ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပေးတဲ့ တောင်ဥက္ကလာNLDအမတ်ဟောင်း ဒေါက်တာစောနိုင်ဖမ်းဆီးခံရ
- BVJ

- Jul 6
- 1 min read
အေတီ/BVJ_ ဇူလိုင် ၃၊ ၂၀၂၆

ရန်ကုန်၊တောင်ဥက္ကလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDပါတီ အမတ်ဟောင်း ဒေါက်တာစောနိုင်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းမှုနဲ့ စစ်အုပ်စုကဖမ်းဆီးထားကြောင်း BVJကသတင်းရရှိပါတယ်။
ဒေါက်တာစောနိုင်အဖမ်းခံထားရတာနဲ့ပတ်သက်ပြီး သူနဲ့နီးစပ်တဲ့တောင်ဥက္ကလာပသားတစ်ဦးက BVJကိုအခုလိုအတည်ပြုပါတယ်။
“ဇွန်၁၉ရက်နေ့အမေစုမွေးနေ့မှာပဲ သူ့ကိုအိမ်မှာလာဖမ်းသွားတာ။သူ့ဖေ့စ်ဘုခ်မှာ အမေစု၈၁နှစ်ပြည့်မွေးနေ့မှာ အမေစုအမြန်လွတ်ပါစေလို့ဆုတောင်းတာတွေနဲ့ ဘုန်းကြီးတွေဆွမ်းလောင်းတဲ့ပုံတွေတင်လို့ဖမ်းတာလို့ သိရတယ်။ အခုသူ့ကို အင်းစိန်ထောင်ပို့လိုက်ပြီလို့ကြားတယ်”
သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောနိုင်ဟာ ၂၀၁၅ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLDပါတီကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ဆက်ပြီးဝင်ရောက်ယှဥ်ပြိုင်ခဲ့တာမရှိဘူးလို့သိရပါတယ်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာလည်း လုံးဝမပါဝင်ခဲ့ဘဲ အခြားပြည်တွင်းက NLDအမတ်တချို့လိုပဲ စစ်အုပ်စုလက်အောက်မှာခံဝန်နဲ့လက်မှတ်ထိုးပြီးနေနေရတဲ့သူဖြစ်ပါတယ်။ ဒေါက်တာစောနိုင်နဲ့ပတ်သက်တဲ့သတင်းတွေကို BVJကဆက်လက်စုံစမ်းဖော်ပြပေးသွားပါမယ်။




Comments