top of page

တပ်ရင်းမှူးပုလဲမောင်လုပ်ကြံခံရမှု ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးစတင်

  • Writer: BVJ
    BVJ
  • Jul 1
  • 1 min read

စစ်ဆေးနေချိန်အတွင်း ယင်းမာပင်ခရိုင်စစ်ဌာနကို စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကိုင်တွယ်မယ်

မိုနာ/BVJ_ဇူလိုင် ၁၊ ၂၀၂၆

ပစ်ခတ်လုပ်ကြံခံရပြီးကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်၊တပ်ရင်း(၆) တပ်ရင်းမှူး ပုလဲ‌‌မောင်
ပစ်ခတ်လုပ်ကြံခံရပြီးကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်၊တပ်ရင်း(၆) တပ်ရင်းမှူး ပုလဲ‌‌မောင်

ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေးစတင်နေပြီလို့ PDFစစ်ရုံးချုပ်က မနေ့က ဇွန် ၃၀ရက်ညပိုင်းမှာအသိပေးလာပါတယ်။


တပ်ရင်းမှူးပုလဲမောင်ရဲ့ဖြစ်စဉ် နောက်ဆက်တွဲအခြေအနေအပေါ် အသိပေးလာတာဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့ ကျူးလွန်သူရဲဘော်ငဖြိုးကို ဗဟိုစစ်အချုပ်ထောင်မှာပြောင်းရွှေ့ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ပြောထားပါတယ်။


ဒါ့အပြင် စစ်ရုံးချုပ်အနေနဲ့ ဇွန် ၂၇ရက်အမိန့်အရ စုံစမ်းစစ်ဆေးရေးခုံရုံးကိုဖွဲ့စည်းထားပြီး အမှုအပေါ် သြဇာလွှမ်းမိုးမှုကင်းစေဖို့အတွက်လည်း ယင်းမာပင်ခရိုင်ကွပ် ဗိုလ်စွမ်းသူမောင်နဲ့တာဝန်ရှိသူတွေကိုလည်း တာဝန်ကရပ်ဆိုင်း၊လက်နက်ဖြုတ်သိမ်းကာ စစ်ကိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ဆောင်ထားတယ်လို့ ဖော်ပြပါတယ်။


"စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအ‌ပေါ် ဒေသတွင်း ဩဇာလွှမ်းမိုးမှုကင်းစွာဆောင်ရွက်နိုင်‌ရေးအတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာနတာဝန်ရှိသူများအား တာဝန်မှယာယီရပ်ဆိုင်းခဲ့ပြီး စစ်ကိုင်းတိုင်း စစ်ဌာန ဌာနချုပ်သို့ တိုင်းစစ်ဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခေါ်ဆောင်ခဲ့ကာ လက်နက်ဖြုတ်သိမ်းခဲ့ပြီးဖြစ်ပါသည်"

စုံစမ်းစစ်ဆေးနေချိန်ကာလအတွင်းမှာလည်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှု‌အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ကွပ်ကဲမှုကွင်းဆက်မပြတ်‌တောက်စေရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမှာဖြစ်သလို စုံစမ်းစစ်ဆေးမှုတွေ့ရှိချက်တွေအပေါ်မူတည်ပြီး စစ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်တရားရုံး (သို့မဟုတ်) စစ်ခုံရုံးတင် စစ်ဆေးစီရင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်း ဇွန် ၂၆ရက်မှာ ယင်းမာပင်ခရိုင်အစည်းအဝေးတက်ဖို့စောင့်ဆိုင်းနေတဲ့ တပ်ရင်းမှူးပုလဲမောင်ကို ခရိုင်ကွပ်ကဲရေးမှူးရဲ့ တပည့်ရဲဘော်ငဖြိုးကသေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တာပါ။

ဒါကြောင့် တပ်ရင်းမှူးပုလဲမောင်ဖြစ်စဉ်အတွက် NUG၊MOD သမာသမတ်ကျကျကိုင်တွယ်ဖြေရှင်းပေးဖို့ကို MODအောက်ကတပ်ရင်း၊တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများစွာက ထုတ်ပြန်တောင်းဆိုထားကြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page