top of page

ဧရာဝတီတိုင်းထဲက အေအေသိမ်းယူထားတဲ့နေရာတွေကို စစ်အုပ်စုပြန်တိုက်နေ

  • Writer: BVJ
    BVJ
  • Jul 7
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၇၊ ၂၀၂၆

ဓါတ်ပုံ-ဇူလိုင်၄ရက်နေ့တိုက်ပွဲမှာရရှိခဲ့တဲ့ လက်နက်တွေကို အာရက္ခတပ်တော်ထုတ်ပြန်ထားပုံ
ဓါတ်ပုံ-ဇူလိုင်၄ရက်နေ့တိုက်ပွဲမှာရရှိခဲ့တဲ့ လက်နက်တွေကို အာရက္ခတပ်တော်ထုတ်ပြန်ထားပုံ

ဧရာဝတီတိုင်းထဲက အာရက္ခတပ်တော်-AAသိမ်းပိုက်ထားတဲ့နေရာတွေကို စစ်တပ်ဘက်ကပြန်လာတိုက်ခိုက်နေတယ်လို့ AAကဒီနေ့ ဇူလိုင် ၇ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လမှာ ဧရာဝတီတိုင်း၊ရေကြည်မြိုနယ်ထဲက စစ်တပ်ရဲ့ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈)နဲ့ပွိုင့် (၁၄၈)ကုန်းတို့နဲ့ အခုဇူလိုင်လ ၂ရက်နဲ့၃ရက်နေ့တို့မှာ ပွိုင့်(၂၂၇)ကာကင်းစကန်းကုန်းနှစ်ခုကို AAကဆက်တိုက်သိမ်းပိုက်ပြီး‌နောက်ပိုင်းမှာ စစ်အုပ်စုအခုလိုပြန်လာတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ AAကသိမ်းပိုက်ထားတဲ့ကုန်းတွေနဲ့တိုက်ပွဲဖြစ်ပွားရာနေရာတို့ကို ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခြင်း၊ အဝေးကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကိုဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်တယ်လို့ AAကပြောထားပါတယ်။


ဒါ့အပြင် အေအေက ပွိုင့်၂၂၇ကုန်းနှစ်ခုကိုသိမ်းယူပြီးနောက်မှာလည်း ထွက်ပြေးသွားတဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းတိုက်ခိုက်ရာကနေ ဇူလိုင်၄ရက်နေ့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချိုနဲ့ ရန်သူ့အလောင်းအချို့ကို ထပ်မံရရှိခဲ့တယ်လို့ နောက်ဆက်တွဲထုတ်ပြန်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page