top of page

NLDဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် ထောင် ငါးနှစ်ထပ်ချခံရ

  • Writer: BVJ
    BVJ
  • Jul 7
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၇၊ ၂၀၂၆

ပုံစာ-မမိုးဆန်းစုကြည်(ဓါတ်ပုံ-NiNi May Myint Facebook)
ပုံစာ-မမိုးဆန်းစုကြည်(ဓါတ်ပုံ-NiNi May Myint Facebook)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို စစ်အုပ်စုရဲ့အင်းစိန်ထောင်တွင်းတရားရုံးကနေ မနေ့က ဇူလိုင် ၆ရက်မှာ နောက်ထပ် ထောင်ဒဏ်ငါးနှစ်ထပ်ချမှတ်လိုက်ပါတယ်။


မမိုးဆန်းစုကြည်ဟာ အရင်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)တို့နဲ့ ထောင် (၆)နှစ်ချမှတ်ခံထားရတာဖြစ်ပြီး လျော့ရက်တွေနဲ့လွတ်ရက်စေ့တဲ့ ၂၀၂၅၊ သြဂုတ်လ ၇ရက်မှာ ရန်ကုန်၊ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ထပ်မံတရားစွဲဆိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ထပ်တရားစွဲထားတဲ့အမှုကို မနေ့ကအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ မမိုးဆန်းစုကြည်မိသားစုနဲ့နီးစပ်သူက Burma VJကိုအတည်ပြုပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDဗဟိုလူငယ်တာဝန်ခံဖြစ်တဲ့ မမိုးဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်က ရန်ကုန်မြို့မှာအဖမ်းခံလိုက်ရတာဖြစ်ပြီး ဖခင်ဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုလည်း ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ(၅၅)တို့နဲ့ စစ်အုပ်စုက ထောင်ဒဏ် ၉ နှစ်ချမှတ်ထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page