင့်ဆိုင်းနေချိန် အစည်းအဝေးခန်းမထဲမှာသေနတ်နဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။


ယင်းမာပင်ခရိုင် အမှတ်-၆ တပ်ရင်း တပ်ရင်းမှူးပုလဲမောင်ကို ယင်းမာပင်ခရိုင်ကွပ်ကဲရေး အစည်းအဝေးခန်းမအတွင်းမှာ ခရိုင်ကွပ်မှုးစွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိငဖြိုးက သေနတ်နဲ့အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကို ၂၀၂၄ခုနှစ်၊ဇွန်လမှာအတူတွေ့ရစဥ်။
ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကို ၂၀၂၄ခုနှစ်၊ဇွန်လမှာအတူတွေ့ရစဥ်။

အဲ့လိုလုပ်ကြံသတ်ဖြတ်မှုဖြစ်အပြီး နာရီပိုင်းအတွင်းမှာပဲ ပုလဲမောင်ကိုလုပ်ကြံသတ်ဖြတ်သူ ရဲဘော်ငဖြိုးကိုမေးမြန်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်လာပါတယ်။ အဲ့ဒီဗီဒီယိုကို ခရိုင်ကွပ်မှူး စွမ်းသူမောင်ကိုယ်တိုင်မေးမြန်းရိုက်ကူးထားတယ်လို့ယူဆရပြီး အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ ခရိုင်ကွပ်မှူးစွမ်းသူမောင်ကိုလုပ်ကြံပေးရင် သိန်းငါးထောင်ပေးမယ်လို့ ပုလဲမောင်ကသူ့ကိုကမ်းလှမ်းခဲ့ကြောင်း ရဲဘော်ငဖြိုးကဖြေထားပါတယ်။


ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ကခရိုင်ကွပ်မှူးတာဝန်ယူခဲ့ဘူးသူ ပုလဲမောင်နဲ့လည်းလူချင်းရင်းနှီးသူ ဗိုလ်သံမဏိက “ပိုက်ဆံမရှိလို့ ၅ သိန်းခဏချေးပါလို့ ကျွန်တော့်ကိုလာပြောတဲ့ပုလဲမောင်က အခု သိန်းငါးထောင်ပေးမယ်ဆိုတာဖြစ်နိုင်မလားကွာ“လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပို့စ်တင်ရေးထားပါတယ်။

ပုလဲမောင်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အပြစ်ရှိတဲ့သူတွေကို NUGအစိုးရက ထိရောက်စွာအရေးယူဖို့ကြိုးစားနေပြီး လုပ်ကြံသတ်ဖြတ်သူငဖြိုးကို ဖမ်းဆီးထားတဲ့အပြင် အခင်းဖြစ်ပွားနေရာမှာရှိတဲ့ခရိုင်ကွပ်ရုံးကလူတွေနဲ့ ခရိုင်ကွပ်မှူး ဗိုလ်စွမ်းသူမောင်ကိုပါ ရာထူးကရပ်နားပြီးဖမ်းဆီးထားတယ်လို့သိရပါတယ်။


ဒါ့အပြင် ဒီနေ့ညနေစောင်းကလည်း စစ်အုပ်စုကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗိုလ်စွမ်းရဲ့ စခန်းတဝိုက်ကိုဗုံးကြဲသွားတယ်လို့ မြေပြင်ကလာတဲ့သတင်းအရသိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page